သွားတိုက်ဆေးဟာ အိမ်တိုင်းမှာရှိတဲ့ အိမ်သုံးပစ္စည်းတစ်ခုပါပဲ။ သွားတိုက်ဆေးကို သူ့ရဲ့နာမည်က ညွှန်းဆိုထားတဲ့အတိုင်း သွားကြွေလွှာလေး ဖြူစင်တောက်ပနေစေဖို့အတွက် သွားပွတ်တံနဲ့ တွဲဖက်အသုံးပြုကြမှာပါ။ ဒါပေမယ့် သွားတိုက်ဆေးမှာ တခြားအသုံးဝင်မှုတွေ ရှိတာကိုကော သိပါသလား။ သွားတိုက်ဆေးရဲ့ အသုံးဝင်မှုလေးတွေကတော့
သွားတိုက်ဆေးတွေမှာ ပါဝင်တဲ့ သန့်စင်နိုင်စွမ်းက အလွန်မြင့်မားတဲ့အတွက် သွားတိုက်ဆေးကို ဒီဗီဒီခွေတွေ၊ မျက်မှန်တွေ၊ နေကာမျက်မှန်တွေကို သန့်ရှင်းရေးလုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ အစင်းကြောင်းပေါ်ပြီး ထစ်နေတဲ့ ဒီဗီဒီ (DVD) ခွေတွေဆိုရင် သွားတိုက်ဆေးလေးနည်းနည်းသုတ်၊ ခဏလောက်ထားပြီး ရေပြန်ဆေးပေးလိုက်ရုံနဲ့ ပုံမှန်အတိုင်း ပြန်ကြည်လာမှာပါ။ နေကာမျက်မှန်တွေမှာ အစင်းကြောင်းပေါ်နေရင်လည်း သွားတိုက်ဆေးကို သန့်စင်ဆေးအဖြစ် အသုံးချနိုင်ပါတယ်။
ကိုယ်ပိုင်ကားစီးတဲ့သူတွေ ကြုံရတတ်တဲ့ ပြဿနာတစ်ခုကတော့ မော်တော်ကားဘော်ဒီပေါ်က အစင်းကြောင်းတွေပါ။ ကိုယ် မြတ်မြတ်နိုးနိုးနဲ့ ရှယ်သထားတဲ့ ကားဘော်ဒီကို လက်သရမ်းပြီး လက်သည်းနဲ့ ခြစ်သွားတာတို့၊ ဒါမှမဟုတ် ယာဉ်ကြောနေရာလုပြီး မတော်တဆ ခြစ်မိတာတို့ကြောင့် အစင်းကြောင်းတွေဖြစ်သွားရင် သိပ်ဒေါကန်ရတာပါ။
အစင်းကြောင်းပေါ်လာတိုင်း ဘော်ဒီ ဆေးပြန်ကိုင်လို့လည်း မဖြစ်သေးတော့ အရေးပေါ်ဖြေရှင်းနည်းလေးတစ်ခု လိုအပ်လာပါပြီ။ အဲဒါကတော့ သွားတိုက်ဆေးလေးနဲ့ ပွတ်တိုက်ပြီး ရေပြန်ဆေးပေးဖို့ပါပဲ။ ဒီနေရာမှာ သတိပြုရမှာ တစ်ခုက ကြီးကြီးမားမား ဆေးပွန်းတာမျိုးကိုတော့ သွားတိုက်ဆေးလောက်နဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူးနော်။ သာမန်အစင်းကြောင်းလေးတွေကိုပဲ ဖြေရှင်းပေးနိုင်မှာပါ။
သွားတိုက်ဆေးတွေဟာ လက်သည်းသန့်ရှင်းရေး ပြုလုပ်ရာမှာလည်း အသုံးဝင်ပါသေးတယ်။ လက်သည်းကြွေလွှာပေါ်က အညစ်အကြေးတွေဟာ တစ်ခါတလေမှာ ဆပ်ပြာနဲ့ ဆေးလို့တောင် မပြောင်နိုင်ဘဲ လက်ချောင်းအလှအပကို ဖျက်ဆီးနိုင်ပါတယ်။ ဒါကိုဖြေရှင်းဖို့ ဆိုရင်တော့ လက်သည်းပေါ်မှာ သွားတိုက်ဆေးလေးသုတ်ပြီး (၅) မိနစ်လောက် ထားပေးလိုက်ပါ။ ပြီးမှ ရေပြန်ဆေးပေးလိုက်ရင် ထူးခြားမှုကို တွေ့မြင်ရမှာပါ။
သွားတိုက်ဆေးဟာ စမတ်ဖုန်းမျက်နှာပြင်ပေါ်က အစင်းကြောင်းတွေ၊ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ သွားတိုက်ဆေးလေးကို ထုံးစံအတိုင်း စမတ်ဖုန်းမျက်နှာပြင်ပေါ်မှာ သုတ်ပေးပြီး ရေစိုဝတ်လေးနဲ့ ပြန်ပွတ်ပေးလိုက်ရင် မူလအတိုင်းမဟုတ်တောင် အစင်းကြောင်းလေးတွေ လျော့ပါးသက်သာသွားမှာပါ။ မလုပ်ခင် ပါဝါလေးပိတ်ထားရင်တော့ ပိုစိတ်ချရတာပေါ့။
ကျောင်းအင်္ကျ ီပေါ်က ဘောပင်မှင်ရာတွေဟာ အင်္ကျ ီဖြူဖြူပေါ်မှာ အလှဖျက်နေတဲ့ အရာတွေဖြစ်ပြီး ကျောင်းသားမိဘတွေအနေနဲ့ လျှော်ရဖွတ်ရတာ မလွယ်ကူလှပါဘူး။ ဘောပင်မှင်ရာတွေ အင်္ကျီပေါ်က ပျောက်ကွယ်သွားစေချင်ရင်တော့ အင်္ကျီပေါ်မှာ သွားတိုက်ဆေးလေးနဲ့ ပွတ်ပြီးမှ ခဏလောက်ထားထားပေးလိုက်ပါ။ ပြီးမှ ရေပြန်လျှော်ပေးမယ်ဆိုရင် အင်္ကျ ီပေါ်မှာ ခေါင်းမာမာနဲ့ ရှိနေတဲ့ ဘောပင်မှင်ရာတွေ လျော့ပါးပျောက်ကွယ်သွားစေမှာပါ။
မျက်နှာပေါ်မှာ ဝက်ခြံတွေပေါက်နေတာကို ပျော်နေတဲ့သူ ဘယ်သူမှ ရှိမယ်မထင်ပါဘူး။ ဝက်ခြံတွေဟာ ကျား/မ မရွေး အလှဖျက်နိုင်ရုံသာမက ကိုယ့်မှာ စိတ်ဖိစီးမှုတွေ များပြားနေကြောင်း မျက်နှာပေါ်တင် ကြေညာလိုက်သလိုပါပဲ။ ဝက်ခြံပျောက်ဖို့အတွက် သိပ်ရှည်ရှည်ဝေးဝေး အုန်းစားနေဖို့ မလိုပါဘူး။ မနက် မျက်နှာသစ်၊ သွားတိုက်နေတုံး သွားတိုက်ဆေးလေးနဲ့ ဝက်ခြံပေါ် အသာလေး တို့ထားလိုက်ရုံပါပဲ။
ကြိုက်လို့ဝယ်ထားတဲ့ Nike Air Force One ဖိနပ်ဖြူဖြူလေးမှာ ရွံနဲ့ တခြားအညစ်အကြေးတွေ စွဲကုန်ရင် သိပ်စိတ်ညစ်ရတာပါ။ ဖိနပ်အဖြူရောင်လေးတွေ အမြဲဖြူဖွေး စင်ကြယ်နေစေဖို့အတွက် သွားတိုက်ဆေးလေးက ကူညီကယ်တင်ပေးနိုင်ပါတယ်။ ဖိနပ်ပေါ်က ပေနေတဲ့ နေရာလေးတွေမှာ သွားတိုက်ဆေးလေးနဲ့ ပွတ်ပေးပြီး တစ်ညလောက်ထားပေးလိုက်ရုံပါပဲ။ မနက်မှ ရေပြန်ဆေးပေးလိုက်ရင် အံ့သြဖွယ် ပြန်လည်ဖြူဖွေးသွားတာကို တွေ့မြင်ရမှာပါ။
Source: Youngisthan
Share