Relationship တစ်ခုမှာဆိုရင် ကတောက်ကဆလေးတွေ၊ အလှုပ်အခတ်လေးတွေဆိုတာလည်း ရှိမှာပါပဲ။

လောကကြီးမှာ ပြီးပြည့်စုံတဲ့လူသားဆိုတာ မရှိပါဘူး။ သူ့ဟာနဲ့သူ အပြစ်လေးတွေ၊ အနာအဆာလေးတွေတော့ ရှိမှာပါပဲ။ Relationship တစ်ခုမှာဆိုရင် ကတောက်ကဆလေးတွေ၊ အလှုပ်အခတ်လေးတွေဆိုတာလည်း ရှိမှာပါပဲ။

 

ဒါပေမယ့် ကိုယ်နဲ့ ကိုယ့်ရည်းစားဟာ အမြဲလိုလို သတ်နေရတယ်ဆိုရင်၊ ဒီတစ်ယောက်ဟာ ကိုယ့်ဘဝအတွက် ရေရှည်လက်တွဲဖို့ သင့်တော်ပါ့မလား ဆိုပြီး သံသယဝင်နေရတယ်ဆိုရင်တော့ ပြန်လည်စမ်းစစ်ကြည့်သင့်ပါပြီ။

၁။ တန်ဖိုးထားပုံချင်း မတူညီဘူး

1-10-Signs-Your-Partner-is-not-The-One_531539140-Roman-Kosolapov-1024x682.jpg 

ဘဝမှာ လူတစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားတဲ့အရာချင်း၊ တန်ဖိုးထားပုံချင်း မတူညီတာက သဘာဝပါ။ ဥပမာ... ကိုယ်က ဖက်ရှင်ဒီဇိုင်းလေးတွေကို စိတ်ဝင်စားမယ်။ အလှပြင်ပစ္စည်းလေးတွေဆိုရင် တန်ဖိုးထားမယ်။ ကိုယ့်ရည်းစားက စာအုပ်ဖတ်ရတာကို နှစ်သက်တယ်။ သူ့စာအုပ်ကို အရမ်းတန်ဖိုးထားတယ်။ စသဖြင့်ပေါ့။

တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားပုံချင်း မတူညီတဲ့အခါ အလေးထားမှုတွေလည်း ကွာခြားလာတတ်ပါတယ်။ ဒီကိစ္စလေးတွေက အသေးအဖွဲလေးတွေဆိုပေမယ့် ကိုယ်တန်ဖိုးထားတဲ့အရာကို သူတန်ဖိုးမထားနိုင်တဲ့ အချိန်မှာ၊ နှိမ်ချပြောဆိုလာချိန်မှာ ပြဿနာလေးတွေ တက်လာပါလိမ့်မယ်။

၂။ နှစ်သိမ့်ပေးခြင်းမရှိဘူး

3-10-Signs-Your-Partner-is-not-The-One_521047537-SFROLOV-1024x681.jpg 

ကိုယ်စိတ်ရှုပ်နေချိန်မှာ သူတို့ ဘယ်လိုတုံ့ပြန်တတ်လဲ။ လူတစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်ပုံချင်း တူမှာမဟုတ်ပါဘူး။ အထူးသဖြင့် စိတ်ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ယောကျ်ားနဲ့ မိန်းမ ကိုင်တွယ်ပုံချင်း ကွဲပြားပါတယ်။ ယောကျ်ားလေးတွေက စိတ်ခံစားချက်တွေကို ကိုင်တွယ်ရာမှာ ဖြေရှင်းနည်းကို အရင်ဆုံး စဉ်းစားတတ်ကြပြီး မိန်းကလေးတွေကတော့ ဖြေရှင်းနည်း ဆိုတာထက် ကိုယ်ပြောတာကို နားထောင်ပေးတာနဲ့ နှစ်သိမ့်ပေးတာကို လိုချင်ကြတာပါ။

ကိုယ့်ချစ်သူက ကိုယ်နာကျင်ခံစား နေရတာကိုတောင် ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိရင်၊ နှစ်သိမ့်ပေးချင်စိတ် မရှိရင် ကိုယ့်အတွက်ကိုယ်ပဲကြည့်တဲ့ အတ္တသမားတစ်ယောက်ဖြစ်နိုင်ခြေများပါတယ်။

၃။ ဦးစားမပေးတတ်ဘူး

4-10-Signs-Your-Partner-is-not-The-One_701415928-garetsworkshop-1024x683.jpg 

ဒီနေ့ခေတ်မှှာ အဆက်အသွယ်လုပ်လို့ရတဲ့ နည်းလမ်းတွေက အများကြီးပါပဲ။ အီးမေးလ်၊ စမတ်ဖုန်း၊ Facebook၊ message အစရှိတဲ့ နည်းပညာကြားခံပစ္စည်းတွေနဲ့ အချိန်ပြည့်ဆက်သွယ်လို့ ရနေပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် လူချင်းမတွေ့ရတဲ့ အချိန်မှာ လုပ်မယ့်အရာတွေနဲ့ ကိုယ်ပိုင်ချိန်တွေကို ဘယ်လိုအသုံးချမယ်ဆိုတာကိုလည်း သေချာဆွေးနွေးထားသင့်ပါတယ်။

လူတိုင်းလူတိုင်း ကိုယ်ပိုင်ချိန်လိုအပ်တာ အမှန်ပါပဲ။ နောက်ပြီး မိသားစု၊ သူငယ်ချင်း၊ အလုပ်နဲ့ တခြား ဦးစားပေးရမယ့် အရာတွေလည်း ရှိမှာအမှန်ပါပဲ။ ဒါပေမယ့် ကိုယ်ကလွဲရင် အရာရာတိုင်းက သူ့ရဲ့ဦးစားပေးအလုပ် ဖြစ်နေပြီဆိုရင်တော့ တစ်ခုခုတော့ မှားနေပါပြီ။ ဘော်ဒါတွေနဲ့ ဂိမ်းဆော့နေလို့ ကိုယ့်ကို ပလစ်သွားတာမျိုး၊ အိမ်ကလူတွေနဲ့ အပြင်သွားရမှာမို့ ရုံးပိတ်ရက် လျှောက်လည်ချင်တာတောင် အိမ်တွင်းအောင်းနေလိုက်ရတာမျိုးပေါ့။

see also 

၄။ လုံးဝအမြင်မတူဘူး

5-10-Signs-Your-Partner-is-not-The-One_525808639-Cookie-Studio-1024x683.jpg 

ညှိနှိုင်းဆောင်ရွက်မှုက Relationship တိုင်းမှာ လိုအပ်ပါတယ်။ ဒါပေမယ့် နေ့တိုင်းလိုလို စကားများရန်ဖြစ်နေရပြီဆိုရင်တော့ ဒါဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရာမှာ တစ်ခုခုမှားယွင်းနေပါပြီ။ တစ်နည်းအားဖြင့် အမြင်မတူကြတော့လို့ ဒီလိုဖြစ်နေရတာပါ။ ကိုယ်ပြောသမျှ၊ လုပ်သမျှ အရာရာတိုင်းကို အပြစ်မြင်မယ်ဆိုရင်၊ နားလည်မှုလွဲနေမယ်ဆိုရင် ခဏခဏ စကားများနေရမှာဖြစ်ပြီး ဘယ်တော့မှှလည်း ပြေလည်မှုအစစ်ကို ရရှိမှာမဟုတ်ပါဘူး။

ရန်ဖြစ်တာရပ်တန့်သွားပြီဆိုတာကလည်း စကားများရတာကို မောလာလို့သာ ရပ်လိုက်တာ ဖြစ်နိုင်ပါတယ်။ ဒီလို relationship မျိုးကတော့ နှစ်ဖက်လုံးကို ထိခိုက်စေတဲ့ ဆက်ဆံရေးမျိုးပဲ ဖြစ်ပါတယ်။

၅။ အပြစ်ပုံချတတ်တယ်

6-10-Signs-Your-Partner-is-not-The-One_452977183-Ditty_about_summer-1024x683.jpg 

ပြဿနာတိုင်းမှာ သူ့အမြင်၊ ကိုယ့်အမြင်ဆိုတာရှိပါတယ်။ တစ်ခါတလေမှာ ကိုယ်မှန်တယ်ဆိုတိုင်း သူမှားနေတာ ဟုတ်ချင်မှဟုတ်မှာပါ။ ဒါပေမယ့် ကိုယ့်ချစ်သူကတော့ ပြဿနာဖြစ်ရင် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ ကိုယ့်အပေါ်ပဲ အပြစ်တွေ ပုံချတတ်တယ်ဆိုရင်တော့ ဒါဟာ မကျန်းမာတဲ့ ဆက်ဆံရေးတစ်ခုပါပဲ။ စကားများစရာ အကြောင်းအရာတစ်ခုရှိမယ်ဆိုရင် အပြုသဘောနဲ့ ချဉ်းကပ်ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ အပြစ်ပဲလွှဲချတတ်တဲ့လူနဲ့ တွဲနေရတယ်ဆိုရင်တော့ ပြောင်းလဲချိန်တန်ပါပြီ။

Source: Reader's Digest

 

Share

Loading Next Article...
က္က