နည်းပညာဟာ လူတွေရဲ့နေ့စဉ်ဘဝကို ပိုမိုလွယ်ကူအောင် ကူညီပေးနေတာပါ။

နည်းပညာခေတ်ကြီးထဲမှာ နေရာတကာမှာ နည်းပညာပါလာပါပြီ။ အရင်က တက်စီစီးချင်ရင် လမ်းသွားရင်း လက်တားစီးရပေမယ့် ဒီခေတ်မှာတော့ ဖုန်းတစ်လုံးနဲ့ မိမိရှိရာနေရာကို ရောက်အောင်ခေါ်လို့ ရပါပြီ။ နိုးစက်နဲ့ချိတ်ဆက်ထားနိုင်တဲ့ ကော်ဖီဖျော်စက်တွေလည်း ရှိနေပါပြီ။ တကယ်တော့ နည်းပညာဟာ လူတွေရဲ့နေ့စဉ်ဘဝကို ပိုမိုလွယ်ကူအောင် ကူညီပေးနေတာပါ။ အစားအသောက်လုပ်ငန်း ထဲမှာလည်း နည်းပညာအကူအညီနဲ့ စမ်းသပ်ထားတဲ့ တီထွင်မှုအဆန်းကြီးတွေ ရှိပါတယ်။

၁။ ဂျီသြမေတြီ မုန့်ပဲသရေစာ

18113860-40575710-543646-0-1513771304-1513771307-1500-1-1513771307-650-c2f626a0ce-1513941345.jpg 

အပေါ်ယံကြည့်လိုက်ရင် အိမ်အသုံးအဆောင် ပစ္စည်းလေးနဲ့တူပေမယ့် တကယ်တမ်းကျတော့ အဲဒါကစားလို့ရတဲ့ မုန့်ပဲသရေစာတစ်မျိုးပါ။ ဒီကိတ်လေးကို တီထွင်ခဲ့သူကတော့ Dinara Kasko ပဲ ဖြစ်ပါတယ်။ သူမဟာ ဗိသုကာပညာနဲ့ ဘွဲ့ရထားပြီး မုန့်ဖုတ်လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်တဲ့အခါ သူမတတ်ထားတဲ့ ဗိသုကာပညာကို အသုံးချပြီး ဒီကိတ်လေးကို ဖန်တီးခဲ့တာပါ။ သူမရဲ့ဝက်ဘ်ဆိုက်ပေါ်မှာ အထူးအော်ဒါလည်း မှာလို့ရတော့ မွေးနေ့မှာ ချစ်သူ၊ ခင်သူတွေကို surprise လုပ်လို့ရတာပေါ့။

၂။ ရေခဲမုန့်ခေါက်ဆွဲ

Screenshot-2017-12-26 11 Bizarre Innovations That Totally Rocked the Food Industry.png 

ခေါက်ဆွဲလည်း စားချင်တယ်။ ရေခဲမုန့်လည်းစားချင်တယ်။ နှစ်ခုလုံးအဆင်ပြေတာတော့ မရှိဘူးထင်တယ်နော် ဆိုသူတွေအတွက် ရေခဲမုန့်အရသာ ဂျယ်လီခေါက်ဆွဲတွေကို စားလို့ရပါပြီနော်။ ဒီဂျယ်လီခေါက်ဆွဲထဲမှာ စွတ်ပြုတ်အစား ရေခဲမှုန်ရယ်၊ နို့ဆီရယ်ဆမ်းထားပြီး စားလို့ကောင်းတဲ့ သရေစာလေးတစ်မျိုးပါ။

၃။ ပန်းရောင်ချောကလက်

ruby_chocolate_with_cocoa.jpg 

ဒီချောကလက်ကို ဖန်တီးဖို့အတွက် ဘယ်ရီသီးတို့၊ အရောင်တင်မှုန့်တို့၊ အသီးအရသာတို့ ဘာမှထည့်မထားပါဘူး။ Ruby Cocoa ဆိုတဲ့ ကိုကိုးမျိုးစိတ်သစ်တစ်မျိုးမှ ပြုလုပ်ဖန်တီးထားတဲ့ ပန်းရောင်ချောကလက်ဟာ မခါးလွန်း၊ မချိုလွန်း၊ မအီလွန်းတဲ့ ချောလက်တစ်မျိုးဖြစ်ပါတယ်။ သူ့ကိုစားလိုက်ရင် အသီးအရသာရဲ့လတ်ဆတ်မှုနဲ့ ချောမွေ့မှုကို ထိတွေ့ခွင့်ရမှာပါ။

၄။ ရယ်ဒီမိတ်အုန်းရေ

Screenshot-2017-12-26 11 Bizarre Innovations That Totally Rocked the Food Industry (2).png 

အုန်းရေကို သောက်ချင်ရင် ပင်လယ်ကမ်းခြေကို တကူးတကသွားနေဖို့ မလိုတော့ပါဘူး။ လွယ်ကူရိုးရှင်းတဲ့ ဒီတီထွင်မှုလေးက အုန်းရေကို ကိုကာကိုလာဘူး ဖောက်သောက်သလို ဖွင့်သောက်လို့ ရစေနိုင်ပါတယ်။ နောက်ပြီး အုန်းရေသောက်ခြင်းက ကိုကာကိုလာသောက်တာထက် အများကြီးပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

၅။ အပြာရောင်ဘာဂါ

Screenshot-2017-12-26 11 Bizarre Innovations That Totally Rocked the Food Industry (3).png 

Ribs & Burgers ဆိုတဲ့ ဗြိတိသျှစားသောက်ဆိုင် တစ်ဆိုင်ကတော့ မြင်နေကျမဟုတ်တဲ့ အမြန်ရအစားအစာတစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ Mutant Burger (သန္ဓေပြောင်းဘာဂါ) လို့ နာမည်ရတဲ့ အပြာရောင်ဘာဂါကို ဒီစားသောက်ဆိုင်ရဲ့ special menu အဖြစ် မှာယူရရှိနိုင်ပါတယ်။

Source: Brightside

Share

Loading Next Article...
က္က