နှမျောပြီး မဖြစ်ဖြစ်အောင်သုံးနေရင်းက မျက်နှာမှာ အဖုတွေထွက်လာနေဦးမယ်။

မိတ်ကပ်လိမ်းတဲ့ ဘရပ်ရှ်တွေဆိုတာက မိတ်ကပ်တို့၊ မျက်တောင်ကော့ဆေးတို့လို သက်တမ်းကုန်ဆုံးရက် အတိအကျမရှိပါဘူး။ ကိုယ် သုံးရင်သုံးသလောက် ထိန်းသိမ်းပုံပေါ် မူတည်ပြီး သုံးနိုင်တဲ့အရာတွေပါ။ ဒါပေမဲ့ သန့်သန့်ရှင်းရှင်းလေးဖြစ်အောင်တော့ ပုံမှန်ဆေးကြောပေးဖို့လိုတာပေါ့။ မဟုတ်ရင် ဘရပ်ရှ်မှာကပ်နေတဲ့ ဘက်တီးရီးယားတွေကြောင့် မျက်နှာမှာ ဝက်ခြံဖုနဲ့ အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ပျိုမေလေးရဲ့ မိတ်ကပ်လိမ်းတဲ့ဘရပ်ရှ်တွေဟာ ဒါတွေဖြစ်နေပြီဆိုရင်တော့ အသစ်နဲ့သာ အစားထိုးလိုက်ပါတော့နော်။

၁။ အမွေးတွေကျွတ်ကုန်ပြီ

landscape-1444154917-dirty-makeup-brushes.jpg 

ဘရပ်ရှ်တွေကနေ အမွေးတွေကျွတ်တာကတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အမြဲတမ်း ကျွတ်နေတာပဲလေ။ နည်းနည်းလေးကျွတ်တာမဟုတ်ဘဲ အများကြီး ကျွတ်ကုန်ပြီဆိုရင်တော့ အသစ်သာ လဲလိုက်ပါတော့နော်။

see also 

၂။ မိတ်ကပ်တွေကောင်းကောင်းမပျံ့တော့ဘူး

ဖောင်ဒေးရှင်းလိမ်းတဲ့အခါ ဘရပ်ရှ်လေးနဲ့ ညီညာသွားအောင် blending လုပ်ပေးကြတယ်မဟုတ်လား။ ဘရပ်ရှ်က မကောင်းတော့ဘူးဆိုရင် မိတ်ကပ်တွေက ညီညီညာညာ မဖြစ်ဘဲ ကွက်နေရော။ မိတ်ကပ်လိမ်းတဲ့ဘရပ်ရှ်က အဲ့လိုဖြစ်နေရင် အသစ်နဲ့သာလဲလိုက်ပါ။ အိုင်းရှဲဒိုးဆိုလည်း ခဲနေ၊ ပုံနေတယ်ဆိုရင် အသစ်လဲရမှာပဲပေါ့။

၃။ ပုံပျက်နေပြီ

MTM5OTkyODgzNTY1NDM3OTky.jpg 

ဝယ်တုန်းကလို ပုံစံအတိုင်း မဟုတ်တော့ဘူး ကားရမယ့်ဘရပ်ရှ်က စုနေပြီ၊ ဘရပ်ရှပ်လုံးလုံးလေးက ပြားထွက်နေပြီဆိုလည်း အသစ်နဲ့ လဲရမှာပါပဲ။ ဆေးကြောနေတုန်း ရေစိုနေတုန်း ပုံပျက်သွားပေမဲ့ ခြောက်သွားရင်တော့ နဂိုပုံစံအတိုင်းဖြစ်နေမှသာ ဆက်သုံးသင့်တာပါနော်။

 

၄။ ဖျက်မရတဲ့မိတ်ကပ်တွေ

လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ အသုံးပြုထားလို့ ဘရပ်ရှ်မှာ မိတ်ကပ်တွေ၊ မျက်တောင်ကော့ဆေးရည်တွေ ကပ်နေပြီဆိုရင် ဆေးကြောသန့်စင်ပေးဖို့ လိုမယ်နော်။ ဆေးမရတော့လောက်အောင် စွဲနေပြီဆိုရင်တော့ နှမျောပြီး ဆက်မသုံးပါနဲ့။ အသစ်နဲ့လဲလှယ်သုံးစွဲပြီး ကိုယ့်မျက်နှာလေးကို တန်ဖိုးထားသင့်ပါတယ်။ မဟုတ်ရင် အဖုတွေထွက်လာမယ်။

၅။ လက်ကိုင်မကောင်းတော့ဘူး

Tools-of-the-trade-LL.jpg 

ဘရပ်ရှ်ရဲ့ လက်ကိုင်က ကျိုးပဲ့နေပြီဆိုရင်လည်း လိမ်းလို့မကောင်းတော့ဘူးနော်။ ကိုင်လို့မှ အဆင်မပြေတော့တာ။ ဘယ်လိုလုပ် မိတ်ကပ်ကောင်းကောင်းလိမ်းနိုင်မလဲ။ ပိုဆိုးတာက ကျိုးပဲ့နေရာကို ကြေး(ဂျီး)တွေဝင်၊ ဘက်တီးရီးယားတွေ ကပ်ကုန်ပြီး မျက်နှာပေါ်ရောက်လာနေပါဦးမယ်။

Source : Cosmo

Share

Loading Next Article...
က္က