လူကြားထဲမှာ ချိုင်းကြားလေးတွေ မဲနေလို့ အရှက်မကွဲရလေအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

ပျိုမေလေးတွေ ဘတ်စ်ကားတို့၊ ရထားတို့လို public area မျိုးမှာ ချိုင်းပေါ်စေတဲ့ အင်္ကျီမျိုး ဝတ်လာမိရင် လက်မြှောက်ရတဲ့အချိန်မျိုး (ဥပမာ... လက်ကိုင်ကွင်းကိုင်တာမျိုး) ကြုံရတဲ့အခါ ချိုင်းကြားလေးတွေက မဲနေရင် ဒါမှမဟုုတ် အမဲစင်းတွေ ပေါ်နေရင် ရှက်စရာကောင်းပါတယ်နော်။ ကောင်လေးချောချောလေးတွေရှေ့မှာ မတ်တတ်ရပ်စီးမိရင် ပိုတောင်ဆိုးပါသေးတယ်။ ဒီလိုအဖြစ်မျိုး မကြုံရလေအောင် ချိုင်းကြားမဲနက်ခြင်းကို ကူညီတိုက်ဖျက်ပေးနိုင်တဲ့ နည်းလမ်းလေးတွေ ရှိနေပါသေးတယ်နော်။

၁။ သခွားသီးနဲ့နနွင်းမှုန့်

cucumber.jpg 

သခွားသီးဟာ အရေပြားကို ဝင်းမွတ်တောက်ပစေသလို အရေပြားနဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းကို ကာကွယ်တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိနဲ့လည်း ပြည့်စုံပါတယ်။ ရေဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုး ဖြစ်တဲ့အတွက် အသားအရေကို ကြည်လင်စေတာလည်း အမှန်ပါပဲ။ နနွင်းမှုန့်ကတော့ ရှေးယခင်တည်းက အရေပြားဆိုင်ရာပြဿနာတွေကို ဖြေရှင်းရာမှာ အသုံးအရမ်းဝင်တဲ့ အိမ်သုံးဆေးတစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးမီးဖွားပြီးကာစ အမျိုးသမီးတွေ နနွင်းပြန်လိမ်းပေးရင် အရေပြားကို ပြန်လည်သန့်စင်ကြည်လင်စေပါတယ်။ ဒီ (၂) မျိုးကိုပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ချိုင်းကြားအရေပြား ညိုမဲနေတာတွေကို သက်သာ ပျောက်ကင်းစေမှာ အသေအချာပါပဲ။

ပြုလုပ်နည်းကတော့ အရင်ဆုံး သခွားသီးလတ်လတ်ဆတ်ဆတ်တစ်လုံးကိုယူပြီး ပါးပါးလှီးလိုက်ပါ။ ပြီးရင်ပန်းကန်လုံးတစ်လုံးထဲမှာ နနွင်းမှုန့်ကိုထည့်ပြီး သခွားသီးဖတ်လေးတွေကို ပန်းကန်ထဲထည့်စိမ်လိုက်ပါ။ ပြီးရင်တော့ အဲဒီသခွားသီးဖတ်လေးနဲ့ ချိုင်းကြားကို (၂) မိနစ်ခန့်ပွတ်တိုက်ပေးပါ။ ပြီးရင် အဲဒီအတိုင်း (၁၀) မိနစ်လောက်ကြာအောင်ထားပေးပါ။ ပြီးမှရေဆေးချပြီး အခြောက်ခံလိုက်ပါ။

 ၂။ အာလူးနဲ့သံပုရာရည်

pot-grat-sliced-potatoes.jpg 

အာလူးမှာရော၊ သံပုရာသီးမှာပါ ချေးချွတ်နိုင်တဲ့ဂုဏ်သတ္တိနဲ့ အရေပြားဆဲလ်သေ ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်ပြီး တွဲဖက်လိုက်မယ်ဆိုရင်တော့ အရေပြားသန့်စင်ရေးအတွက် အထူးကောင်းမွန်ပါတယ်။ ပုံမှန်သုံးစွဲပေးမယ်ဆိုရင် အရေပြားအပေါ်ယံအလွှာပေါ်က ဆဲလ်သေတွေကို ညင်သာစွာဖယ်ရှားပေးပြီး တောက်ပတဲ့အသားအရေကို ပေါ်လွင်စေမှာပါ။

ပြုလုပ်နည်းကတော့ အရင်ဆုံး အနေတော်အာလူးတစ်လုံးကို အခွံခွာပြီး မထူးမပါးအဝိုင်းပြားလေးတွေဖြစ်အောင် လှီးပါ။ ပြီးရင် သံပုရာသီးတစ်ခြမ်းကိုအရည်ညှစ်ပြီး အာလူးပြားလေးတွေကို သံပုရာရည်ထဲမှာ စိမ်ပါ။ ချေးမချွတ်ခင်မှာ အရင်ဆုံးချိုင်းကို ရေနဲ့သန့်စင်အောင်ဆေးကြောပြီး ပြောင်အောင်သုတ်ထားပါဦး။ ပြီးပြီဆိုရင် သံပုရာရည်စိမ်အာလူးပြားလေးနဲ့ (၅) မိနစ်ခန့် ကြာအောင်ပွတ်ပေးပါ။ ချိုင်း (၂) ဖက်စလုံးကို ဒီပုံစံအတိုင်းပဲလုပ်ပေးပါ။ ရေမဆေးဘဲ တစ်ညသိပ်ထားပြီး နောက်တစ်နေ့မနက်မှ ရေပြန်ဆေးပေးပါ။ ဒါမှမဟုတ် မိနစ် (၃၀) လောက်ထားပြီး ရေပြန်ဆေးပေးပါ။

၃။ ခရမ်းချဉ်သီးနဲ့သကြား

18-Amazing-Benefits-Of-Tomatoes-For-Skin-Hair-And-Health.jpg 

ခရမ်းချဉ်သီးမှာ အသားအရေကို ကြည်လင်တောက်ပစေတဲ့ ဂုဏ်သတ္တိရှိပြီး အရေပြားပေါ်ကအဆိပ်အတောက်နဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးရာမှာလည်း ကူညီပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ အစွမ်းသတ္တိနဲ့လည်း ပြည့်စုံတော့ အသားအရေကို ကြည်လင်အေးမြစေနိုင်ပါသေးတယ်။ သကြားကတော့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးဖို့နဲ့ ဆဲလ်အသစ်တွေကို ပြန်လည်ဖော်ထုတ်ပေးရာမှာ အကူအညီပေးနိုင်ပါတယ်။

ပြုလုပ်နည်းကတော့ အရင်ဆုံးအရွယ်တော်ခရမ်းချဉ်သီးတစ်လုံးကိုယူပြီး အဝိုင်းလေးတွေဖြစ်အောင်စိတ်ပါ။ ပြီးရင် ပန်းကန်လုံးတစ်လုံးထဲကို သကြားနည်းနည်းထည့်ပြီး ခရမ်းချဉ်သီးတစ်စိတ်ကို သကြားထဲနှစ်လိုက်ပါ။ ပြီးရင်ခရမ်းချဉ်သီးပေါ်က သကြားတွေပျော်ဝင်သွားပြီး ခရမ်းချဉ်သီးလည်း ရိရွဲသွားသည်အထိ ချိုင်းကြားထဲကို ခရမ်းချဉ်သီးနဲ့ပွတ်ပေးပါ။ ပြီးရင်တော့ ရေဆေးပြီး တဘက်သန့်သန့်လေး တစ်ထည်နဲ့သုတ်ပေးလို့ရပါပြီ။

Source: Theindianspot

 

Share

Loading Next Article...
က္က