ကိုယ့်မှာသာ ပါရမီ လုံလုံလောက်လောက် ပါရှိမယ်ဆိုရင်၊ ပရိသတ်အားပေးမှုနဲ့ ဆန်းကိုလည်း ပါးပါးနပ်နပ်လေး ထိန်းသိမ်းနိုင်မယ်ဆိုရင် ကမ္ဘာကျော်သန်းကြွယ်သူေဋ္ဌးတွေ ဖြစ်ဖို့ဆိုတာ မခဲယဉ်းလှပါဘူး။

အနုပညာလုပ်ငန်းဆိုတာ အရင်းနည်းပြီး အမြတ်များတဲ့ အလုပ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကိုယ့်မှာသာ ပါရမီ လုံလုံလောက်လောက် ပါရှိမယ်ဆိုရင်၊ ပရိသတ်အားပေးမှုနဲ့ ဆန်းကိုလည်း ပါးပါးနပ်နပ်လေး ထိန်းသိမ်းနိုင်မယ်ဆိုရင် ကမ္ဘာကျော်သန်းကြွယ်သူေဋ္ဌးတွေ ဖြစ်ဖို့ဆိုတာ မခဲယဉ်းလှပါဘူး။ အောက်မှာဖော်ပြထားတာကတော့ ကမ္ဘာ့အချမ်းဆုံး အမျိုးသမီးအဆိုတော်တွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေပဲ ဖြစ်ပါတယ်။

 

၁။ Janet Jackson (ဂျဲနက် ဂျက်ဆင်)

160505112440-janet-jackson-2010-super-tease.jpg 

ကမ္ဘာကျော် ပေါ့ပ်အဆိုတော်ကြီး Michael Jackson ရဲ့ ညီမလည်းဖြစ်တဲ့ ဂရမ်မီဆု (၇) ဆုကို ရရှိထားတဲ့ Janet Jackson ဟာ အမေရိကန်ဒေါ်လာ သန်း (၁၅၀) လောက် ကြွယ်ဝချမ်းသာပါတယ်။ သူမဟာ ကာတာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Wissam Al Mana နဲ့ လက်ထပ်ထားပြီး Eissa Al Mana ကို မွေးဖွားထားပါတယ်။ အခုအချိန်မှာ လူရှေ့သူရှေ့ သိပ်မထွက်တော့ပေမယ့် သူမအလည်လာပြီဆိုတိုင်း ဘဏ်ဝန်ထမ်းတွေ ပြုံးပျော်နေဆဲပါပဲ။

၂။ Rihanna (ရီဟန်းနား)

rihanna-cannes-chopard-may-2017-billboard-1548.jpg 

အမည်ရင်း Robyn Rihanna Fenty ဖြစ်တဲ့ Rihanna ကတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီစာရင်းထဲမှာ ပါလာခဲ့ပေမယ့် လွယ်လွယ်ကူကူတော့ ဖြစ်လာခဲ့တာ မဟုုတ်ပါဘူး။ အခက်အခဲတွေ အများကြီးကြားက ကြိုးစားရုန်းကန်ခဲ့ရတဲ့ ပါရမီရှင် အဆိုတော်မလေးပါ။ Rihanna ဟာ Barbados ကနေ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့လာခဲ့ပြီး ၂၀၀၅ ခုနှစ်က ပေါက်သီချင်းဖြစ်တဲ့ "Pon de Replay" ထွက်လာပြီးကတည်းက ဒေါ်လာသန်းနဲ့ချီပြီး အိတ်ထဲဝင်လာခဲ့တာပါ။ သူမရဲ့အသားတင်ကြွယ်ဝမှုကတော့ ဒေါ်လာ သန်း (၂၃၀) ဖြစ်ပါတယ်။

၃။ Shakira (ရှကီရာ)

shakira-portrait-may-2017-billboard-1548.jpg 

တင်ပါးလှုပ်အကနဲ့ ထင်ရှားတဲ့ အဆိုတော်မလေး (ဝါကာဝါကာသီချင်းနဲ့ လူသိများကြမှာပါ။) Shakira ကတော့ လက်တင်အမေရိက တဝှမ်းလုံးမှာ ဒုတိယ အရောင်းရဆုံး အဆိုတော်တစ်ဦးပါ။ သွက်လက်မြူးကြွတဲ့ ကဟန်တွေနဲ့ အားကောင်းတဲ့ အသံတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေးဟာ ကမ္ဘာတဝှမ်းလုံးမှာ အယ်လ်ဘမ်ပေါင်း (၁၂၅) သန်းခန့် ရောင်းချရပြီးပါပြီ။ အင်္ဂလိပ်ဘာသာ၊ စပိန်ဘာသာ (၂) မျိုးနဲ့ ဖြန့်ချီခဲ့တဲ့ သူမရဲ့သီချင်းတွေနဲ့အတူ သူမရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ သန်း (၂၂၀) ခန့်ရှိပါတယ်။

၄။ Celine Dion (ဆလင်း ဒီယွန်)

C1MjQItK6HS._SL1000_.png.jpg 

ကမ္ဘာကျော် Titanic ရုပ်ရှင်ကားထဲမှာ "My heart will go on" သီချင်းကို အသံပါဝါကောင်းကောင်းနဲ့ သီဆိုခဲ့ပြီး တစ်ကမ္ဘာလုံးက တေးချစ်သူတွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်သူကတော့ ကနေဒါအဆိုတော် Celine Dion ပဲ ဖြစ်ပါတယ်။ သူမဟာ သူမရဲ့ထုတ်ဝေသူလည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့ Rene Angelil နဲ့ လက်ထပ်ခဲ့ပြီးနောက် ပိုမိုကြွယ်ဝချမ်းသာလာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဂရမ်မီဆု (၇) ခုကို သိမ်းပိုက်နိုုင်ခဲ့တဲ့ ကနေဒါလူမျိုးအဆိုတော်ဟာ အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ သန်း (၃၈၀) ခန့်ရှိတယ်လို့ ဆိုကြပါတယ်။

See Also : 

၅။ Beyonce (ဘီယွန်ဆေး)

beyonce-grammys-red-carpet-billboard-1548.jpg 

သူမရဲ့ခင်ပွန်းဖြစ်သူ Jay-Z ရဲ့ပိုင်ဆိုင်မှုနဲ့သာ ပေါင်းလိုက်မယ်ဆိုရင် (လင့်ပစ္စည်း မယားလည်း ပိုင်တဲ့အတွက်) Beyonce ရဲ့အသားတင်ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ (၁.၁၆) ဘီလျံ (သန်းတစ်ထောင်ကျော်) ရှိပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ Jay-Z ရဲ့ပိုင်ဆိုင်မှုက ပိုများတာက လွဲရင်ပေါ့။ Jay-Z က ဒေါ်လာ သန်း (၈၁၀) လောက် ပိုင်ဆိုင်ထားပါတယ်။ Forbes မဂ္ဂဇင်းရဲ့ အဆိုအရဆိုရင် Beyonce ရဲ့ အသားတင်ပိုင်ဆိုင်မှုက ဒေါ်လာ သန်း (၃၅၀) ဝန်းကျင်ရှိပါသတဲ့။

၆။ Mariah Carey (မာရီယာ ကာရေး)

Mariah-Carey-Pictures-Through-Years.jpg 

Ms. Carey ကတော့ billboard သမိုင်းတလျှောက်လုံးမှာ အရောင်းရဆုံး အမျိုးသမီး အနုပညာရှင်ဖြစ်ပြီး အခုအချိန်ဆို အယ်လ်ဘမ်ချပ်ရေပေါင်း သန်း (၂၀၀) ကျော် ရောင်းချထားရပါတယ်။ ဒီလို ကြီးမားတဲ့ သမိုင်းကြောင်းတွေနဲ့အတူ သူမရဲ့ပိုင်ဆိုင်မှုကတော့ အသားတင် ဒေါ်လာ သန်း (၅၂၀) ကျော်ရှိပါတယ်။ (၂) ကြိမ်ကွာရှင်းဖူးတယ်ဆိုပေမယ့်လည်း ဘဏ္ဍာရေးအရ စိုးရိမ်ပူပန်စရာ မလိုတဲ့အတွက် အားကျစရာပါပဲ။

၇။ Madonna (မက်ဒေါနား)

1280_madonna_GettyImages473022496.jpg 

"Material Girl" လို့ တင်စားခေါ်ဝေါ်ခံရတဲ့ ကမ္ဘာကျော်အဆိုတော် Madonna ကတော့ လက်ရှိအချိန်မှာ ဒေါ်လာ သန်း (၅၆၀) ကျော်ပိုင်ဆိုင်ထားပြီး နောက်ထပ်လည်း ထပ်တိုးလာနိုင်ခြေရှိတော့ သူမရရှိထားတဲ့ ဂုဏ်ပုဒ်တွေနဲ့ ထိုက်တန်နေပါတယ်။ အခုအချိန်မှာ အသက် (၆၀) ပြည့်ပြီဆိုပေမယ့်လည်း Madonna ကို ကမ္ဘာတဝှမ်းလုံးက လူသန်းပေါင်းများစွာက ချစ်ခင်နေကြဆဲပါပဲ။ ၂၀၁၆ ခုနှစ်မှာ "Rebel Heart" ဆိုတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ကျင်းပနိုင်ခဲ့ပြီး အဲဒီပွဲတစ်ခုတည်းနဲ့ အမေရိကန်ဒေါ်လာ သန်း (၁၇၀) ရရှိခဲ့ပါတယ်။

Sour ce: yorkfeed

Share

Loading Next Article...
က္က