ဘလိတ်လိုက်ဗလီဝတ်လိုက်မှ အရမ်းလှသွားတယ်။

ဟောလိဝုဒ်မင်းသမီး ဘလိတ်လိုက်ဗလီဟာ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ All I See Is You ဇာတ်ကား အထူးပွဲတွေကို ဖက်ရှင်အမျိုးမျိုးနဲ့ တက်ရောက်ခဲ့တယ်။ တစ်နေရာနဲ့တစ်နေရာ အကူးအပြောင်းမှာ အပြင်အဆင်နဲ့ ဝတ်စုံကိုပါ ပြောင်းလဲပြီး ဝတ်ဆင်ခဲ့တယ်။ လိုက်ဗလီဝတ်ခဲ့တဲ့ ဝတ်စုံတွေထဲမှာ မီးခိုးရောင် Chanel ဝတ်စုံဟာ မြင်သူငေးသွားရလောက်အောင် လှနေခဲ့ပါတယ်။

 

မီးခိုးရောင်သမ်းတဲ့ သတ္တုရောင် Chanel ဝတ်စုံနဲ့ လိုက်ဖက်အောင် ငွေရောင်ဖိနပ်တွေကိုလည်း ဝတ်ထားတော့ ညဘက်မြင်ရတဲ့ ကြယ်တစ်ပွင့်အလား လင်းလက်နေခဲ့တာပါ။ ဒူးအောက်ပိုင်းမှာ အချောင်းလေးတွေပုံစံလုပ်ထားပြီး ခန္ဓာကိုယ်ကိုတော့ ပန်းရောင်နဲ့အနက်စပ် ရတနာကြိုးတစ်ချောင်းက ရစ်သိုင်းထားသလို ဖန်တီးထားတဲ့ဒီဇိုင်းဟာ တကယ်ပဲ ဆန်းကြယ်ပါတယ်။ ဒီဝတ်စုံဟာ ဒီဇိုင်းသစ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီလက ပါရီမှာပြုလုပ်ခဲ့တဲ့ Chanel ရဲ့ Spring/Summer 2007 ဖက်ရှင်ပွဲမှာ ပြသခဲ့တဲ့ဝတ်စုံလို့ သိရတယ်။

see also 

 

ဒီဝတ်စုံကို ဘလိတ်လိုက်ဗလီမတိုင်မီ အခြား နာမည်ကျော်ပုဂ္ဂိုလ်တွေကလည်း ဝတ်ခဲ့ပါသေးတယ်။ ပထမဆုံးတစ်ယောက်ကတော့ Beatrice Borromeo ပါ။ မိုနာကိုထီးနန်းအရိုက်အရာဆက်ခံဖို့ ၇ ခုမြောက်နေရာမှာ ရှိနေတဲ့ မင်းသား Pierre Casiraghi ရဲ့ ကြင်ယာတော်ဖြစ်ပါတယ်။ အီတလီနိုင်ငံရဲ့ ရုပ်သံလိုင်းမှာ ထင်ရှားသူတစ်ဦးလည်းဖြစ်ပါတယ်။ ယခုနှစ် ဧပြီလမှာ ဝတ်ခဲ့တာပါ။

 

နောက်တစ်ယောက်ကတော့ မင်းသမီး ကယ်ရိုလိုင်းကလည်း ဝတ်ခဲ့ဖူးပါတယ်။ Princess of Hanover ဖြစ်ပြီး မိုနာကိုမင်းသားနဲ့ အမေရိကန်မင်းသမီး ဂရေ့စ်ကယ်လီတို့ရဲ့ အကြီးဆုံးသမီးလည်းဖြစ်ပါတယ်။ ကယ်ရိုလိုင်းကတော့ ၂၀၀၇ ခုနှစ်တည်းက ဒီဝတ်စုံကို ဝတ်ဆင်ကာ ပွဲတက်ခဲ့ဖူးတာပါ။

 

Source : Bazaar

Share

Loading Next Article...
က္က