ဖြစ်နိုင်ရင်တော့ မျက်နှာသုတ်တဲ့အခါ ပုဝါအစား တစ်ရှုးလေးနဲ့သုတ်တာ အကောင်းဆုံးပဲ။

ပျိုမေလေးတို့ကို မဒီအမြဲတမ်း မှာနေရတာက မျက်နှာလေး စိုပြည်အောင် အစိုဓာတ်ဖြည့်ဖို့ပါပဲ။ မျက်နှာလေး တင်းရင်းစိုပြေအောင်၊ မိတ်ကပ်လိမ်းလို့ကောင်းအောင်၊ ဝက်ခြံထွက်တာနည်းအောင် moisturizer လိမ်းပေးရပါမယ်နော်။ Moisturizer လိမ်းတဲ့အခါ မျက်နှာအသားအရေကို အထိရောက်ဆုံး ဖြစ်စေဖို့အတွက်တော့ မဒီက ပြောပြမယ်လေ။

see also 

၁။ ပထမဆုံးအနေနဲ့ မျက်နှာကို သန့်စင်ဆေးကြောပါ။ မျက်နှာသစ်ပြီးရင် တဘက်နဲ့သုတ်တဲ့အခါ ပွတ်ပြီးမသုတ်သင့်ဘူး။ အသာအယာလေး တို့ပြီး သုတ်ရတယ်။ ပြီးတော့မှ မျက်နှာအစိုဓာတ်ရှိနေတုန်းမှာ moisturizer ကို လိမ်းရတယ်။

 

၂။ Moisturizer လိမ်းတဲ့အခါ လက်နဲ့လိမ်းတာ အကောင်းဆုံးပဲ။ လက်ချောင်းလေးတွေနဲ့ moisturizer ကို ယူပြီး မျက်နှာပေါ် အသာအယာပုတ်ပုတ်ပြီး လိမ်းပေးရမယ်။ လည်ပင်းကိုလိမ်းဖို့လည်း မမေ့နဲ့နော်။

 

၃။ လိမ်းပြီးသွားတဲ့အခါ မျက်နှာက စိုစိုအိအိလေး ဖြစ်သွားလိမ့်မယ်။ ခဏစောင့်လိုက်ဦး။ မိတ်ကပ်မလိမ်းပါနဲ့။ ခြောက်သွားပြီဆိုတော့မှ မိတ်ကပ်ကို စလိမ်းပါနော်။ ဒါဆိုရင် မိတ်ကပ်လိမ်းရတာလည်း ပိုကောင်းသွားပြီး အသားအရေက စိုပြေနုပျိုနေတာမို့ ရှိရင်းစွဲအသက်ထက် ပိုနုနေပါလိမ့်မယ် ပျိုမေလေးရေ။

 

Moisturizer တွေက ဈေးကွက်မှာ အမှတ်တံဆိပ်အမျိုးမျိုး ၊ ပုံစံအမျိုးမျိုးနဲ့ ရနိုင်ပါတယ်။ Gel ပုံစံ ၊ ခရင်မ်ပုံစံနဲ့ အရည်ပုံစံတွေ အနေနဲ့ တွေ့ရတာများပါတယ်။ ကိုယ့်အသားအရေပေါ် မူတည်ပြီး ရွေးဖို့တော့ လိုတာပေါ့။ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေကတော့ gel type ကို သုံးရင် ပိုအဆင်ပြေပါလိမ့်မယ်နော်။

 

Share

Loading Next Article...
က္က