၃၈ ဒေါ်လာကနေ ၂၈၆၁ ဒေါ်လာအထိ ထိုးတက်ခဲ့ပါတယ်။

လူပြောများလာတဲ့ Squid Game Cryptocurrency ဟာ မထင်လောက်အောင် ဈေးထိုးတက်ပြီးနောက် ဒီ Crypto ပရောဂျက်ဖန်တီးသူတွေဟာ လုပ်ငန်းဖျက်သိမ်းပြီး ‌ဒေါ်လာ ၂.၅ သန်းပိုက်ပြေးသွားခဲ့ပါတယ်။ 

နာမည်ကြီး Netflix ရုပ်ရှင်စီးရီးဖြစ်တဲ့ Squid Game ကို ကျောရိုးယူထားတဲ့ Cryptocurrency ဟာ ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ အဝယ်လိုက်ပြီး ၇၅၀၀% အထိ ထိုးတက်လာခဲ့တယ်လို့ Business Insider သတင်းက ဆိုပါတယ်။ မယုံနိုင်အောင် ဈေးတက်သွားပြီးနောက် ဒီ Cryptocurrency နဲ့ ချိတ်ဆက်နေတဲ့ ဝက်ဘ်ဆိုက် နဲ့ Social Media တွေ ရပ်ဆိုင်းသွားတာကြောင့် လိမ်ဆင်မိသွားပြီလို့ ယူဆခဲ့တာပါ။



Photo: Yahoo Sports


ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းက Squid Tokens တွေ ဝယ်ထားတဲ့သူတွေဟာ သူတို့ရဲ့ tokens တွေ ပြန်ထုတ်ရောင်းမရဖြစ်နေတယ်လို့ crypto-data provider တစ်ခုဖြစ်တဲ့ PancakeSwap service က ဖော်ပြခဲ့ပါတယ်။ Squid Game ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က အရောင်းအဝယ်မှာ ၀.၀၁ ဒေါ်လာ နှုန်းနဲ့ Trade လုပ်ခဲ့ရာကနေ တနင်္ဂနွေနေ့မှာ ၃၈ ဒေါ်လာဝန်းကျင်အထိ ပေါက်ခဲ့တယ်လို့ CoinMarketCap အချက်အလက်တွေက ဖော်ပြထားပြီး လုပ်ငန်းမဖျက်သိမ်းခင်မှာ ၂၈၆၁ ဒေါ်လာအထိ ထိုးတက်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

အခုချိန်မှာ Squid Game Token ဟာ ၀.၀၀၃၄၆၇ ဒေါ်လာပဲ ပေါက်တော့တယ်လို့ သိရပါတယ်။ Squid Game တည်ထောင်သူတွေလည်း ဘယ်သူမှန်း မသိကြသေးပါဘူး။ Forbes မဂ္ဂဇင်းမှာတော့ Founders တွေဟာ ဒေါ်လာ ၂.၅ သန်း ပိုက်ပြီး ထွက်ပြေးကြပြီလို့ ဖော်ပြထားပါတယ်။ 

"Scam လိမ်ဆင်လုပ်တာ တစ်ပတ်ပြည့်သွားပါပြီ။ ဈေးကလည်း ထိုးကျသွားတော့တာပါပဲ"လို့ CoinGecko တည်ထောင်သူ ဘော့ဘီအွန်းက ပြောပါတယ်။ "ဝက်ဘ်ဆိုက်နဲ့ Social Media အကောင့်တွေ ဖျက်သွားပြီဆိုတော့ ဒါအလိမ်အညာကြီးမှန်း သိသာနေပါတယ်"

Photo: finbold

Squid Cryptocurrency ဟာ ပိုက်ဆံရဖို့ Play-To-Earn ဂိမ်းကစားပြီး Token ဖန်တီးရတာပါ။ ရုပ်ရှင်ထဲကလို ဂိမ်း ၆ ပွဲကစားရပြီး နောက်ဆုံး ဆုကြေးနဲ့ အျားဆုံးကစားနိုင်မယ့် Player ဦးရေတော့ သတ်မှတ်မထားဘူးလို့ ဆိုပါတယ်။ Squid Crypto ဖန်တီးသူတွေရဲ့ Crypto အကြောင်း ပြောထားတဲ့သတင်းအချက်အလက်မှာတော့ လူများများ Join လေလေ ဆုကြေး ကြီးလေလေလို့ပဲ ဖော်ပြထားပါတာပါ။ 

အခုတော့ Squid Crypto မှာ ရင်းနှီးမြှပ်နှံသူတွေအဖို့ ပိုက်ဘောမိသွားတယ်လို့ပဲ ယူဆရတော့မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က