ခုခေတ်စုံတွဲအများစုက ခဏလေးနဲ့ ပြတ်သွားကြတာများတယ်။ အဲ့ဒီလို မဖြစ်ချင်ဘူးမို့လား?

43.jpg 

၁။ အတူတူခရီးထွက်ပါ။

ချစ်သူနှစ်ဦးကြား လေးနက်ခိုင်မာတဲ့ ချစ်ခြင်းတရားရှိလာဖို့အတွက်က ပျော်ရွှင်စရာခရီးတစ်ခုကို အတူတူသွားတာပါပဲ။ ဒီလိုသွားခြင်းအားဖြင့် အပြန်အလှန်ဂရုစိုက်မှုတွေ၊ စောင့်ရှောက်မှုတွေရှိလာပြီး တစ်ဦးပေါ်တစ်ဦး ပိုမိုအားကိုးလာစိတ်၊ ယုံကြည်မှုစိတ်တို့ မြင့်တက်လာစေမှာပါ။ ဒီအခြေအနေကမှတဆင့် ခိုင်မြဲတဲ့ မေတ္တာတရားတွေနဲ့ ရှေ့ဆက်လျှောက်လှမ်းဖို့ စိတ်ခွန်အားတွေလည်း ရရှိစေပါတယ်။

၂။ နှစ်ဖက်သော မိဘတွေနဲ့ မကြာခဏတွေ့ဆုံပေးကြပါ။

ဒါကတော့ တစ်ဦးအပေါ် တစ်ဦး သေတပန်သက်တဆုံး လက်တွဲကြဖို့ဆိုတဲ့ အမြင်မျိုးကို ခိုင်မာစေပါတယ်။ ကိုယ်စီကိုယ်စီမိဘတွေနဲ့ ပေးတွေ့ခြင်းအားဖြင့် မိမိလက်တွဲဖော်ရဲ့အကြောင်းကို နှစ်ဖက်မိဘတွေလည်း သိရှိလာမှာဖြစ်ပြီး မိသားစုချင်းရင်းနှီးမှုလည်း ရရှိစေမှာပါ။ ပွင့်လင်းရိုးရှင်းမှုအပြည့်အဝနဲ့ လက်တွဲကြမယ်ဆိုရင်တော့ ချစ်သူတို့ရဲ့ ချစ်သက်တမ်းက ရည်ရွယ်ထားတဲ့အတိုင်း ခိုင်မြဲမှုအပြည့်အဝရှိလာမှာပါ။

see also 

၃။ အကောင်းဆုံးသူငယ်ချင်းတွေပုံစံမျိုးလည်း နေထိုင်ပေးပါ။

33.jpg

ချစ်သူဘဝမှာ ရိုမန်တစ်ဆန်ဆန်လေးတွေ ပြုမူနေထိုင်တာတွေက နှစ်လိုဖွယ်ရာကောင်းပါတယ်။ အဲဒီလို ရိုမန်တစ်ဆန်တာမျိုး အခင်မင်ဆုံး၊ အရင်းနှီးဆုံးဆိုတဲ့ သူငယ်ချင်းတွေပုံစံမျိုး ရှိနေတာကလည်း ချစ်သူနှစ်ဦးကြားက သံယောဇဉ်တွေကို တမျိုးဆန်းသစ်စေမှာပါ။ ဟာသလေးတွေ ပြောပြီး ရယ်မောနေတာမျိုး၊ တစ်ယောက်အပေါ်တစ်ယောက် အနစ်နာခံတာမျိုး အစရှိတဲ့ သူငယ်ချင်းပုံစံ ချစ်သူဘဝကလည်းနှစ်ဦးကြားမှာ သစ်ဆန်းတဲ့ချစ်ခြင်းတစ်မျိုးဖြစ်လာစေပါလိမ့်မယ်။

 

၄။ တစ်ယောက်ပြောစကားကို တစ်ယောက်က အလေးအနက် နားထောင်ပေးပါ။

များစွာသော ချစ်သူစုံတွဲတွေက ခဏလေးချင်းအတွင်းမှာပဲ ပြတ်တောက်လေ့ရှိကြပါတယ်။ အဲဒီလို ပြတ်တောက်ရတဲ့ အဓိကအကြောင်းရင်းထဲမှာတစ်ယောက်ပြောတဲ့စကားကို တစ်ယောက်က အလေးအနက်ထား နားထောင်မှုမရှိလို့ဆိုတဲ့ အကြောင်းရင်းလည်း ပါဝင်ပါတယ်။ လေးနက်မှုနဲ့နားထောင်တတ်မှုဆိုတာ ဘဝမှာအရေးပါလှပါတယ်။ ချစ်သူဘ၀ ရေရှည်ခိုင်မြဲဖို့ဆိုရင်တော့ နားထောင်တတ်ဖို့ သင်ယူကြရမှာပါ။ တစ်ယောက်ပြောတဲ့စကားအပေါ်မှာ တခြားတစ်ယောက်က အလေးအနက်ထား နားထောင်တတ်လာပြီဆိုရင်တော့ သင်တို့ချစ်ခြင်းက ကွဲကွာဖို့၊ ခွဲခွာဖို့စိုးရိမ်ကြောင့်ကြရမှုတွေ နည်းပါးလာပါလိမ့်မယ်။

၅။ တစ်ဦးအပေါ် တစ်ဦး အပြန်အလှန် ဖေးမပေးပါ။

48.jpg 

နောက်ဆုံးအနေနဲ့ဆိုရင်တော့ ချစ်သူနှစ်ဦးဟာ တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန် ကူညီထိန်းကျောင်းမှုတွေ၊ ထောက်ပံ့မှုတွေ ရှိဖို့လိုအပ်ပတယ်။ တစ်ဦးဦးက အထီးကျန်နေတယ်လို့ ခံစားနေရချိန်၊ လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုတွေ ရင်ဆိုင်နေရချိန်တွေမှာ တစ်ဦးက တစ်ဦးရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်ပြီး လိုအပ်တဲ့ ကူညီမှု၊ အကြံပေးမှုတွေ ပြုလုပ်ပေးဖို့လည်း အရေးကြီးပါတယ်။ ဒီအချက်က တစ်ဦးနဲ့တစ်ဦးယုံကြည်မှုတွေ၊ အားကိုးစိတ်တွေ အပြန်အလှန်တည်ရှိလာပြီး နွေးထွေးတဲ့ ချစ်သူတို့ဘဝကို ပိုင်ဆိုင်စေမှာပါ။

Share

Loading Next Article...
က္က