ပဝါလေးတွေ ဆောင်ထားဖြစ်ရဲ့လား။

မိုးရာသီကလည်း တဖြည်းဖြည်း ကုန်လာပြီဆိုတော့ ဖက်ရှင်တွေကလည်း ပြောင်းသင့်တာ ပြောင်းရတော့မယ်နော်။ မိုးကာအကျႌတွေ၊ ထီးတွေနေရာမှာ ပဝါလှလှလေးတွေ၊ ဦးထုပ်လေးတွေ၊ ဖဲကြိုးလေးတွေနဲ့ အစားထိုးဖို့ ပြင်ထားပြီးပြီလား။ မိုးတွင်းမှာ ခေါင်းကိုရေမစိုအောင် ကာနေရာတာနဲ့ပဲ သိပ်ပြီးတော့ ပြင်ပြင်ဆင်ဆင် မလုပ်ခဲ့ရပါဘူး။ မိုးကုန်လို့ နေသာလေလာပြီဆိုရင်တော့ ဆံပင်မှာ ပဝါလေးစည်းပြီး ရှိုးထုတ်ကြမလို့လေ။

 

ဆံပင်အဖြောင့်ပဲဖြစ်ဖြစ် အဖျားလေးတွေကောက်ထားရင်ဖြစ်ဖြစ် ဒီလိုလေးလုပ်ရင် အရမ်းလှတယ်။ ကွင်းပုံစံလေးလုပ်ပြီး ခေါင်းထိပ်ပိုင်းမှာပဲ စွပ်ထားလိုက်တာပေါ့။

see also 

 

ခရီးသွားဖက်ရှင်နဲ့လိုက်တယ်။ ကားပေါ်မှာ အိပ်လာလို့ ဆံပင်တွေက ရှုပ်ပွနေတယ်၊ အဲ့လိုအချိန်မှာ ဓာတ်ပုံကလည်း ရိုက်လိုက်ချင်သေးတယ်ဆို ပဝါကို နှစ်ခေါက်လောက်ပဲခေါက်ပြီး ခေါင်းမှာပတ်လိုက်တာပေါ့။ ပဝါစလေးတွေက လေထဲမှာလွင့်နေရော။

 

ဆံပင်ပုခုံးလောက်ပဲ ရှိတဲ့ ပျိုမေလေးတို့က ဆံထုံးလေးထုံးကြည့်ပြီးရင် ဆံထုံးကို ပဝါလေးနဲ့ ရစ်ပတ်လိုက်တာမျိုး လုပ်ကြည့်ပါလား။ ဆံထုံးကသေးနေမှာဆိုတော့ ပဝါကို အရမ်းကြီးတာ မရွေးနဲ့ပေါ့နော်။

 

အမိုက်စား အလန်းစားဒီဇိုင်းနဲ့ လန်းချင်ရင်တော့ ဒီပုံထဲကလိုမျိုးလေး လုပ်ကြည့်ပါလား။ နယ်ဘက်တွေသွားရင် လည်သာဂျက်ကက်ဝတ် ၊ ဆိုင်ကယ်စီးပြီး ရှိုးထုတ်မယ်ဆို ပဝါလေးကို ခေါင်းမှာ ဖဲပြားပုံစံကြီး စည်းပစ်လိုက်တာလေ။ ရော့ခ်ရှိုးပွဲတွေမှာလည်း အဲ့လိုလုပ်သွားလို့ရတာပဲ။ လူကြားထဲပေါ်နေမယ့် ဖက်ရှင်မျိုးပါ။

 

ဒါကတော့ ရိုးရိုးလေးပါပဲ။ လက်ကိုင်ပဝါလေးကို ဆံပင်မှာ ရစ်နှောင်ထားလိုက်တာ။ ကပိုကယိုလေးပေါ့။

 

 

ဘီးကုပ်လိုမျိုး အပြားလိုက်လေးဖြစ်အောင်ခေါက်ပြီးရင် နောက်ဘက်မှာ ချည်ထားလိုက်တာပေါ့။ စည်းထားတဲ့နေရာကိုလည်း အပေါ်ကနေ ဆံပင်လေးနဲ့ပဲ ပြန်ဖုံးထားလိုက်ပါတယ်။

Source : She Find

Share

Loading Next Article...
က္က