သံပုရာသီးခွံထဲမှာလည်း ဗိုက်တာမင်၊ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့ အင်ဇိုင်းတွေနဲ့လည်း ပြည့်နှက်နေပါသေးတယ်။

သံပုရာသီးကို အရည်ညှစ်ပြီးရင် ရလာတဲ့ သံပုရာသီးခွံကို ကျွန်တော်တို့တွေ လွှင့်ပစ်တတ်ကြပါတယ်။ ဒါပေယ့် သံပုရာသီးခွံကို နေရာတော်တော်များများမှာ ပြန်သုံးလို့ရတယ်ဆိုတာကိုကော သိကြပါသလား။ သံပုရာသီးခွံထဲမှာလည်း ဗိုက်တာမင်၊ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့ အင်ဇိုင်းတွေနဲ့လည်း ပြည့်နှက်နေပါသေးတယ်။ ဒီနေ့မှာတော့ သံပုရာသီးတွေ အရည်ညှစ်ပြီးရင် အခွံတွေကို အမှိုက်ပုံးထဲ လွှင့်ပစ်မယ့်အစား ပြန်သုံးလို့ရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဝက်ခြံကုသရာမှာသုံးမယ်

o-PIMPLE-facebook.jpg 

အလှအပရေးရာ ကျွမ်းကျင်သူတွေကတော့ သံပုရာခွံနဲ့ လုပ်ထားတဲ့ အနှစ်ကို မျက်နှာအလှကို ဖျက်နေတဲ့ ဝက်ခြံတွေကို တိုက်ဖျက်ရာမှာ သုံးဖို့အတွက် အကြံပြုခဲ့ကြပါတယ်။ တကယ်တမ်းမှာလည်း သံပုရာသီးမှာ ပါဝင်တဲ့ ဘက်တီးရီးယားတိုက်ဖျက်တဲ့ agent ဟာ ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို ဖယ်ရှားရာမှာ အသုံးဝင်ပါတယ်။

ဒါကြောင့် တကယ်လို့ မျက်နှာပေါ်မှာ ဝက်ခြံတွေပေါက်နေပြီဆိုရင် သံပုရာခွံလေးနဲ့ ပွတ်ပေးတာပဲဖြစ်ဖြစ်၊ သံပုရာခွံနဲ့ ပြုလုပ်ထားတဲ့ အနှစ်လေးနဲ့ သုတ်လိမ်းပေးတာပဲဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် မျက်နှာပေါ်က အဆီပိုတွေ၊ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကို သန့်ရှင်းပေးနိုင်ရုံသာမက မှိုရောဂါတွေ၊ ဘက်တီးရီးယားပိုးတွေကိုပါ ဖယ်ရှားပေးနိုင်မှာပါ။

၂။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းပေးနိုင်တယ်

detox-.jpg 

တကယ်လို့ စားနေကျ အစားအသောက်တွေကို ခဏလောက်ရပ်နားထားပြီး ခန္ဓာကိုယ်ကို အဆိပ်အတောက်ပြန်ရှင်းပေးဖို့ လိုပြီလို့ ယူဆတဲ့အချိန်မှာ သံပုရာသီးခွံကို သတိရလိုက်ပါ။ သံပုရာသီးခွံမှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ free radical တွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ ပုံမှန်သောက်နေကျ detox ဖျော်ရည်ထဲမှာ သံပုရာသီးခွံလေးတွေကိုသာ ရောထည့်ပေးလိုက်ပါ။

၃။ ကင်ဆာနဲ့ အခြားရောဂါတွေကို ကာကွယ်ပေးနိုင်တယ်

သံပုရာသီးမှာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။ ကင်ဆာကို ဖယ်ထားဦးမယ် ဆိုရင်တောင် သံပုရာခွံမှာ အဆစ်အမြစ်ရောင်ရောဂါနဲ့ ဂေါက်ရောဂါတို့လို အရိုးအဆစ်နဲ့ဆိုင်တဲ့ ရောဂါတွေကို ထိန်းထားနိုင်ပါတယ်။ ကိုလက်စထရောနဲ့ သွေးဖိအားတိုးခြင်းကိုလည်း သံပုရာခွံရဲ့ အကူအညီနဲ့ ထိန်းထားပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ ပိုဆိုးမလာအောင်လည်း တားဆီးပေးပါတယ်။

See Also: 

၄။ အင်းဆက်ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးတယ်

dead-cockroach-wooden-table.jpg.838x0_q80.jpg 

မီးချောင်းတွေမှာ လာတွယ်ကပ်နေတတ်တဲ့၊ အိမ်ခန်းတွေထဲမှာ လာဝင်နေတတ်တဲ့ အင်းဆက်ပိုးမွှားတွေကို ရင်ဆိုင်ရတာ သိပ်စိတ်ရှုပ်ဖို့ကောင်းပါတယ်။ အဲဒီလို စိတ်ရှုပ်စရာ အင်းဆက်ပိုးမွှားတွေကို ကိုင်တွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ သံပုရာသီးခွံကို အသုံးပြုဖို့ပါပဲ။ သံပုရာခွံအနည်းငယ်ကို ပြတင်းပေါက်ဘောင်နားမှာ ချထားပေးလိုက်ရင် ပိုးဟပ်နဲ့ တခြားအင်းဆက် ပိုးမွှားတွေ အိမ်ထဲ ဝင်မလာနိုင်တော့ပါဘူး။

၅။ သွားကျန်းမာရေးအတွက် ကောင်းမွန်တယ်

Orange-Peel.jpg 

အိမ်မှာ သွားတိုက်ဆေးကုန်နေပါသလား။ ဒါမှမဟုတ် သွားတွေ ခဏခဏကိုက်ပြီး ကျိုးလွယ်ဆတ်လွယ်နေပါသလား။ ဒါဆိုရင်တော့ သံပုရာခွံနဲ့သာ သွားကို ပွတ်ပေးလိုက်ပါ။ သံပုရာခွံဟာ သွားနဲ့ သွားဖုံးကျန်းမာရေးအတွက် အကောင်းဆုံး ဗိုက်တာမင်တွေ ပါဝင်ပါတယ်။

Source: Youngisthan

 

Share

Loading Next Article...
က္က