Armani ၊ Stella McCartney နဲ့ Calvin Klein တို့လည်း သားမွေးဖက်ရှင်တွေကို မရောင်းတော့ပါဘူး။

ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ် Gucci ရဲ့ CEO မာကို ဘစ်ဇာရီက ကုမ္ပဏီအနေနဲ့ သားမွေးဖက်ရှင်တွေကို ဆက်လက် အသုံးပြုတော့မှာမဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ Fur Free Alliance အဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်တဲ့အနေနဲ့ Gucci ဟာ သားမွေးဖက်ရှင်တွေကို အသုံးပြုခြင်း၊ ရောင်းချခြင်း သို့မဟုတ် တိရစ္တာန်သားမွေးကို ကြော်ငြာခြင်းတွေကို ၂၀၁၈ ဆောင်းအကုန်/နွေအကူး အစပိုင်းကစပြီး ရပ်တန့်လိုက်မယ်လို့ ဆိုပါတယ်။

 

"ဒီကိစ္စနဲ့ပတ်သက်ပြီး လအနည်းငယ်လောက်တည်းက ပြောခဲ့ကြတာပါ။ နည်းပညာတွေ ရရှိနေပြီပဲလေ။ ဒါက ဘာကိုဆိုလိုတာလဲဆိုရင် သားမွေးတွေကို သုံးဖို့ မလိုအပ်ဘူးဆိုတဲ့သဘောပါပဲ။ မလိုအပ်တော့တာသာ ဖြစ်ပါတယ်" လို့ ဘစ်ဇာရီက လန်ဒန်ဖက်ရှင်ကောလိပ်မှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

see also 

လက်ရှိအချိန်မှာတော့ Gucci ဟာ သားမွေးပါဝင်တဲ့ မြောက်များစွာသော ကုန်ပစ္စည်းတွေကို ရောင်းချနေပါတယ်။ အဲ့ဒီထဲမှာ ဒေါ်လာ ၃၀၀၀၀ တန် အမွေးရှည်မြွေပါကုတ်အကျႌ ၊ သိုးပေါက်လေးရဲ့သားမွေးနဲ့လုပ်ထားတဲ့ ဒေါ်လာ ၁၃၅၀၀ တန် ကုတ်အကျႌတွေလည်း ပါဝင်ပါတယ်။

 

သားမွေးဖက်ရှင်တွေကို ထုတ်လုပ်ရောင်းချတာ ရပ်တန့်လိုက်တဲ့ အမှတ်တံဆိပ်တွေထဲမှာ Armani ၊ Stella McCartney နဲ့ Calvin Klein တို့လည်း ပါဝင်ပါတယ်။ Fur Free Alliance အဖွဲ့ကတော့ တိရစ္တာန်တွေကို သတ်ဖြတ်ပြီး ဖက်ရှင်အသုံးအဆောင်အဖြစ် အသုံးပြုဆင်မြန်းနေခြင်းကို ရပ်တန့်ဖို့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

Source : Jezebel

Share

Loading Next Article...
က္က