ဘယ်လိုအရာတွေက ရေပန်းအစားခဲ့ဆုံးလဲဆိုတာ ပြန်ပြောကြရအောင်.....

လူမှုကွန်ရက်တွေထဲမှာ မြန်မာပြည်ကလူတွေ အသုံးအများဆုံးကို ပြောရရင်တော့ ဖေ့စ်ဘုတ်ပါပဲ။ အချင်းချင်းပြောဆိုဆက်သွယ်ရုံသာမက သတင်းတွေကိုလည်း ဒီပေါ်မှာပဲ ဖတ်ကြတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ လူတိုင်းပြောရလောက်အောင် ခေတ်စားသွားတဲ့ ဖေ့ဘုတ်ပေါ်က အကြောင်းအရာတွေကို ပြန်ပြီးတော့ ဖော်ပြလိုက်ပါတယ်။

၁။ သင်္ကြန်ပိတ်ရက်

သင်္ကြန်ကာလ ရုံးပိတ်ရက်ဟာ အရင်နှစ်တွေမှာ ၁၀ ရက် ဖြစ်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ သင်္ကြန်ရုံးပိတ်ရက်ကို ၅ ရက်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တယ်။ သင်္ကြန်ရုံးပိတ်ရက်ကို ၅ ရက်သာ ပိတ်ပေးပြီး တန်ဆောင်တိုင်နဲ့ နှစ်သစ်ကူး ကာလတွေမှာ ပိတ်ရက်တွေကို ထပ်မံတိုးပေးခဲ့တာဖြစ်ပါတယ်။  ကြိုတင်ကြေညာထားတာ မဟုတ်ဘဲ အနားနီးမှ ကြေညာခဲ့တဲ့အတွက် လူတိုင်းပြောခဲ့ကြတဲ့ အကြောင်းအရာ ဖြစ်ခဲ့ပြီး တကယ်ကို ဟိုးလေးတကျော် ကိစ္စဖြစ်သွားခဲ့ပါတယ်။

၂။ YBS

23.jpg 

ရန်ကုန်တိုင်းဒေသကြီး အစိုးရဟာ ဧပြီလထဲမှာ လက်ရှိပြေးဆွဲနေတဲ့ မထသစနစ်ကို ဖျက်သိမ်းပြီး YBS စနစ်ကို စတင် အသုံးပြုတဲ့ ကိစ္စဟာ ပြင်ပလောကမှာရော ဖေ့စ်ဘုတ်ပေါ်မှာပါ အတော်ဂယက်ရိုက်သွားခဲ့တယ်။ စနစ်အပြောင်းအလဲမှာ နေ့စဉ်ဘတ်စ်ကားစီးသူတွေ အတော်လေး အဆင်မပြေ ဖြစ်ခဲ့ကြပြီး အဆင်မပြေဖြစ်ခဲ့တာတွေကိုလည်း ပုံတွေ၊ စာတွေနဲ့ တောက်လျှောက်ဆိုသလို ရေးသားနေတာ ခုထိပါပဲ။

၃။ လူမှုကွန်ရက်ပေါ်က ဗန်းစကားများ

ဗန်းစကားတွေကတော့ တစ်ခုပြီးတစ်ခု ဆိုသလို တောက်လျှောက် ထွက်လာတာ။ လူမှုကွန်ရက်ပေါ်က ဗန်းစကားတွေကတော့ အပြင်မှာ သိပ်တွင်ကျယ်တာမျိုး မရှိဘူး။ ဒါပေမဲ့ ဒီနှစ်ထဲ ရေပန်းအစားဆုံး ဗန်းစကားတွေအနေနဲ့ " ဒီးယား၊ အယ်လယ်၊ အားတီ/အောမေ၊ ဂျင်းကောင် ၊ မသိဘူး ချစ်တယ်" စတာတွေ အတော်ရေပန်းစားခဲ့တယ်။ နောက်တစ်ခုက ဗန်းစကားတွေကို အင်္ဂလိပ်စာ အသုံးအနှုန်းတွေနဲ့ ရောပြီး ရေးလာကြတာ။ ဥပမာ - စော်ရှိလား (saw sheep large) ဆိုတာမျိုးတွေက ၂၀၁၇ ခုနှစ်ထဲမှာမှ စပေါ်လာခဲ့တဲ့ ဗန်းစကားတွေပါ။

၄။ လူတွေအာရုံစိုက်ခံရဆုံး အနုပညာလောကထဲက ကိစ္စတွေ

အနုပညာရှင်ဆိုတာကတော့ အမြဲတမ်းလိုလို ပရိသတ်အာရုံစိုက်တာ ခံရတာပါပဲ။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ လူငယ်အနုပညာရှင်တွေဟာ ဟုန်းခနဲတောက်ပလာပြီး နေရာတစ်ခု ခိုင်ခိုင်မာမာ ရပ်တည်နိုင်လာကြတယ်။ မိုရီဆာကီဝင်း (အဝင်း) ၊ Mary ၊ ဒေါင်း၊ ရွှေမှုံရတီ၊ အိချောပိုတို့က လူမှုကွန်ရက်မှာ ခေတ်အစားဆုံး အနုပညာရှင်တွေ ဖြစ်လာတယ်။ အကျဉ်းချခံထားရတဲ့ ရဲတိုက်လည်း ပြန်လွတ်လာခဲ့တယ်။ ရွှေမှုံရတီရဲ့ double push-up bra ဆိုရင်လည်း လူတိုင်းပြောကြတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ နောက်ပြီးတော့ မြန်မာဇာတ်ကားတွေ ရုပ်ရှင်တွေဟာလည်း ၂၀၁၇ ခုနှစ်ထဲမှာ အရင်ထက်ပိုပြီးတော့ သိသိသာသာ အာရုံစိုက်ခံလာရတယ်။ မြန်မာရုပ်ရှင်တွေကို ကြိုက်သူတွေရော မကြိုက်သူတွေပါ မြန်မာရုပ်ရှင်ကားတွေအကြောင်းကို ပိုပြီး ပြောခဲ့ကြပါတယ်။

၅။ မိန်းကလေးတွေကြားက ပို့စ်အပြောင်းအလဲ

19243211_1405500392864946_9042909198318478791_o.jpg

Photo - Lulu Aung facebook

 

အရင်တုန်းကဆိုရင် မိန်းကလေးတွေ ဓာတ်ပုံရိုက် ဆယ်ဖီဆွဲပြီဆို ပါးလေးဖောင်း လက်လေးနှစ်ချောင်းထောင်ပြီးတော့ပဲ ရိုက်ကြတာ။ ဒီနှစ်ထဲမှာတော့ အမျိုးသမီးတွေရဲ့ ဓာတ်ပုံရိုက်တဲ့ ကိုယ်နေဟန်ထားဟာ ခန္ဓာကိုယ်ကို ပိုအသားပေးလာတယ်။ မျက်နှာလေးပဲကွက်ပြီး ဓာတ်ပုံရိုက်တဲ့ခေတ်ကနေ ခန္ဓာကိုယ်အလှအပ ပြသတဲ့နှစ်ပါပဲ။

၆။ လူတိုင်းသိတဲ့သီချင်း

ဒီနှစ်အတွက် သီချင်းတစ်ပုဒ်ကို ရွေးပြပါဆိုရင် အဆိုတော်မနောရဲ့ ဗိုလ်အောင်ဒင်သီချင်းပါပဲ။ နေရာတိုင်းကြားခဲ့ရတဲ့သီချင်းလည်းဖြစ်တယ်၊ လူမှုကွန်ရက်မှာလည်း အရမ်းပေါက်တယ်။ ဇာတ်ကားတွေလည်း ထွက်လာသေးတယ်။ နောက်ထပ် သီချင်းတစ်ပုဒ်ကတော့ " ဇီးလေး...ဇီလေ့" လို့ ခေါ်ကြတဲ့ Panama သီချင်းပါပဲ။ အကလေးနဲ့ တွဲပြီး ဆိုကြကကြတယ်။ ဗီဒီယိုတွေလည်း အများကြီး ထွက်ပေါ်လာတာ တွေ့ရပါတယ်။

၇။ Social Influencer

25073237_516531875394876_4776276624329257801_o.jpg

Photo - Myanmar Social Influencer Award 2017 facebook

 

လူမှုကွန်ရက်ပေါ်မှာ လူသိများတဲ့လူတွေကို ဆယ်လီ (cele) လို့ အရင်တုန်းက ခေါ်ကြတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်ထဲမှာတော့ ဆယ်လီဆိုတဲ့ စကားလုံးထက် social influencer (လူမှုကွန်ရက်ပေါ်မှာ လွှမ်းမိုးထားသူများ)ဆိုတဲ့ စကားလုံးသစ် ပေါ်လာတယ်။ ပြီးတော့ Myanmar Social Influencer Award 2017 ကိုလည်း ပြုလုပ်ခဲ့ပြီး ခေါင်းစဉ် ၇ ခုနဲ့ ပေးသွားခဲ့တယ်။

Share

Loading Next Article...
က္က