ချစ်သူစုံတွဲတွေအတွက်ကိုယ့်ရဲ့မင်္ဂလာပွဲလေး အစစ၊အရာရာအဆင်ပြေဖို့စဉ်းစားရမယ့်အချက်တွေနဲ့ မင်္ဂလာပွဲကို တက်ရောက်မယ့်သူတွေအတွက် အကောင်းဆုံးမင်္ဂလာလက်ဖွဲ့အိုင်ဒီယာတို့ပါ။
 

တစ်သက်မှာ တစ်မင်္ဂလာဆိုတဲ့စကားအတိုင်း မင်္ဂလာဧည့်ခံပွဲဆိုတာ ဘဝရဲ့အရေးကြီးဆုံးအခမ်းအနားတစ်ရပ် ဆိုရင်မမှားပါဘူး။ ဒီလိုကိုယ့်ဘဝရဲ့အရေးကြီးဆုံးအခမ်းအနားကို အစစ၊အရာရာအဆင်ပြေပြီး ရိုမန်တစ်ဆန်တဲ့ ပွဲအခမ်းအနားလေးတစ်ခု ဖြစ်စေချင်တာ လူငယ်တွေရဲ့သဘာဝပါပဲ။ ဒီလိုပဲ မင်္ဂလာပွဲဆင်နွှဲမယ့်ချစ်သူစုံတွဲကို ချစ်ကြ၊ခင်ကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ၊ ဆွေမျိုးသားချင်းတွေကလည်း သူတို့ဘဝအတွက် အထောက်အကူပြု မယ့် မင်္ဂလာလက်ဖွဲ့ပေးချင်တတ်ကြပါတယ်။ ဒါကြောင့် ချစ်သူစုံတွဲတွေအတွက်ကိုယ့်ရဲ့မင်္ဂလာပွဲလေး အစကနေ အဆုံးထိ အစစ၊အရာရာအဆင်ပြေဖို့ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေနဲ့ မင်္ဂလာပွဲကိုတက်ရောက်မယ့်သူတွေအတွက် အကောင်းဆုံးမင်္ဂလာလက်ဖွဲ့အိုင်ဒီယာတို့ကိုဖော်ပြပေးချင်ပါတယ်။

မင်္ဂလာပွဲအတွက်စဉ်းစားရမယ့် အချက်တွေ

(၁) ဧည့်သည်အရေအတွက်

မင်္ဂလာပွဲတစ်ပွဲမှာ ပထမဆုံးနေရာကထားပြီးစဉ်းစားထားရမှာက ဧည့်သည်တွေပါပဲ။ ကိုယ့်မင်္ဂလာပွဲကိုတက်လာမယ့် ဧည့်သည်တွေအစစအရာရာလိုလေသေးမရှိဖို့ဆိုရင် ကိုယ့်ပွဲကိုဧည့်သည်ဘယ်လောက်ဖိတ်မယ်ဆိုတာကို တတ်နိုင်သမျှ ကြိုတင်ပြီးတိတိကျကျခန့်မှန်းထားဖို့လိုပါတယ်။

(၂) အကုန်အကျခံမယ့်ငွေကြေးပမာဏ

လူတိုင်းကတော့ ကိုယ့်မင်္ဂလာပွဲကို အကောင်းဆုံးနဲ့အခမ်းနားဆုံးဖြစ်ချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ စိတ်ထဲရှိသမျှအကုန် လုပ်လိုက်ပြီးတော့မှ ကိုယ့်မှာရှိတဲ့ငွေနဲ့မလောက်ငလို့ စိတ်ညစ်နေရမယ်ဆိုရင်လည်း မင်္ဂလာပွဲကပျော်စရာကောင်းမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကိုယ်ကုန်ကျခံနိုင်မယ့်ငွေကြေးပမာဏကို တိတိကျကျသတ်မှတ်ပြီး အဲဒီငွေကြေးနဲ့လည်း လောက်ငအောင်၊ အကောင်းဆုံးလည်းဖြစ်အောင် စီစဉ်တာကပိုပြီးပျော်ဖို့ကောင်းမှာပါ။

 (၃) အစားအသောက်

ရာသီဥတုနဲ့လိုက်လျောညီထွေဖြစ်ပြီး စားရတဲ့သူလည်းဗိုက်ဝနိုင်တဲ့ အစားအသောက်မျိုး၊ လူမျိုးဘာသာ မရွေး၊အသက်အရွယ်မရွေးစားနိုင်မယ့် အစားအသောက်မျိုးကိုစဉ်းစားဖို့ အကြံပေးချင်ပါတယ်။ နောက်တစ်ချက်က မင်္ဂလာပွဲမှာ ဧည့်ခံမယ့်အစားအသောက်အတွက် စဉ်းစားပြင်ဆင်တဲ့နေရာမှာ ဧည့်သည်တွေအတွက်အပြင် မိတ်ကပ်ပြင်မယ့်သူ၊ဓါတ်ပုံဆရာတွေ စတဲ့ကိုယ့်ကိုဝန်ဆောင်မှုပေးမယ့်သူတွေအတွက်ပါ ထည့်သွင်းစီစဉ်ထားဖို့ မမေ့ပါစေနဲ့။

 

မင်္ဂလာလက်ဖွဲ့အိုင်ဒီယာ

ဘဝသစ်ထူထောင်တော့မယ့်သူနှစ်ဦးအတွက် လိုအပ်မှာတွေကတော့အများကြီးပါပဲ။ သူတို့အနေနဲ့ လက်တလောမှာ အလိုအပ်ဆုံးဖြစ်မှာက ငွေကြေးဖြစ်နိုင်ပြီး ရေရှည်အတွက်လိုအပ်တာကတော့ အိမ်ထောင်မှုပစ္စည်းတွေနဲ့ ပရိဘောဂ တွေပါ။ ရင်းနှီးတဲ့ ဆွေမျိုးမောင်နှံတွေဆိုရင် ဇနီးမောင်နှံတို့ အိုးအိမ်သစ်မှာ အမှန်တကယ် လိုအပ်ပြီး အသုံးဝင်မယ့် မှန်တင်ခုံ၊ ဗီရို၊ ကုတင်၊ စသည်ဖြင့် သူတို့စိတ်ကြိုက်ကို ရွေးဝယ်ပေးမယ်ဆိုရင် ဇနီးမောင်နှံတွေအတွက် ကုန်ကျရမယ့်စရိတ်ထဲက သက်သာလို့ အထူးပဲကျေးဇူးတင်ကြမှာပါ။   ကျောက်စီပန်းချီကားလို အလှဆင်ပစ္စည်း၊အမှတ်တရပစ္စည်းတွေကိုတော့ ကိုယ့်ကိုအမှတ်တရရှိနေစေဖို့ အတွက်ပေးနိုင်ပါတယ်။ ဒါကြောင့်ကိုယ်လက်ဖွဲ့ရမယ့် ဇနီးမောင်နှံရဲ့အခြေအနေကိုကြည့်ပြီး အကိုက်ညီဆုံးဖြစ်မယ့် မင်္ဂလာလက်ဖွဲ့ကိုပေးတာကအကောင်းဆုံးနည်းလမ်းပါ။

မင်္ဂလာပွဲဆင်နွှဲမယ့်ဇနီးမောင်နှံတွေအနေနဲ့ လိုအပ်တဲ့ပရိဘောဂတွေဝယ်ယူဖို့ပဲဖြစ်ဖြစ်၊ မင်္ဂလာလက်ဖွဲ့ဖို့အတွက် အိမ်ထောင်ပရိဘောဂတွေပေးချင်တဲ့သူတွေအတွက်ပဲဖြစ်ဖြစ် သတင်းကောင်းတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Ocean Supercenter ရဲ့ အိမ်ထောင်ပရိဘောဂအရောင်းပွဲတော်ပါ။ ဒီအိမ်ထောင်ပရိဘောဂ အရောင်းပွဲတော်မှာ ကျပ်တစ်သိန်းဖိုးနဲ့အထက်ဝယ်ယူရုံနဲ့ ချက်ချင်းဝယ်၊ချက်ချင်းပေါက် ဗလာမပါကံစမ်းမဲအစီအစဉ်ရှိလို့ ပျော်ပျော်ပါးပါး ကံစမ်းခွင့်ရမှာပါ။ ဒါ့အပြင် ပရိဘောဂပစ္စည်းအလေးကြီးတွေဝယ်ပြီး အိမ်ကိုပြန်သယ်ဖို့လည်း စိတ်ပူစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အိမ်အရောက် အခမဲ့ပို့ဆောင်ပေးဦးမှာမလို့ပါပဲ။

Ocean Supercenter ရဲ့ အိမ်ထောင်ပရိဘောဂအရောင်းပွဲတော်ကို ရန်ကုန်မြို့မှာဆိုရင် အောက်တိုဘာလ၊  ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ North Point ဆိုင်ခွဲ (၉)မိုင်၊ ပုဇွန်တောင်ဆိုင်ခွဲ၊ ရွှေဂုံတိုင်ဆိုင်ခွဲ၊ လှိုင်သာယာဆိုင်ခွဲ နဲ့ City Mall (စိန့်ဂျွန်း) ဆိုင်ခွဲ တို့မှာပြုလုပ်သွားမှာပါ။

 အောက်တိုဘာလ၊ ၂၀ ရက်နေ့ကနေ ၂၉ ရက်နေ့အထိကို နေပြည်တော် ဥတ္တရသီရိဆိုင်ခွဲ၊ Junction Center နေပြည်တော် ဆိုင်ခွဲ နဲ့ ပုသိမ်ဆိုင်ခွဲတို့မှာလည်းကောင်း ၊ နိုဝင်ဘာလ၊ ၃ ရက်နေ့ကနေ ၁၃ ရက်နေ့အထိကို မင်္ဂလာမန္တလေးဆိုင်ခွဲ၊ တောင်ကြီးဆိုင်ခွဲ၊ ဒိုင်းမွန်းပလာဇာဆိုင်ခွဲ၊ မုံရွာဆိုင်ခွဲ၊ မော်လမြိုင်ဆိုင်ခွဲ တို့မှာလည်း ကောင်း ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

ကဲ..ဒီတော့ မကြာခင်ရွှေလက်တွဲပြီး မင်္ဂလာပွဲဆင်နွှဲကြမယ့် ဇနီးမောင်နှံလောင်းတွေရော၊  အကောင်းဆုံးမင်္ဂလာလက်ဖွဲ့ ပေးနိုင်ဖို့စဉ်းစားနေကြသူတွေပါ ကိုယ်နဲ့နီးစပ်ရာ Ocean Supercenter ဆိုင်ခွဲတွေက အိမ်ထောင်ပရိဘောဂအရောင်းပွဲ တော်ကိုသွားရောက်လေ့လာရင်း စိတ်ကူးအိပ်မက်တွေကိုအကောင်းဆုံးအကောင်အထည်ဖော်လိုက်ကြပါလို့ အကြံပြု လိုက်ပါရစေ။

Share

Loading Next Article...
က္က