ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းကြီးတွေမှာ အဓိက ဦးဆောင်ရတဲ့ နေရာတွေဟာ အမျိုးသားတွေပဲ ဖြစ်နေလေ့ရှိပါတယ်။ အမျိုးသမီးခေါင်းဆောင်တွေ ရှိပေမဲ့လည်း အမျိုးသားတွေနဲ့ အချိုးချ ယှဉ်ကြည့်မယ်ဆို သိသိသာသာကြီး ကွာဟနေမှာပါ။ ဒါပေမဲ့ လေ့လာမှုတစ်ခုအရတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး ခေါင်းဆောင်နိုင်မှုစွမ်းရည် ပိုကောင်းတယ်လို့ ဆိုတယ်။
လေ့လာမှုကိုတော့ BI Norwegian Business School က ပရော်ဖက်ဆာ Øyvind L. Martinsen ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မန်နေဂျာပေါင်း ၃၀၀၀ နီးပါးရဲ့ အလေ့အကျင့်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို လေ့လာခဲ့ကြတာပါ။ လေ့လာမှု အပိုင်းအခြားတိုင်းနီးပါးမှာ အမျိုးသမီးသမီးခေါင်းဆောင်တွေဟာ အမျိုးသားခေါင်းဆောင်တွေထက် ပိုကောင်းမွန်နေကြတာကို တွေ့ခဲ့ရတယ်။
ကဏ္ဍ ၅ ခု ခွဲခြားပြီး လေ့လာခဲ့ရာမှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ယှဉ်ရင် ကဏ္ဍ ၄ ခုမှာ သာနေတာ တွေ့ရတယ်။ အဆိုပါ ကဏ္ဍတွေကတော့ ခြေလှမ်းသစ်စခြင်းနဲ့ အဆက်အသွယ်ကောင်းမွန်ခြင်း ၊ ပွင့်လင်းမှုနဲ့ အသစ်တီထွင်နိုင်စွမ်း ၊ လူမှုဆက်ဆံရေးနဲ့ အားပေးထောက်ခံတတ်မှု ၊ စနစ်တကျစီမံခန့်ခွဲနိုင်မှု ၊ ပန်းတိုင်ချမှတ်မှု ဆိုပြီး ကဏ္ဍ ၅ ခု ခွဲကာ လေ့လာခဲ့ပါတယ်။
ဒါပေမဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ယှဉ်ရင် အလုပ်နဲ့ဆက်နွှယ်တဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်နိုင်ပြီး စိတ်ခံစားချက်တည်ငြိမ်မှုလည်း ပိုမြင့်ကြပါတယ်။ ဒီရလာဒ်ဟာ လုပ်ငန်းခွင်အတွင်းက သတ်မှတ်ချက်တွေကို စိန်ခေါ်မှုတစ်ခု ဖြစ်စေမယ်လို့လည်း လေ့လာသူတွေက ယုံကြည်ကြပါတယ်။
Source : Independent