ဆယ်ကျော်သက်အရွယ်မှာ အကြီးအကျယ် အောင်မြင်နေတဲ့ ခိုင်လီဂျန်နာဟာ သူမရဲ့အသက် ၂၅ နှစ်မှာ ကိုယ်ပိုင်ဝင်ငွေနဲ့ ဘီလျံနာတစ်ဦး ဖြစ်လာမယ့်လမ်းကြောင်းပေါ် ရောက်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ခိုင်လီရဲ့ဝင်ငွေဟာ သူမရဲ့ကိုယ်ပိုင်စီးပွားရေးစတင်တဲ့ ၁၈ လ အတွင်းမှာတင် ဒေါ်လာ သန်း ၄၂၀ မြင့်တက်လာခဲ့တယ်လို့ ခိုင်လီဂျန်နာရဲ့မိခင် ခရစ္စဂျန်နာက ပြောပါတယ်။ ခိုင်လီရဲ့အသက်က ခုဆို အသက် ၂၀ ရှိပြီမို့ နောက် ၅ နှစ်အတွင်း ဘီလျံနာဖြစ်လာဖို့ သေချာသလောက်ပါပဲ။
သူမရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် Kylie အမည်နဲ့ အလှကုန်ပစ္စည်းတွေကို ထုတ်လုပ်ရာမှာ တစ်ကမ္ဘာလုံးအနှံ့ လူကြိုက်များ ပေါက်ရောက်ခဲ့ပါတယ်။ သူမရဲ့သမီးဟာ ဒီအမှတ်တံဆိပ်နဲ့ပတ်သက်ပြီး အစပျိုးရုံလောက်လေးသာ လုပ်ရသေးတာဖြစ်တာမို့ ဒီအမှတ်တံဆိပ်နဲ့ နောက်ထပ်အများကြီးလုပ်စရာတွေ ရှိနေသေးတယ်လို့ ခရစ္စဂျန်နာက ပြောပါတယ်။ ပြီးတော့ ခိုင်လီဟာ ငယ်ငယ်တည်းက ဒီအလုပ်ကို လုပ်ချင်နေတာခဲ့ဖြစ်ကြောင်းနဲ့ သူမရဲ့ Kylie Cosmetics ကို တကယ်ကို စိတ်ထက်သန်မှု ပြင်းပြစွာ လုပ်နေတာဖြစ်တယ်လို့လည်း သမီးဖြစ်သူကို အမွှန်းတင်သွားပါသေးတယ်။
ခိုင်လီဟာ သူမရဲ့အသက် ၁၉ နှစ်မှာ Kylie Cosmetics အမည်နဲ့ နှုတ်ခမ်းနီတွေကို စတင်ထုတ်လုပ်ခဲ့တာပါ။ သူမကိုယ်တိုင် တည်ထောင်ခဲ့တာဖြစ်ပြီး အခြားရင်းနှီးမြှုပ်နှံသူတွေ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ သူမရဲ့ Kylie အမှတ်တံဆိပ်နဲ့ အလှကုန်တွေအပြင် တခြားလူသုံးကုန်တွေပါ ဆက်လက်ထုတ်သွားမယ်ဆိုရင် ဝင်ငွေကလည်း တိုးလာဦးမှာပါ။
ဒါမှမဟုတ် Kylie Cosmetics ရဲ့ ရောင်းအားကိုချည်းပဲ ကြည့်မယ်ဆိုရင်လည်း ရောင်းအားကတက်လာနေတာမို့ ခိုင်လီဟာ အသက် ၂၅ လောက်ဆို ဘီလျံနာဖြစ်နေတော့မှာ သေချာပါတယ်။ လက်ရှိမှာတော့ ခိုင်လီဟာ သူမရဲ့ချစ်သူ ထရာဗစ်စကော့တ်နဲ့ ရထားတဲ့ သားဦးကိုယ်ဝန်ကို လွယ်ထားနေရပါတယ်။
Source : Time