ခပ်မြန်မြန်လေး ခွာလိုက်မှ နစ်နာမှုတွေ ရပ်တန့်ကုန်မှာပါ။

အပေါင်းအသင်းတွေ သူငယ်ချင်းတွေဆိုတာ ဘဝရဲ့ အားဆေးတွေပါ။ ကိုယ့်ဘဝထဲက အဖိုးမဖြတ်နိုင်တဲ့ လူသားတွေဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့ အခု ပြောပြမယ့် အချက်တွေ အားလုံးနဲ့ ကိုက်ညီနေတဲ့လူကတော့ အပေါင်းအသင်းအစစ်မဟုတ်ပါဘူး။ သင့်အပေါ်မှာ အကျိုးအမြတ်လိုချင်စိတ်နဲ့သာ သင့်ကိုပေါင်းနေတာဖြစ်လို့ ခပ်မြန်မြန်လေး ခွာလိုက်မှ နစ်နာမှုတွေ ရပ်တန့်ကုန်မှာပါ။

၁။ ၉၀ % က နားထောင်နေရတယ်

2.jpg

သူငယ်ချင်းတွေကို ခင်တတ်ပါတယ်။ ဒါပေမဲ့ အပြန်အလှန်ဆိုတာလည်း ရှိသေးတယ်။ အမြဲတမ်းလိုလို သူပြောတာပဲ နားထောင်နေရပြီး ကိုယ့်ဘက်က ဘာဖြစ်နေတယ်ဆိုတာ သူက ဘယ်တော့မှ နားမထောင်ဘူး။

၂။ ကိုယ်ပြောတာ ဘယ်တော့မှ မစဉ်းစားပေးဘူး

တစ်နေရာသွားကြမယ်၊ တစ်ခုခု လုပ်ကြမယ်ဆိုရင် အချင်းချင်း တိုင်ပင်ရမှာလေ။ သူကတော့ အဲ့လိုမဟုတ်ဘူး။ သူလုပ်ချင်တာပဲလုပ်တယ်၊ သူသွားတဲ့နောက်ပဲ လိုက်ရတယ်။ ကိုယ်လုပ်ချင်တာဆို ဘယ်တော့မှ သဘောမတူဘူး။

၃။ အပြန်မှာ အမြဲတမ်း ဒုက္ခရောက်တယ်

34.jpg 

သူနဲ့တွေ့ပြီး အပြန်ကျရင် အမြဲတမ်း တစ်ခုမဟုတ် တစ်ခုတော့ ကိုယ့်မှာ ဒုက္ခရောက်ရတယ်။ အမူးလွန်တာ၊ အသားနာတာ ဒါမှမဟုတ် သူတို့နဲ့ လျှောက်သွားမိလို့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုခုတော့ အမြဲ ကြုံနေရတယ်။

၄။ စိတ်သက်တောင့်သက်သာမရှိဘူး

သူတို့နဲ့ တွေ့ရတာ ကိုယ့်စိတ်တွေက သက်တောင့်သက်သာမရှိဘူး။ ပြောချင်တာမပြောနိုင်၊ နေချင်သလို မနေနိုင် သတိထားပြီး ပေါင်းနေရတာ သိပ်ပြီးတော့ စိတ်ကျဉ်းကျပ်တာပဲ။

၅။ မကောင်းတာတွေပဲ မျှဝေနေမိတယ်

ကိုယ့်ရဲ့ စိတ်ညစ်စရာတွေ အလုပ်ထဲက အဆင်မပြေတာတွေကိုပဲ သူတို့နဲ့ ပြောမိတယ်။ ပြီးတော့ အရက်အတူသောက်ဖြစ်တာမျိုးတွေလို မကောင်းတာတွေချည်း သူတို့နဲ့ အတူတူလုပ်မိနေတာ။ ကောင်းတာရယ်လို့ကို မရှိဘူး။

၆။ ကိုယ့်ကို မလေးစားဘူး

20.jpg 

လူ့ပတ်ဝန်းကျင်မှာ စည်းလေးတော့ ကိုယ်စီ ရှိကြတယ်။ လုပ်သင့် မလုပ်သင့် ကိစ္စတွေဆိုတာ ရှိတာပဲလေ။ ဒါပေမဲ့ သူကတော့ အဲ့လိုမဟုတ်ဘူး။ စည်းမစောင့်ဘူး။ ကိုယ့်အပေါ်ဆို သိပ်နိုင်လွန်းတာ။

Source : Huffpost

Share

Loading Next Article...
က္က