Friday the 13th ( (၁၃) ရက်နေ့၊ သောကြာနေ့) ကို အနောက်တိုင်းယုံကြည်မှုတွေမှာ ကံဆိုးတဲ့နေ့တစ်နေ့အဖြစ် မှတ်ယူထားကြပါတယ်။

Friday the 13th ( (၁၃) ရက်နေ့၊ သောကြာနေ့) ကို အနောက်တိုင်းယုံကြည်မှုတွေမှာ ကံဆိုးတဲ့နေ့တစ်နေ့အဖြစ် မှတ်ယူထားကြပါတယ်။ ထုံးစံအတိုင်းပဲ အရှေ့နဲ့ အနောက် ယဉ်ကျေးမှု ကူးလူးဆက်သွယ်ကြတဲ့အခါ အရှေ့တိုင်းသားတွေကပါ (၁၃) ရက်နေ့ သောကြာနေ့ကို ကံဆိုးတယ်လို့ ယူဆလာကြပါတယ်။

 

လက်ရှိ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ ခရစ်သက္ကရာဇ် ပြက္ခဒိန်အရဆိုရင် ၂၀၁၇ ခုနှစ်ထဲမှာ Friday the 13th (၂) ကြိမ် ကျရောက်မှာဖြစ်ပြီး ဇန်နဝါရီလ (၁၃) ရက်နေ့ကတစ်ကြိမ်၊ ယနေ့ အောက်တိုုဘာလ (၁၃) ရက်နေ့မှာ တစ်ကြိမ် ဖြစ်ပါတယ်။ အဲဒီလိုမျိုး (၁၃) ရက်နေ့ သောကြာနေ့ကို ကြောက်ရွံ့ခြင်းကို အင်္ဂလိပ်စကားမှာ paraskevidekatruaphobia လို့ ခေါ်ပါတယ်။ အဲဒီစကားက ဂရိစကားက ဆင်းသက်လာတာဖြစ်ပါတယ်တဲ့။

သမိုင်းကြောင်း

friday_13.jpg 

လူတွေ ဘာကြောင့် (၁၃) ရက်နေ့ သောကြာနေ့ကို ကံဆိုးတယ်ဆိုပြီး အယူသီးကြလဲဆိုတာကို အတိအကျ ပြန်ရှာဖွေနိုင်ဖို့ ခက်ခဲပါတယ်။ အဲဒါနဲ့ပတ်သက်တဲ့ သီအိုရီတွေလည်း အမျိုးမျိုးရှိပါတယ်။ နာမည်အကြီးဆုံး သီအိုရီကတော့ အလယ်ခေတ်တုံးက နာမည်ကြီးခဲ့တဲ့ "Knights Templar" ဆိုတဲ့ ဘာသာရေးအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ သီအိုရီပါပဲ။

"Knights Templar" တွေဟာ မိန်းမတွေကို ရှောင်ကြဉ်ပါမယ်လို့ သစ္စာဆိုထားတဲ့ ဘာသာရေးအဖွဲ့အစည်းဖြစ်ပြီး AD ၁၁၁၉ လောက်တုံးက ဂျေရုစလင်မြို့ကို ကာကွယ်ဖို့အတွက် ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။ သူတို့ကို အဲဒီခေတ်က ခရစ်ယာန် ဘာသာဝင်တွေက ငွေကြေးတွေ၊ မြေတွေကို လှူဒါန်းခဲ့ကြတဲ့အတွက် နောက်ပိုင်းမှာ "Knights Templar" တွေဟာ အင်အားကောင်းပြီး ဘဏ္ဍာရေးပိုင်း တောင့်တင်းခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်လာပါတယ်။

ထုံးစံအတိုင်းပါပဲ။ ဘာသာရေးအဖွဲ့အစည်းတစ်ခု အင်အားတောင့်တင်းလာရင် ထိုင်ခုံလှုပ်ထားတဲ့ ပြင်သစ်ဘုရင် Philip IV ဟာ "Knights Templar" တွေကို တိုက်ခိုက်ပြီး သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို မင်းဘဏ္ဍာအဖြစ် သိမ်းယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီခေတ်က ကိုယ်နဲ့ နိုင်ငံရေးအမြင်မတူတဲ့လူတွေကို ပြည်သူထောက်ခံမှု မလျော့ကျဘဲ နှိမ်နင်းချင်ရင် အကောင်းဆုံးနည်းလမ်းကတော့ လူအများ ကြောက်ရွံ့တဲ့၊ နားမလည်တဲ့ အရာတစ်ခုခုနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ ကြေညာလိုက်ရုံပါပဲ။

အဲဒီခေတ်တုံးကတော့ မှော်ပညာနဲ့ပတ်သက်နေတယ် ဒါမှမဟုတ် မိစ္ဆာဒိဋ္ဌိတွေလို့ ကြေညာလိုက်တာက အလုပ်ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပြင်သစ်ဘုရင် Philip IV ဟာ "Knights Templar" တွေကို မိစ္ဆာဒိဋ္ဌိတွေလို့ ကြေညာမောင်းခတ်ခဲ့ပြီး (၁၃) ရက်နေ့၊ သောကြာနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

အဲဒီမှာ တစ်ခုရှိတာက ပုပ်ရဟန်းမင်းကြီး Clement V ကလည်း "Knights Templar" တွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ နိုင်ငံရေးနဲ့ ဘာသာရေး ထိပ်တိုက်ညိကြတဲ့အချိန်မှာ ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ "Knights Templar" တွေဘက်က မပါဘဲ ပြင်သစ်ဘုရင်ဘက်ကပါပြီး "Knights Templar" တွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် လူတွေကြားမှာ ဝေဖန်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

 

လူကြိုက်များတဲ့ သီအိုရီတစ်ခုအရတော့ "Knights Templar" တွေဟာ Church ကျောင်းတော်က မကြိုက်တဲ့အလုပ်တစ်ခုကို လုပ်ခဲ့တဲ့အတွက် ပုပ်ရဟန်းမင်းကြီးက ဖျက်သိမ်းပစ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ "Knights Templar" တွေအကြောင်း စာအုပ်ရေးသားပြုစုခဲ့တဲ့ John Walker ဆိုတဲ့ စာရေးဆရာရဲ့ အဆိုအရတော့ "Knights Templar" တွေဟာ Priory of Sion လို့ခေါ်တဲ့ ရှေးဟောင်းအဖွဲ့အစည်းတစ်ခုရဲ့ လက်အောက်ခံဖြစ်ပြီး ဂျေရုစလင်မြို့ကို ကာကွယ်တယ်ဆိုတာ မြို့ကိုမြေလှန်ရှာပြီး ယေရှုခရစ်တော်ရဲ့ မျိုးဆက်ကို ရှာဖွေဖို့ပါပဲတဲ့။

See also :  

နောက်ထပ်လူကြိုက်များတဲ့ သီအိုရီတစ်ခုကတော့ "Knights Templar" တွေဟာ Holy Grail ဆိုတဲ့ တော်ဝင်ခွက်တော်နဲ့ ရတနာသိုက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း ဆိုကြပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖျက်သိမ်းတာ ခံရပြီးတဲ့ "Knights Templar" တွေဟာ နောက်ပိုင်းမှာ ဖရီးမေဆင် (Freemasons) (မြန်မာအခေါ် ပသျှူးခေါင်းဖြတ်အဖွဲ့) ဖြစ်သွားခဲ့တယ်လို့လည်း ဆိုကြပါသေးတယ်။ ဒီလို လျှို့ဝှက်ချက်တွေနဲ့ လွှမ်းခြုံတွေတဲ့ အဖွဲ့အစည်းတစ်ခု ဖျက်သိမ်းခဲ့ရတဲ့နေ့ ဖြစ်တဲ့အတွက် Friday the 13th ကို ကံဆိုးတယ်လို့ ယူဆကြတာဖြစ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ ယေရှုခရစ်တော် လုပ်ကြံမခံရခင် တစ်ရက်အလိုမှာ သူ့ရဲ့တပည့် သာဝက (၁၃) ယောက်နဲ့ ညစာ စားခဲ့တဲ့အချက် (The Last Supper) နဲ့ ခရစ်တော် လုပ်ကြံခံရတဲ့နေ့ဟာ သောကြာနေ့ဖြစ်နေတဲ့အချက်တို့ကလည်း Friday the 13th သီအိုရီတွေနဲ့ ဆက်နွယ်နေပါသေးတယ်။

ဒါပေမယ့် ၁၉၀၇ ခုနှစ်မတိုင်ခင်အထိ Friday the 13th ဆိုတဲ့ အယူအဆဟာ တွင်ကျယ်မှု မရှိသေးပါဘူး။ အဲဒီနောက်ပိုင်းကျမှသာ Friday the 13th မှာ ကံဆိုးမှုတွေ များပြားနိုင်လို့ သတိထားကြဖို့ သီအိုရီပေါင်းစုံ ပေါ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘာပဲပြောပြော ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သတိလေးနည်းနည်း ပိုထားလိုက်တာ မမှားဘူးပေါ့။

Source: Nationalgeographic

 

Share

Loading Next Article...
က္က