In partnership with  logo
#TeamDivorce ဘက်တော်သားပါတဲ့။

စာရေးဆရာမ ဂျေ ကေ ရိုးလင်း (JK Rowling) ကို ဟယ်ရီပေါ်တာစာအုပ်တွေနဲ့ တွဲပြီး သိကြတယ်။ နောက်ထပ် သူမရဲ့ ဂုဏ်ပုဒ်တစ်ခုကတော့ တွစ်တာပေါ်မှာ ထိထိမိမိရေးတတ်တာကြောင့်လည်း လူသိများပါတယ်။ ခုလည်း ရိုးလင်းက ဗြိတိန်မင်းသားရဲ့ ဇနီးလောင်း မီဂန်မာကယ်ကို ပြောနေသူတွေအပေါ် တုံ့ပြန်လိုက်ပြန်ပြီလေ။

 

အမေရိကန်သရုပ်ဆောင် မီဂန် မာကယ်ဟာ ဗြိတိန်မင်းသား ဟယ်ရီနဲ့ စေ့စပ်လိုက်ပြီဆိုတဲ့အကြောင်းကို တနင်္လာနေ့က ကြေညာလိုက်တာပါ။ ဗြိတိန်သူမဟုတ်ဘဲ သွေးနှောတဲ့ အမေရိကန်သူတစ်ဦးကို တော်ဝင်မိသားစုဝင် မဖြစ်သင့်ဘူးလို့လည်း တချို့တွေက ဝေဖန်နေကြတယ်။ သတင်းကလည်း အင်တာနက်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့တာလေ။

 

ဟယ်ရီက အသက် ၃၃ နှစ် ၊ မီဂန်က ၃၆ နှစ် ဆိုတော့ အသက်လည်း နည်းနည်းကြီးတယ်။ ပြီးတော့ အိမ်ထောင်လည်းကျဖူးသူဆိုတော့ မီဂန်ကို မနှစ်မြို့သူတွေက မီဂန်ဟာ တော်ဝင်မိသားစုဝင် မဖြစ်သင့်ဘူးလို့ ပြောနေကြတယ်။ မီဂန်က ကွာရှင်းဖူးတဲ့အပေါ် The Spectator က သတင်းရေးသားထားတာကို ရိုးလင်းက ဝင်ပြောလိုက်တာ ဖြစ်ပါတယ်။

 

မီဂန်နဲ့ ဟယ်ရီတို့အတွဲကို ထောက်ခံအားပေးသူတွေက #TeamDivorce စာနဲ့အတူ လူမှုကွန်ရက်တွေမှာ ရေးသားထောက်ခံနေပါတယ်။ မီဂန်ကလည်း တရားဝင်ကွာရှင်းထားတာ ဖြစ်သလို ဟယ်ရီ့မှာလည်း သူ့ရဲ့ဆန္ဒအတိုင်း အိမ်ထောင်ဖက်ရွေးချယ်ခွင့်ရှိကြောင်း ထောက်ခံနေကြတာပါ။ The Spectator က ရေးသားထားတဲ့ သတင်းကိုတော့ ရိုးလင်းက #TeamDivorce ဆိုတဲ့ hash tag နဲ့အတူ တွစ်တာပေါ်မှာ ပြန်လည်မျှဝေပြီး မီဂန်တို့ဘက်က ရပ်တည်ပေးလိုက်တာ ဖြစ်ပါတယ်။

Source : JK Rowling Twitter

Share

Loading Next Article...
က္က