သစ်သီးစားခြင်းဟာ ကျန်းမာရေးအတွက် တစ်နည်းနည်းနဲ့ ကောင်းမွန်တယ်ဆိုတာကိုတော့ ကျွန်တော်တို့အားလုံး သိထားကြပြီးသားပါ။

သစ်သီးစားခြင်းဟာ ကျန်းမာရေးအတွက် တစ်နည်းနည်းနဲ့ ကောင်းမွန်တယ်ဆိုတာကိုတော့ ကျွန်တော်တို့အားလုံး သိထားကြပြီးသားပါ။ ဒါပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်လိုအသီးမျိုးကို ရွေးချယ်စားသုံးကြမှာလဲ။ အာဟာရပြည့်စေဖို့လား။ အသားအရေလှစေဖို့လား။ ဒါမှမဟုတ် ဝိတ်ကျချင်လို့လား။

 

ဘယ်လိုရည်ရွက်ချက်နဲ့လဲဆိုတာကိုသိမှ ဘယ်သစ်သီးကို ရွေးချယ်စားသုံးရမလဲဆိုတာကိုလည်း သိနိုင်မှာလေ။ ဒါဆိုရင်တော့ ဘာမှမပူပါနဲ့။ ကယ်လိုရီ တွက်ချက်စားသုံးနေရတဲ့သူတွေအတွက် ကယ်လိုရီပါဝင်မှုအနည်းဆုံး သစ်သီးလေးတွေကို မိတ်ဆက်ပေးလိုက်ပါတယ်နော်။

၁။ သင်္ဘောသီး

papaya-966322.jpg 

သင်္ဘောသီးမှာ ကိုယ်ခံအားစနစ်ကို ပိုမိုအားကောင်းစေတဲ့ ဗိုက်တာမင် စီနဲ့အေတို့ပါဝင်ပါတယ်။ ဒါ့အပြင် သင်္ဘောသီးဟာ ကင်ဆာဆဲလ်တွေကို တားဆီးပေးတဲ့ anti-oxidant လည်း ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ သင်္ဘောသီးရဲ့ အနှစ်တွေဟာလည်း အရေပြားအတွက်အလွန်ကောင်းမွန်တဲ့ အာဟာရဓာတ်တွေဖြစ်ပါတယ်။

သင်္ဘောသီး (၁၀၀) ဂရမ်လောက်မှာမှ ကယ်လိုရီတန်ဖိုး (၄၀) လောက်ပဲ ပါပါတယ်။ မနက်စာ စားရင် သင်္ဘောသီးလေးကို အချိုစာအဖြစ် ထည့်သွင်းစားသုံးကြည့့်ပါ။ ထူးထူးခြားခြား ကိုယ်ရည်စစ်လာတာကို တွေ့ရှိရပါလိမ့်မယ်။

၂။ စတော်ဘယ်ရီသီး

strawberry.jpg

"စတော်ဘယ်ရီ ချယ်ရီရောရင်... တော်တန်ရုံလူပင်... ဘုံကမ္ဘာခုနှစ်ဆင့်အမြင့်ကို... မြင်ယောင်သလိုလိုထင်..." ဆိုတဲ့ ဇော်ဝင်းထွဋ်ရဲ့ စတော်ဘယ်ရီချစ်သဲရှင် သီချင်းလေးအတိုင်းပဲပေါ့။ စတော်ဘယ်ရီသီးဟာ ချိုမြတဲ့အရသာနဲ့ အရည်ရွှမ်းတဲ့ သဘာဝ ဂုဏ်သတ္တိကြောင့် သစ်သီးဝလံတွေရဲ့ဘုရင်မတစ်ပါးသဖွယ် ဖြစ်ခဲ့ပါတယ်။

စတော်ဘယ်ရီသီးမှာပါဝင်တဲ့ ဗိုက်တာမင် စီနဲ့ ဗိုက်တာမင် ဘီစစ် (B6) ဟာ ခန္ဓာကိုယ်ထဲက အဆီပိုတွေကို အတိုင်းအတာတစ်ခုထိ ချေဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ကယ်လိုရီအားဖြင့် ကြည့်မယ်ဆိုရင် စတော်ဘယ်ရီသီး (၁၀၀) ဂရမ်မှာမှ ကယ်လိုရီတန်ဖိုး (၃၀) လောက်ပဲ ပါဝင်ပါတယ်။

၃။ မက်မွန်သီး

303850-peaches.jpg

ဗိုက်တာမင် အေ၊ အီး၊ စီ နဲ့ ကေတို့ကတော့ မက်မွန်သီးမှာ ကြွယ်ဝစွာပါဝင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ ကိုလက်စထရောကိုထိန်းချုပ်နိုုင်ပြီး အဝလွန်ရောဂါဖြစ်မလာအောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။

မက်မွန်သီးကထုတ်တဲ့အရည်ကို ဆံပင်အလှကုန်ပစ္စည်းတွေမှာလည်း သုံးလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မက်မွန်သီးမှာပါဝင်တဲ့ ဗိုက်တာမင် ကေ (သို့) ကီရာတင်းက ဆံပင်ကျန်းမာရေးအတွက် ကောင်းမွန်လို့ပါပဲ။ မက်မွန်သီး (၁၀၀) ဂရမ်မှာတော့ (၃၅) ကယ်လိုရီလောက်ပဲ ပါဝင်ပါတယ်။

see also 

၄။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို ဟင်းသီးဟင်းရွက်ထဲမှာထည့်ပြီး ဟင်းချက်စရာအဖြစ်သုံးနေကြပေမယ့် ခရမ်းချဉ်သီးကလည်း သစ်သီးဝလံ တစ်မျိုးပါပဲ။ နောက်ပြီး ခရမ်းချဉ်သီးဟာ ကိုယ်အလေးချိန်ကျဆင်းရေးမှာ ကြီးမားစွာ အထောက်အကူပြုနိုင်တဲ့ သစ်သီးဝလံ တစ်မျိုးလည်းဖြစ်ပါတယ်။

ခရမ်းချဉ်သီးဟာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲက လက်ပ်တင်လို့ခေါ်တဲ့ဓာတ်တစ်မျိုးကို တိုက်ဖျက်ပေးတဲ့ anti-oxidant အဖြစ် လုပ်ဆောင်ပေးပြီး ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။ ခရမ်းချဉ်သီးကို အစိမ်းစားနိုင်ရင် အာဟာရတန်ဖိုး ပိုရနိုင်ပါတယ်။ ခရမ်းချဉ်သီးကတော့ အလေးချိန် (၁၀၀) ဂရမ်မှှာ ကယ်လိုရီတန်ဖိုး (၂၅) ကယ်လိုရီလောက်ပဲ ပါဝင်ပါတယ်။

၅။ ဖရဲသီး

Crimson-Sweet-Watermelon.jpg 

ကယ်လိုရီအကြောင်းပြောရင် အရည်ရွှမ်းရွှမ်း သီးနှံလေးတစ်မျိုးဖြစ်တဲ့ ဖရဲသီးကို ချန်ထားခဲ့လို့ မရပါဘူး။ ဖရဲသီးထဲမှာ ကွျွန်တော်တို့ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေကို ကူညီထိန်းသိမ်းပေးနိုင်တဲ့၊ ကုန်ခမ်းသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အစွမ်းသတ္တိတွေအပြင် ကင်ဆာဖြစ်စေနိုင်တဲ့ free radical တွေကို တိုက်ထုတ်ပေးနိုင်တဲ့ anti-oxidant တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ဖရဲသီးဟာ ဗိုက်တာမင် စီ အထူးကြွယ်ဝပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ ကယ်လိုရီအားဖြင့် ကြည့်မယ်ဆိုရင် ဖရဲသီး (၁၀၀) ဂရမ်မှာ ကယ်လိုရီ (၃၀) လောက်ပဲ ပါဝင်ပါတယ်။ ဖရဲသီးဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အကောင်းဆုံးအဖော်မွန်ပါပဲ။

၆။ ပန်းသစ်တော်သီး

ပန်းသစ်တော်သီးတွေကလည်း ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ကိုဖြည့်ဆည်းပေးခြင်းဖြင့် အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကိုလက်စထရောကိုလည်း လျော့ကျစေလို့ အဝလွန်ရောဂါအတွက်တော့ ရန်သူတော်တစ်ပါးပါပဲ။ ပန်းသစ်တော်သီးကတော့ အလေးချိန် (၁၀၀) ဂရမ်မှာ (၃၄) ကယ်လိုရီလောက်ပဲ ပါဝင်ပါတယ်။ ဒါ့အပြင် ပန်းသစ်တော်သီးမှာ အရေပြားစိုပြေလှပစေတဲ့ ဗိုက်တာမင်စီလည်း ပါဝင်ပါသေးတယ်။

၇။ ပန်းသီး

85_apple_01.jpg 

ပန်းသီးဟာလည်း anti-oxidant ကြွယ်ဝမှုကြောင့် နာမည်ကျော်ကြားပါတယ်။ ပန်းသီးစားခြင်းဟာ ကိုယ်တွင်းက ကိုလက်စထရောတွေကိုလည်း လျှော့ချပေးနိုင်လို့ ဝမ်းဗိုက်ပေါ်က အဆီပိုတွေကို ချေမှုန်းတိုက်ခိုက်ရာမှာ တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပါတယ်။ ပန်းသီး (၁၀၀) ဂရမ်မှာ ကယ်လိုရီ (၄၀) နဲ့ (၅၀) ကြားလောက်ပဲ ရှိပါတယ်။ ဒါ့အပြင် ပန်းသီးဟာ ဗိုက်တာမင်စီ ကြွယ်ဝတဲ့အတွက် ကိုယ်ခံအားစနစ်အတွက်လည်း ကောင်းမွန်ပါတယ်။

Source: Stylecraze

 

Share

Loading Next Article...
က္က