ကြာကြာလည်းမဝတ်ရဘူး။ တစ်ထည်တည်းကို နှစ်ပေါက်အောင်လည်း မဝတ်ရဘူး။

တလောက ဖေ့စ်ဘုတ်မှာ တွေ့လိုက်မိလားမသိဘူး။ ဘရာစီယာဝတ်ထားရင်း အရမ်းယားလာလို့ ချွတ်လိုက်တာ အနီဖုတွေထပြီး ကျန်ခဲ့တယ်ဆိုတဲ့ပို့စ်လေ။ ဘရာစီယာတွေကို ဝယ်လာပြီးတာနဲ့ တန်းမဝတ်သင့်ပါဘူးနော်။ ဘယ်လောက်ပဲ ထုပ်ပိုးထားပါစေ ပြန်လျှော်ပြီးမှ ဝတ်ရပါမယ်။ ပြီးတော့ ဘရာတွေမှာ သက်တမ်းကုန်တာလည်း ရှိတယ်ဆိုတာ မဒီက စကားပါးလိုက်ချင်ပါသေးတယ်။

see also 

ဘရာစီယာတစ်ထည်ရဲ့ သက်တမ်းဆိုတာ ဘရာပေါက်ပြဲသွားမှ၊ ဝတ်ရတာ ချောင်ချိလာမှ၊ ကြပ်လာမှလို့ ထင်နေကြတာ များတယ်မဟုတ်လား။ ဒါလည်း မှားတယ်လို့တော့ ပြောလို့မရပါဘူး။ ဝတ်လို့အဆင်မပြေတော့ဘူးဆိုမှတော့ အသစ်ပဲဝယ်ရတော့မှာပေါ့လေ။ ဘရာတွေဟာ ရင်သားတွေကို သက်တောင့်သက်သာအနေအထားနဲ့ ထောက်ပင့်မထားနိုင်ဘူးဆို အသစ်နဲ့လဲဖို့လိုပါတယ်။ မဟုတ်ရင် ဘရာကြောင့် ကိုယ့်ရဲ့ ရင်သားအလှ ပျက်စီးသွားနိုင်တယ်။ ပြားသွားတာ၊ လျော့တွဲလာတာတွေကို ဘယ်သူမှ မဖြစ်ချင်ဘူးလေ။

 

တကယ်တော့ ဘရာစီယာတစ်ထည်ရဲ့ သက်တမ်းဟာ ၆ လမှ ၈ လ အထိသာ ရှိပါတယ်။ နှစ်ပေါက်အောင် မဝတ်သင့်ပါဘူးနော်။ ဘာလို့လဲဆိုတော့ လျှော်တာများရင် ဘရာက လျော့တိလျော့ရဲဖြစ်လာသလို ပုံစံကလည်း ပျက်လာပါတယ်။ ၆ လလောက် ဝတ်တာက အကောင်းဆုံးပါပဲလို့ ကျွမ်းကျင်သူတွေက ပြောတယ်။

 

ဘရာတွေကို လျှော်တဲ့အခါ စက်နဲ့လျှော်မယ်ဆိုရင် အဝတ်လျှော်အိတ်လေးထဲထည့်ပြီးလျှော်ရပါမယ်။ လက်နဲ့လျှော်ရင် ဘရာတွေကို လိမ်ပြီးရေညှစ်တာမျိုးလည်း မလုပ်သင့်ဘူး။ ရေနွေးနဲ့မလျှော်ဘဲ ရေအေးနဲ့ပဲ လျှော်တာက ဘရာရဲ့ တင်းအားဆွဲအားကို ပိုပြီးကြာကြာခံစေပါတယ်။

Source : GHK

 

Share

Loading Next Article...
က္က