အကြောင်းအမျိုးမျိုးကြောင့် ချစ်ခဲ့ကြသူ (၂) ဦး လမ်းခွဲပြတ်စဲလိုက်ကြဖိုု့ ဆုံးဖြတ်လိုက်ပြီဆိုရင် သူငယ်ချင်းမိတ်ဆွေတွေလို ဆက်နေကြမှာလား။ သူစိမ်းတွေလိုပဲ နေကြတော့မှာလား ဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။

လူနှစ်ယောက် ပေါင်းဖက်ဖို့ဆိုတာ နှစ်ယောက်ကြားက ဆက်ဆံရေးတို့၊ မိဘအသိုင်းအဝိုင်း၊ နောက်ခံအခြေအနေတို့အပြင် ဖူးစာပါဖို့လည်း လိုပါသေးတယ်။ ဖူးစာပါမလာရင် ဘယ်လောက်ချစ်ခဲ့ပါစေ... ပေါင်းဖက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် ချစ်ခဲ့ကြသူ (၂) ဦး လမ်းခွဲပြတ်စဲလိုက်ကြဖိုု့ ဆုံးဖြတ်လိုက်ပြီဆိုရင် သူငယ်ချင်းမိတ်ဆွေတွေလို ဆက်နေကြမှာလား။ သူစိမ်းတွေလိုပဲ နေကြတော့မှာလား ဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။ ရီးစားဟောင်းနဲ့ ပြန်တွေ့တဲ့အခါ ဘာမှမဖြစ်ချင်ခဲ့သလို ဆက်ဆံနိုင်ဖို့အတွက် နှစ်ဖက်စလုံးက သဘောထားကြီးဖို့တော့ လိုပါတယ်။

၁။ ပုံမှန်အတိုင်းဆက်ဆံပါ

004-Things-All-Couples-Fight-About—and-How-to-Fix-Them-1024x683.jpg 

ဘယ်လိုအကြောင်းပြချက်ကြောင့်ပဲ ပြတ်ခဲ့သည်ဖြစ်စေ။ သူငယ်ချင်းတွေအားလုံးနဲ့တူတူရှိနေချိန်မှာတော့ ဘာမှမဖြစ်သလို ပုံမှန်လေးပဲနေလိုက်ပါ။ နောက်ပြီး သူငယ်ချင်းတွေက စနောက်လာရင်တောင် အိုဗာကြီးတွေ မတုံ့ပြန်ပါနဲ့။ ဒီနေရာမှာ လုပ်ဖို့လိုအပ်တာက အေးအေးဆေးဆေးနဲ့ ပုံမှန်သူငယ်ချင်းတွေလိုပဲ ဆက်နေသွားဖို့ပါပဲ။ နောက်ပြီး အရမ်းကြီး serious လည်းမဖြစ်ပါနဲ့။ ဒါက သူငယ်ချင်းအုပ်စုထဲမှာ တစ်မျိုးကြီးဖြစ်နေခြင်းကို ရှောင်ရှားနိုင်မှာပါ။

၂။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ

ပြီးခဲ့တဲ့ ပတ်သက်မှုတစ်ခုမှာ ဘယ်သူ့ဘက်ကပဲ ဖောင်းခဲ့သည်ဖြစ်စေ။ ကိုယ့်ဘက်ကတော့ ပြန်ပြီးအစမဖော်ပါနဲ့။ ချစ်လို့တွဲခဲ့ကြတာပဲ။ ပြတ်သွားတော့လည်း အေးအေးဆေးဆေးပဲ ဆက်နေသွားလိုက်ရုံပဲပေါ့။ ဒါကြောင့်ပြီးခဲ့တာတွေအားလုံးကို အတိတ်မှာပဲထားခဲ့လိုက်ပါ။ နှစ်ယောက်ကြားက ပတ်သက်မှုအကြောင်းတွေထိုင်ပြောပြီး သူငယ်ချင်းတွေကြားမှာ ဖျော်ဖြေရေးတစ်ခုလို လုပ်ပြစရာမလိုအပ်ပါဘူး။

၃။ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေကို ရှောင်ရှားပါ

a-psychologist-whos-studied-couples-for-decades-says-this-is-the-best-way-to-argue-with-your-partner.jpg 

တွဲခဲ့ဖူးတဲ့ ရည်းစားတွေဆိုတော့ ယောင်ရမ်းပြီး လက်ကိုလှမ်းကိုင်မိတာတို့၊ ပုခုံးကိုလှမ်းတို့ထိတာတို့လို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေကို ရှောင်ရှားပါ။ အကျင့်ပါနေတော့ စိတ်ထဲကမပါဘဲ ရုတ်တရက် လုပ်လိုက်မိတာဆိုရင်တောင် ပြီးခဲ့တဲ့

ပတ်သက်မှုတစ်ခုမှာ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲကြပြီးပြီဆိုတော့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေကို ရှောင်ရှားပါ။ နောက်ပြီး အရင်ဆုံး အရမ်းကြီးလည်း ဂရုမပြမိစေပါနဲ့။ ရှင်းရှင်းပြောရရင် သူငယ်ချင်းထက်ပိုတဲ့ အပြုအမူအားလုံးကို တတ်နိုင်သမျှရှောင်ရှားပါ။

ဆွဲဆောင်မှုအားကောင်းတဲ့ လူတစ်ယောက်ဖြစ်လိုတယ်ဆိုရင် 

၄။ သူငယ်ချင်းတွေနဲ့ အရင်လိုလျှောက်လည်ပါ

သူငယ်ချင်းအုပ်စုထဲမှာ လျှောက်လည်ကြတာထုံးစံပါပဲ။ Ex ဘေးမှာပါနေလို့ဆိုပြီး သူငယ်ချင်းတွေကြားက လျှောက်လည်ကြမယ့် ပလန်တွေကို စွန့်ခွာမသွားပါနဲ့။ သူတို့သီချင်းသွားဆိုရင် လိုက်သွားလိုက်ပါ။ ရုပ်ရှင်ကြည့်ရင်လိုက်သွားလိုက်ပါ။ ပလန်အတိုင်းပဲ အလိုက်သင့်နေလိုက်ပါ။ သူ့ဘေးနားမှာလည်း ပုံမှန်ပဲနေပြီး သူငယ်ချင်းတွေကိုအဖော်ပြုလိုက်ပါ။ မလိုက်ဘဲချန်နေခဲ့တာကမှ သူငယ်ချင်းတွေကြားမှာ မလိုလားအပ်တဲ့ နေရထိုင်ရခက်မှုတွေမဖြစ်တော့ဘူးပေါ့။

၅။ သူ့ရဲ့ရည်းစားအသစ်ရှေ့မှာလည်း အေးဆေးပဲနေပါ

125868293.jpg 

တကယ်လို့ Ex က သူငယ်ချင်းတွေကြားကို သူ့ရဲ့ရည်းစားအသစ်ကို ခေါ်လာပြီးပွဲထုတ်ရင်လည်း ဝူးဝါးဝူးဝါးထမလုပ်ပါနဲ့။ ဘဝဆိုတာ တိုတိုလေးပါ။ သူ့မှာလည်း သူ့ဘဝနဲ့ ကိုယ့်မှာလည်း ကိုယ့်ဘဝနဲ့ဆိုတာကို နားလည်လက်ခံလိုက်ပြီး ရှေ့ဆက်သွားလိုက်ပါ။ ကိုယ်က ထားခဲ့ခံရတဲ့သူဖြစ်နေရင်တောင် Ex ရဲ့ရည်းစားအသစ်ကို မနာလိုစိတ်နဲ့အတင်းစကားတွေမဆိုမိပါစေနဲ့။ သူတို့ရှေ့မှာ ရိုင်းရိုင်းပျပျလည်း မဆက်ဆံပါနဲ့။ လူကြီးလူကောင်းတစ်ယောက်လိုပဲ နေပြီး မိမိရဲ့အဆင့်အတန်းရှိမှုကို ဖော်ပြလိုက်ပါ။

Source: PowerOfPositivity

 

Share

Loading Next Article...
က္က