တချို့နေရာမှာထားရင် စမတ်ဖုန်းတွေက လူကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဒီနေ့ခေတ်ကြီးထဲမှာ လူတိုင်းလိုလို စမတ်ဖုန်းသုံးနေကြပါပြီ။ လူတွေဟာ မနက်မိုးလင်းတာနဲ့ ဖုန်းတစ်လုံးနဲ့ မျက်နှာသစ်ကြသလို ညအိပ်ယာဝင်ရင်လည်း ဖုန်းကြည့်ပြီးမှ အိပ်ယာဝင်တတ်ကြပါတယ်။ ဒါပေမယ့် လူတွေဟာ ဖုန်းတွေကို နေရာအမျိုးမျိုးမှာ ထားတတ်ကြပါတယ်။ တချို့နေရာမှာထားရင် စမတ်ဖုန်းတွေက လူကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။



၁။ ဘောင်းဘီနောက်အိတ်ကပ်ထဲမှာ

37496973944_2f3451eccd_c.jpg 

ဂျင်းဘောင်းဘီနောက်အိတ်ကပ်ထဲမှာ ဖုန်းကိုထည့်ပြီး လမ်းသလားရတာ အထာကျတယ်လို့ ထင်မိတဲ့သူ ရှိချင်ရှိမှာပါ။ ဒါပေမယ့် ဘောင်းဘီနောက်အိတ်ကပ်ထဲမှာ ဖုန်းထည့်မယ်ဆိုရင် ဖုန်းရဲ့ touch screen ကို ဘောင်းဘီသားနဲ့ထိမိပြီး အရေးပေါ် ဖုန်းနံပါတ်တစ်ခုကို ခေါ်မိတတ်ပါတယ်။ သုတေသနတွေအရတော့ အရေးပေါ်ဖုန်းနံပါတ်တစ်ခုဖြစ်တဲ့ 911 ကို ဖုန်းခေါ်ဆိုမှုရဲ့ (၃၀) ရာခိုင်နှုန်းလောက်က မတော်တဆခေါ်မိတာပါတဲ့။

ဗိုက်နဲ့ ပေါင်တံတွေ ခနခနအောင့်တတ်တယ်ဆိုရင်လည်း ဘောင်းဘီနောက်အိတ်ကပ်ထဲမှာ ဖုန်းထည့်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ဘောင်းဘီအိတ်ကပ်ထဲမှာ ဖုန်းပါတာကိုမေ့ပြီး ဖင်ထိုင်ချလိုက်ရင် ဖုန်းကွဲနိုင်ခြေရှိပါတယ်။

၂။ ဘောင်းဘီရှေ့အိတ်ကပ်ထဲမှာ

18111410-frontpocket-1511791358-650-fbed5cc6fc-1513941050.jpg 

ယောကျ်ားလေးတွေအတွက်တော့ ဂျင်းဘောင်းဘီရှေ့အိတ်ကပ်ထဲမှာ ဖုန်းထည့်တာက လွယ်ကူပြီးအဆင်ပြေတဲ့အတွက် တော်တော်များများလုပ်မိတတ်ကြပါတယ်။ ဒီစာကိုဖတ်နေတဲ့ ယောကျ်ားလေး အများစုလည်း ဂျင်းဘောင်းဘီရှေ့အိတ်ကပ်ထဲမှာ ဖုန်းကိုထည့်ဖူးကြမှာပါပဲ။ လေ့လာမှုတွေအရတော့ ဖုန်းတစ်လုံးက ထုတ်လွှင့်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေဟာ အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်တဲ့။ အချိန်ကြာကြာထည့်ထားလေလေ အန္တရာယ်ပိုများလေလေပါပဲ။

၃။ နားနဲ့အကြာကြီးကပ်ပြောမယ်

18111760-Depositphotos_95097980_xl-2015-1512983870-650-c794cde38f-1513941050.jpg 

ရည်းစားနဲ့ ဖုန်းပြောတော့မယ်ဆိုရင် အကောင်းဆုံးအကြံကတော့ နားကြပ်နဲ့ပြောရင်ပြော၊ မပြောရင် ဘလူးတု (bluetooth) နားကြပ်နဲ့ ပြောတာပါပဲ။ ဖုန်းစခရင်ကို နားနဲ့ကပ်ပြီး အကြာကြီး ဖုန်းပြောတဲ့အခါ ဖုန်းခရင်မ်ပေါ်က ဘက်တီးရီးယားတွေက မျက်နှာနဲ့နားထဲကို ဝင်လာနိုင်သလို (ဖုန်းစခရင်က အများသုံးအိမ်သာကြွေခွက်ထက် ဘက်တီးရီးယားပါဝင်မှု ပိုများပါတယ်။) လျှပ်စစ်သံလိုက်လှိုင်းတွေကလည်း ဦးနှောက်နဲ့ အနီးကပ်ဆုံးနေရာကို ရောက်ရှိနိုင်ပါတယ်။

၄။ အရမ်းအေးတဲ့နေရာတွေမှာ

18111610-photo-1456327594540-be0c28e27c01-1511891217-650-feb6f290e4-1513941050.jpg 

ရာသီဥတု အရမ်းအေးနေပြီဆိုရင် ဖုန်းကိုသတိထားပါ။ အေးမြတဲ့ရာသီဥတုမှာ မိုးတော၊ နှင်းတောထဲမှာ ပြင်ပရာသီဥတုနဲ့ ဖုန်းကိုအကြာကြီး မထိတွေ့ပါစေနဲ့။ အပူချိန်ပြောင်းလဲမှုက ဖုန်းကိုထိခိုက်စေနိုင်ပါတယ်။ အရမ်းအေးတဲ့နေရာကနေ နွေးထွေးတဲ့အိမ်ထဲကို ဖုန်းကိုယူလာမယ်ဆိုရင် ဖုန်းအတွင်းပိုင်းက ချစ်ပ်ပြားတွေကို ထိခိုက်စေနိုင်ပါတယ်။

၅။ အရမ်းပူတဲ့နေရာတွေမှာ

18111560-fire-2560427_960_720-1511891708-650-6837791803-1513941050.jpg 

အပူချိန်မြင့်မားမှုက လျှပ်စစ်ပစ္စည်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အပြင်မှာရာသီဥတု အရမ်းပူနေချိန်မှာ ဖုန်းကို ကားထဲမှာ (သို့) ခုံတန်းလျားပေါ်မှာ တင်ထားခဲ့ဖို့ မသင့်ပါဘူး။ နောက်တစ်ခုကတော့ ဖုန်းကို ယောင်ရမ်းပြီး မီးဖိုဘေးမှာ သွားမထားသင့်ပါဘူး။

၆။ ကလေးတွန်းလှည်းထဲမှာ

18111460-children-2465696_640-1510478389-650-c50f7f8250-1513941050.jpg 

ကလေးအမေတွေက တစ်ခါတလေမှာ ကလေးတွန်းလှည်းထဲမှာ ဖုန်းကိုမေ့ထားခဲ့မိတတ်ပါတယ်။ သုတေသီတွေကတော့ ဒီလိုလုပ်တာ အန္တရာယ်မကင်းဘူးလို့ ဆိုကြပါတယ်။ ကလေးတွေအနီးမှာ ဖုန်းထားခဲ့မယ်ဆိုရင် ဖုန်းရဲ့လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့် ကလေးတွေမှာ ADHD (အာရုံစိုက်ရ ခက်ခဲတဲ့ရောဂါ) ဖြစ်စေနိုင်ပါတယ်တဲ့။

၇။ ခေါင်းအုံးအောက်မှာ

phone-in-hand.png 

တချို့တွေက ညဘက်ဖေ့စ်ဘုတ်သုံးရင်း အိပ်ပျော်သွားတဲ့အခါ ဖုန်းတွေကို ခေါင်းအုံးအောက်မှာ ထားအိပ်မိတတ်ကြပါတယ်။ တကယ်တော့ ခေါင်းအုံးအောက်မှာ ဖုန်းထားအိပ်တာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဖုန်းထဲက လျှပ်စစ်သံလိုက်လှိုင်းတွေက ဦးနှောက်ထဲကို ဝင်ရောက်နှောင့်ယှက်နိုင်ပြီး ခေါင်းကိုက်ခြင်းနဲ့ မူးဝေခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ဖုန်းစခရင်ကို ဖိအားပေးမိသလို ဖြစ်တဲ့အခါ ဖုန်းအပူချိန်မြင့်တက်ပြီး မီးထလောင်တာတို့၊ ဘာတို့ဖြစ်တတ်ပါတယ်။

Source: Brightside


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က