In partnership with  logo
ကလေးကို နို့တိုက်နေရတဲ့အတွက် မိခင်က မကြာခဏ ဗိုက်ဆာပါတယ်။

မိခင်ဘဝကို ခံယူဖို့ဆိုတာ တော်ရုံသတ္တိနဲ့တော့ မရပါဘူး။ ကိုယ်ဝန်လွယ်ထားရချိန်မှာလည်း အနေအထိုင် အသွားအလာ ဆင်ခြင်ရတယ်။ နေချင်သလို နေလို့မရ၊ စားချင်တိုင်းစားလို့မရဘူး။ ကလေးမွေးပြီးသွားရင် ပိုတောင်ဆိုးသေးတယ်။ ကလေးကို အချိန်ပြည့်ဂရုစိုက် အချိန်ပေးနေရတဲ့ မိခင်ဘဝဆိုတာ ကိုယ်တွေ့ကြုံမှ သိရတာပါ။

၁။ ကိုယ်ဝန်ဆောင်နဲ့တူတုန်းပဲ

RS11471_84516906-scr.jpg 

၈ ပေါင်လောက် ကလေးတစ်ယောက်ကို မွေးထုတ်ပြီးတာတောင်မှ ဗိုက်က လုံးဝဥဿုံ ချပ်မသွားပါဘူး။ ၄ လ ကိုယ်ဝန်ကို လွယ်ထားရသလို နည်းနည်းလောက် ဗိုက်က ပူနေတုန်းပါပဲ။ သားအိမ်နဲ့ဝမ်းဗိုက်က အရွယ်အစားကို ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အချိန်လိုသေးတယ်လေ။

see also 

၂။ နို့တိုက်တာကထင်သလောက်မလွယ်ဘူး

နို့မထွက်လို့ စိတ်ညစ်ရတာတွေ၊ နို့အရမ်းထွက်လွန်းလို့ အဝတ်အစားခဏခဏလဲရတာတွေအပြင် ကလေးကို နို့တိုက်ရတာဟာ ကိုယ်သိထားတာထက် အများကြီးပိုခက် ပိုပင်ပန်းတယ်ဆိုတာပါပဲ။ လေ့လာမှုရှိခဲ့သည့်တိုင် လက်တွေ့မှာတော့ တစ်ယောက်တည်းလုပ်ဖို့ မလွယ်ပါဘူး။ စီနီယာမမတွေနဲ့ အမေ့ရဲ့အကူအညီ လိုပါတယ်။

၃။ စားပြီးရင်းစား

Honey Crop Breastfeeding.jpg 

ကိုယ်ဝန်ဆောင် ချဉ်ခြင်းတပ်တာကို ကြုံခဲ့ရပြီးပြီမဟုတ်လား။ ကလေးမွေးပြီးရင်တော့ အသားကုန်စားတာ စလာပါပြီ။ ကလေးကို နို့တိုက်နေရတဲ့အတွက် မိခင်က မကြာခဏ ဗိုက်ဆာပါတယ်။ စားရင်းစားရင်းနဲ့ ဝိတ်က တက်လာတော့တာပဲ။ ကလေးနို့ပြတ်မှ ဝိတ်ချလို့ရမယ်။

၄။ အိပ်ပျက်စားပျက်

ကလေးမမွေးခင်ကတော့ မြန်မြန်မွေးချင်လှပြီလို့ ပြောခဲ့တယ်။ တကယ်လည်း မွေးလာရော အလုပ်တွေများတော့တာပါပဲ။ ရင်သားတွေက တောင့်တင်းနေတယ်၊ ကလေးငိုလို့ ညည အိပ်မရဘူး။ စားနေရင်းတန်းလန်းနဲ့ ကလေးနို့တိုက်ရတယ်။ တီဗီကြည့်ရင်း၊ ကလေးနို့တိုက်ရင်း၊ ထမင်းစားရတဲ့ multi tasking အလုပ်မျိုးဟာ မိခင်ဘဝမှ အလိုလိုတတ်ကျွမ်းလာပါတော့တယ်။

၄။ အိမ်ထဲကအိမ်ပြင်တောင် မထွက်ချင်ဘူး

2765304000000578-3032000-Jenny_s_book_features_touching_photographs_of_new_mothers_cradli-a-11_1428597368673.jpg 

ကိုယ့်ရဲ့ရင်သွေးလေးကို အချိန်ပြည့် မျက်စိအောက်မှာထားပြီး ကြည့်နေချင်တယ်။ အပြင်ထွက်ရမယ့်ကိစ္စဆို ဟင့်အင်းပဲ။ လိုအပ်သမျှ ကလေးပစ္စည်းရော လူကြီးပစ္စည်းတွေအားလုံး ကလေးနဲ့ကိုယ့်ဘေးမှာပဲထားတော့တယ်။ တော်ရုံနဲ့ ထိုင်ရာကတောင်မထဖြစ်တော့ပါဘူး။

 

၅။ သွေးထွက်နေဦးမယ်

ဗိုက်ခွဲမွေးတာမဟုတ်ဘဲ ရိုးရိုးမွေးတဲ့ မိခင်တွေဟာ မီးဖွားပြီးရက်အတော်ကြာသည့်တိုင်အောင် သွေးဆင်းနေဦးမှာပါပဲ။ သီတင်းပတ် နှစ်ပတ်လောက်အထိ ဆက်တိုက် သွေးဆင်းနေလေ့ရှိပါတယ်။ ဒါက စိုးရိမ်စရာမဟုတ်ပါဘူးတဲ့။ မိခင်တိုင်းကြုံရတဲ့ကိစ္စဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

Source : Redbook

Share

Loading Next Article...
က္က