ပျားရည်ဟာ သဘာဝအချိုရည်တစ်မျိုးဖြစ်ပြီး အလှအပရေးရာအတွက်၊ ကျန်းမာရေးအတွက် အမျိုးမျိုးသော အကျိုးအာနိသင်တွေကို ပေးစွမ်းနိုင်ပါတယ်။ အစာအိမ်နဲ့ အစာခြေအင်္ဂါစနစ် ကျန်းမာရေးအတွက် ပျားရည်ကို နည်းအမျိုးမျိုးနဲ့ အသုံးပြုကြသလို ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက်လည်း ပျားရည်ကို အသုံးပြုနိုင်ပါတယ်။
ပျားရည်ကို အမျိုးသမီးတွေရဲ့ အလှအပရေးရာ အတွက်လည်း အသုံးပြုလို့ရပါသေးတယ်။ မဒီပျိုတို့ရဲ့ အလှအပရေးရာအတွက် ပျားရည်ကို စွယ်စုံအသုံးပြုနည်းလေးတွေကတော့...
ခြောက်သွေ့ပွယောင်းပြီး ပျက်ဆီးနေတဲ့ ဆံကေသာပိုင်ရှင်တွေအနေနဲ့ အလှပျက်ပြီဆိုပြီး စိတ်ညစ်မနေပါနဲ့ဦး။ အော်ဂဲနစ် ပျားရည်စစ်စစ်သာရှိရင် မိမိရဲ့ဆံပင်အလှတရားကို ကယ်တင်နိုင်ပါသေးတယ်။ အရင်ဆုံး ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥနဲ့ လုပ်ထားတဲ့ မရောနိစ် (လက်ဖက်ရည်ဇွန်းနဲ့) တစ်ဇွန်းရယ်၊ ပျားရည် (၂) ဇွန်းရယ်၊ ဗိုက်တာမင်အီး အဆီ အစက်အနည်းငယ်ရယ်၊ သံပုရာရည် (၁) ဇွန်းရယ်ကို ရောထည့်လိုက်ပါ။
ပြီးရင် ခေါင်းတစ်ထပ်လျှော်ပြီးမှ ဒီပျားရည်ပေါင်းဆေးလေးကို ဆံပင်ပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ (၁၅) မိနစ်လောက် နှပ်ထားပြီးရင် ရေနွေးလေးနဲ့ ပြန်ဆေးပေးနိုင်ပါပြီ။ ဒါဆိုရင်တော့ ပြန်လည်သန်စွမ်းပြီး စိုပြေချောမွေ့လာတဲ့ ဆံကေသာကို မြင်တွေ့နိုင်ကြပါပြီနော်။
ကြက်ဆူဆီကတော့ ဆံသားအရင်းပိုင်းအထိ အစိုဓာတ်ရရှိစေနိုင်ပြီး ဆံကေသာပိုမိုသန်စွမ်းစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်ကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဒီသဘာဝပေါင်းဆေးလေးမှာ ဆံကေသာအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ပြည့်နှက်နေတဲ့အတွက် ဆံသားပါးတဲ့သူတွေ အတွက်တော့ အထူးသင့်လျော်ပါတယ်။
ပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ ရှားစောင်းလက်ပတ်အနှစ် (လက်ဖက်ရည်ဇွန်းနဲ့) (၂) ဇွန်းရယ်၊ ကြက်ဆူဆီ (၁) ဇွန်းရယ်၊ အော်ဂဲနစ်ပျားရည် (၂) ဇွန်းရယ်ကို ထည့်လိုက်ပါ။ ပြီးရင် သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ ကြက်သီးနွေးရုံလောက် ရေနွေးလေးနဲ့ ဆံပင်ကိုဆေးပေးလိုက်ပါ။ ပြီးရင်တော့ ဒီပေါင်းဆေးလေးကို ခေါင်းလျှော်ရည်လိုသဘောထားပြီး ခေါင်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ (၁၀) မိနစ် လောက် ဒီတိုင်းထားပြီးရင် ကြက်သီးနွေးရုံလောက် ရေနွေးလေးနဲ့ပဲ ပြန်လည်ဆေးပေးလို့ရပါပြီ။
ဂရိဒိန်ချဉ်ဆိုတာ သကာရည်ထုတ်ပြီးသား ဒိန်ချဉ်ကိုပြောတာပါ။ ဂရိဒိန်ချဉ်ကို ပျားရည်နဲ့ရောစပ်လိုက်တာက ဆံသားကို ပုံမှန်သန်စွမ်းစေပြီး လက်ရှိအခြေအနေကိုလည်း ကောင်းစွာထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဗောက်ကင်းစင်စေတဲ့ အစွမ်းသတ္တိလည်း ပါဝင်ပါသေးတယ်။
ပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ ဂရိဒိန်ချဉ် (လက်ဖက်ရည်ဇွန်းနဲ့) (၁) ဇွန်း၊ အော်ဂဲနစ်ပျားရည် (၂) ဇွန်းတို့ကိုရောပြီး သမသွားသည်အထိ ရောမွှေပေးလိုက်ပါ။ ဆံပင်အရှည်ပေါ်မူတည်ပြီး ပမာဏကိုတိုးသင့်တိုး၊ လျှော့သင့်လျှော့လုုပ်နိုင်ပါတယ်။ ပြီးရင်တော့ ဆံပင်ပေါ်မှာသုတ်လိမ်းပေးလို့ရပါပြီ။ နာရီဝက်လောက်ထားပြီးရင်တော့ ရေနွေးလေးနဲ့ပြန်ဆေးပေးလို့ရပါပြီ။
Source: theindianspot
Share