မျက်နှာကို လက်နဲ့မကိုင်နဲ့....

ကိုယ့်ရဲ့အရေပြားဟာ စနစ်တကျ ထိန်းသိမ်းထားဖို့ လိုပါတယ်။ မိတ်ကပ်တွေ ဘယ်လောက်လိမ်းလိမ်း အသားအရေ မလှဘူး၊ အသားအရေမကောင်းဘူးဆိုရင် ကြည့်ကောင်းမှာမဟုတ်ဘူးနော်။ အရေပြားနဲ့ အလှအပရေးရာ ကျွမ်းကျင်သူ ဆရာဝန်တွေဆီကိုသွားရင် သူတို့က သင့်ကို ဒါတွေပြောပြလေ့ရှိပါတယ်။

၁။ Anti-aging

42.jpg 

မျက်လုံးအောက်မှာ အရေးအကြောင်းလေး စပေါ်လာပြီဆိုတာနဲ့ အရွယ်တင်နုပျိုစေမယ့် ခရင်မ်တွေ ၊ ကုသမှုတွေ စဖို့လိုနေပါပြီ။ ဒါပေမဲ့ Botox ၊ Fraxel တို့လို filler တွေကိုတော့ အသက် ၄၀ နောက်ပိုင်းမှသာ ထိုးသင့်ပါတယ်။

၂။ မိတ်ကပ်တွေနဲ့မအိပ်ဖို့

ငယ်တုန်းကတော့ မိတ်ကပ်မဖျက်၊ သနပ်ခါးမဖျက်ဘဲ အိပ်ခဲ့တာ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ သက်လတ်ပိုင်းအရွယ် ရောက်လာချိန်မှာတော့ အရမ်းသိသာလာပြီ။ မိတ်ကပ်မဖျက်ဘဲ အိပ်လိုက်တာနဲ့ ဝက်ခြံတွေ အဆီဖုတွေ ချက်ခြင်းထွက်လာတတ်တယ်။ ဒီတော့ လိမ်းထားတဲ့မိတ်ကပ်တွေ ပြောင်စင်အောင်ဖျက်ပြီးမှ အိပ်ရာဝင်ပါ။

၃။ လက်နဲ့မထိရဘူး

21.jpg 

ကိုယ့်မျက်နှာလေးကို ဘယ်လောက်ချစ်ချစ် အလကားနေ လက်နဲ့ကိုင်နေတာမျိုး မလုပ်ပါနဲ့။ လက်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေက မျက်နှာပေါ်ရောက်သွားတဲ့အခါ အရေပြားကို ဒုက္ခပေးတော့တာပဲ။

၄။ ချစ်ပါ

ချစ်တင်းနှောခြင်းဟာ အသားအရေကို ပိုလှလာစေပါသတဲ့။ အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှု ပိုများလာတဲ့အခါ အီစထရိုဂျင်ဟော်မုန်းတွေ မြင့်တက်လာပါတယ်။ အသားအရေကို စိုပြေတင်းရင်းစေပါတယ်။

၅။ ကာကွယ်ပြုပြင်မှု

91.jpg 

နေ့ဘက်မှာ အသားအရေကို ကာကွယ်ပါ။ မိုးအုံ့နေရင်တောင်မှ နေရောင်ကာလူးဆေးကို လိမ်းပြီးမှ အပြင်ထွက်ပါ။ ညအိပ်ရာမဝင်ခင် မျက်နှာသစ်ပြီးတာနဲ့ night cream ကို လိမ်းပေးရင် နေ့ဘက်က ပျက်စီးထားတဲ့အသားအရေကို ညမှာ ပြန်လည်ပြုပြင်ပေးနိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

၆။ ဖောင်ဒေးရှင်းရဲ့ SFP ပမာဏကို အားမကိုးနဲ့

အောက်ခံမိတ်ကပ် ဖောင်ဒေးရှင်းမှာ ဖော်ပြထားတဲ့ SPF ပမာဏကို အပြည့်အဝ မယုံလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ မိတ်ကပ်သားအနေနဲ့ အောက်ဆုံးမှာသာ ရှိနေတာလေ။ ပြီးတော့ တကယ်လိမ်းလိုက်ရင် အာနိသင်က တစ်ဝက်ပဲရတော့တာဆိုတော့ နေရောင်ကာလူးဆေးကို လိမ်းတာ မမှားပါဘူး။

Source : Red Book

Share

Loading Next Article...
က္က