ဘယ်နှမျိုးလောက် ကြုံခဲ့ရပြီးပြီလဲ...

အရမ်းချစ်တဲ့ သူငယ်ချင်း၊ မောင်နှမဆွေမျိုး၊ ချစ်သူနဲ့ အိပ်ရာတစ်ခုတည်း တူတူအိပ်တယ်ဆိုတာ လွယ်လှတဲ့ကိစ္စမဟုတ်ဘူးနော်။ တစ်ရက်တစ်လေဆို သည်းခံနိုင်ပေမဲ့ ရက်ဆက်လာရင်တော့ သည်းခံနိုင်ဖို့ မလွယ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူ၊ အကျင့်ချင်းမတူတော့ အိပ်ရာလေးတစ်ခုမှာ နှစ်ယောက်တူတူ ဘေးချင်းကပ်အိပ်ရတာ ခက်ပါတယ်။

၁။ ဟောက်တယ်

172597037.jpg 

ဘေးကနေ တခူးခူး တခေါခေါ ဟောက်နေမှတော့ ကိုယ်က ဘယ်လိုလုပ် အိပ်ပျော်နိုင်မလဲ။ တစ်ညလုံး မျက်နှာကြက်ကိုကြည့်ရင်း မိုးလင်းသွားရတော့မှာလေ။ တစ်ခါတစ်ခါဆို ဒေါသထွက်ပြီး တွေ့ရာနဲ့ပါ ကောက်ထုပလိုက်ချင်တာ။

၂။ အခန်းအပူချိန်

ကိုယ်က အေးတာကြိုက်လို့ အဲကွန်းဖွင့်အိပ်တယ်။ သူက အေးတဲ့ဒဏ်မခံနိုင်လို့ အဲကွန်းပိတ်ခိုင်းတယ်။ ကိုယ်က ပူရင်မအိပ်တတ်၊ သူက အေးရင်မအိပ်တတ်။ ဒိုးခပဲ။

၃။ အိပ်ချိန်၊ နိုးချိန် မတူဘူး

တူတူအိပ်ပျော်... အတူတူ တပြိုင်နက်တည်းနိုးဆိုတာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေပါနော်။ သူက စောစောအိပ် စောစောထသမား။ ကိုယ်က ညဉ့်နက်မှအိပ်လို့ နေမြင့်မှထတဲ့လူ ဖြစ်နေရင်လည်း အဆင်မပြေပြန်ဘူး။

၄။ အလင်းအမှောင်

မီးလင်းလို့ မအိပ်တတ်သူနဲ့ မီးလေးဖွင့်ထားမှ အိပ်တတ်တဲ့သူနဲ့ဆိုရင် ပြဿနာက ညှိမရတော့ဘူး။ မီးအလင်းကြောက်ရင် စောင်ခြုံအိပ်လေလို့ မပြောနဲ့နော်။ အသက်ရှုကြပ်ရကြပ်နဲ့။

၅။ လူဖက်လုံး

man-with-pets-on-bed.jpg 

အမလေးးး ကိုယ့်မှာ လန့်တောင်နိုးတယ်။ အိပ်နေရင်း ခြေထောက်ကြီးက ဗိုက်ပေါ်ရောက်လာပြီး လူကို ဖက်လုံးလို သဘောထားတာ။ ဖက်လည်းဖက်သေး၊ ခွလည်း ခွထားသေး။ အသက်ရှုလို့ကိုမရတော့ဘူး။

၆။ စောင်လုတယ်

အိပ်ရင် စောင်နဲ့တစ်ကိုယ်လုံးကိုပတ်အိပ်တဲ့လူမျိုးလည်း ရှိသေးတယ်။ စောင်က အကြီးကြီးကို သူက တမင်ဆွဲယူသွားတာ။ နိုးနေတာလည်းမဟုတ်ဘူး အိပ်နေရင်းတောင် မောင်ပိုင်စီးချင်တာမျိုးလေ။

၇။ ယောင်တတ်သူ

1140-couple-sleeping-separately.imgcache.rev03f9eb3fdf233bdeaf115f33d677e733.jpg 

အိပ်နေရင်းနဲ့ ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်၊ ခြေဆန့်လက်ဆန့်လုပ်လိုက်နဲ့ တောက်လျှောက် လှုပ်နေတာ။ ကိုယ်က အအိပ်ဆတ်တော့ နိုးရော။ ယောင်ပြီး လည်ပင်းထညှစ်တတ်ရင် ပိုတောင်ဆိုးသေးတယ်။ ကြောက်စရာကြီး။

Source : Health

 

Share

Loading Next Article...
က္က