In partnership with  logo
" ဘာကြောင့်ဒီလိုဖြစ်အောင်နေခဲ့လဲ" လို့ပဲ လူတွေက သူမကို အပြစ်ပုံချခဲ့တာ။

အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခံမှုကို #metoo လှုပ်ရှားမှုနဲ့ ဆန့်ကျင်နေကြပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခံရဖူးတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြပြီး ဒီလုပ်ရပ်မျိုးကို ဆန့်ကျင်ကြောင်း ဖော်ပြနေကြတာပါ။ Ballet After Dark အမည်ရှိ အင်စတာဂရမ်အကောင့်တစ်ခုကလည်း သူမရဲ့အဖြစ်ဆိုးကြီးကို ပြောပြခဲ့တယ်။ သူကတော့ အဓမ္မကျင့်ခံခဲ့ရပြီးနောက် ဘဲလေးအကကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

 

သူမက ဘဲလေးအကကို ကနေခဲ့တာ ၂၈ နှစ်လောက် ရှိပါပြီ။ အရင်တုန်းကတော့ ဘဲလေးအကဟာ ဝါသနာပါလို့ ကခဲ့ရုံပါပဲ။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်မှာ ကြုံခဲ့ရတဲ့ အဖြစ်ဆိုးကြောင့် ဘဲလေးအကဟာ သူမအတွက် ပိုပြီး အဓိပ္ပာယ်ရှိလာခဲ့တယ်။ အဲ့ဒီနေ့တုန်းက Baltimore က သူမ နေထိုင်ရာ တိုက်ခန်းအပြင်ဘက်က တောထဲမှာ သူမကို သူစိမ်းတစ်ယောက်က အဓမ္မကျင့်သွားခဲ့တယ်။

 

အဓမ္မကျင့်တာတောင်မှ ရိုးရိုးမဟုတ်ဘူး အနိုင်ကျင့်စော်ကား ညှင်းပန်းသွားခဲ့သေးတယ်။ အဲ့ဒီသူစိမ်းက သူမကို ရိုက်နှက်တယ်၊ ဓားမြတိုက်တယ်၊ သူမပေါ်ကို အပေါ့စွန့်ပြီး တံတွေးနဲ့ပါ ထွေးသွားခဲ့သေးတာ။ တကယ်ကို ဆိုးရွားလွန်းလှတဲ့ ဖြစ်ရပ်ဆိုးကြီးပါပဲ။ ခန္ဓာကိုယ်တစ်ခုလုံးလည်း ကုတ်ခြစ်ရာတွေအပြည့်နဲ့ ခေါင်းပေါ်မှာလည်း ရွှံ့တွေကို ပေကျံပြီး ထားသွားတာ။ ဒီဖြစ်ရပ်ကြောင့် အချိန်အတော်ကြာတဲ့အထိ အရှက်ရနေခဲ့ရတယ်။ ရဲကိုတိုင်ခဲ့ပေမဲ့ သက်သေအထောက်အထား မပြနိုင်လို့ တရားခံကိုလည်း မဖော်ထုတ်နိုင်ခဲ့ဘူး။

 

ခုချိန်ထိအောင်လည်း သူမကို လုယက် နှိပ်စက် အဓမ္မကျင့်သွားတဲ့ တရားခံက မပေါ်သေးဘူး။ " ဘာကြောင့်ဒီလိုဖြစ်အောင်နေခဲ့လဲ" လို့ပဲ လူတွေက သူမကို အပြစ်ပုံချခဲ့တာ။ မတရားကျင့်ခံရလို့ ကိုယ်ဝန်ပါ ရသွားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီကိုယ်ဝန်ကို Plannend Parenthood အဖွဲ့အစည်းရဲ့ အကူအညီနဲ့ ဖျက်ချနိုင်ခဲ့ပါတယ်။

 

ဒီဖြစ်ရပ်အပြီး ၈ လလောက်အထိ ဆောက်တည်ရာမရ ဖြစ်နေခဲ့တယ်။ နောက်တော့မှ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူမက ဘဲလေးအကကို ပြန်ကခဲ့တယ်။ ဝါသနာပါတဲ့ အကပေါ်မှာ စိတ်ကိုနှစ်မြှုပ်ထားလိုက်တဲ့အခါ သူမအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ဖို့ အထောက်အပံ့ဖြစ်လာခဲ့ပါတယ်။ စိတ်နဲ့ကိုယ်နဲ့ ပြန်ဆက်သွယ်လာနိုင်ခဲ့ပြီးနောက် သူမဟာ နာမည်ရလာတဲ့ ဘဲလေးအကမယ်တစ်ဦး ဖြစ်လာခဲ့ပါတော့တယ်။

Source : Shape

Share

Loading Next Article...
က္က