ပျိုမေလေးတို့မှာ ခရီးထွက်ရတာ ဝါသနာပါသူတွေရှိလား။ ခရီးထွက်တိုင်း လိုအပ်တဲ့အထဲမှာ နေကာမျက်မှန်တစ်လက်လည်း လိုတယ်နော်။ တကယ်ဆိုရင်တော့ နေကာမျက်မှန်ဆိုတာ ရှိုးထုတ်ရုံသက်သက်နဲ့ ဈေးကြီးပေး ဝယ်ရတဲ့အသုံးအဆောင်တော့ မဟုတ်ပါဘူး။ နေရောင်ခြည်ကြောင့် မျက်လုံးကို မထိခိုက်အောင် ကာကွယ်ပေးနိုင်ဖို့က အဓိကျပါတယ်။ ဘယ်လိုနေကာမျက်မှန်မျိုး ဝယ်ရမလဲဆိုတာ စဉ်းစားမရဘူးဆိုရင်တော့ လတ်တလော ခေတ်စားနေတဲ့ ဒီဇိုင်းတွေကို ရွေးချယ်ပေးလိုက်တယ်နော်။
၁။ Aviator
ဒါတွေက ဘယ်တော့မှ ရိုးမသွားတဲ့ ဒီဇိုင်းတွေ။ ချစ်သူနဲ့ ဆင်တူတပ်ရင်လည်း လှတယ်။ နှာတံလေးကို ပိုပေါ်စေပြီး စမတ်ကျတဲ့အသွင် ဖြစ်လာစေပါတယ်။
၂။ Tortoiseshell
လိပ်ခွံပုံသဏ္ဍန်မျိုး အကွက်လေးတွေနဲ့ပေါ့။ ဘောင်အထူနဲ့ကွပ်ထားတဲ့ နေကာမျက်မှန်တွေ ခေတ်စားတယ်။ ကမ်းခြေသွားတဲ့အခါမျိုးမှာ တပ်ကြတာများတယ်။
၃။ Rose Gold
ဒါကျတော့ အရောင်ကို ဦးစားပေးတပ်တာ။ မှန်နဲ့မျက်မှန်ကိုင်းက cat eye ပုံစံမျိုးဆိုရင်တော့ အတော်လေး စတိုင်လ်ကျတယ်။ သိတဲ့အတိုင်းပဲ ခုခေတ်က rose gold ခေတ်လေ။ ဘာပစ္စည်းဖြစ်ဖြစ် rose gold အရောင်ကမှ လှတယ်ထင်ကြတာကိုး။ ကိုယ်လည်း တစ်လက်လောက်တော့ ဆောင်ထားပြီး ပဲများလို့ရတာပေါ့။
Source : Look