တိရစ္ဆာန်တွေရဲ့သားမွေးကို အသုံးပြုထုတ်လုပ်တဲ့ပစ္စည်းတွေ ရပ်ဆိုင်းဖို့ကို အမှတ်တံဆိပ်ပေါင်းများစွာက လက်ခံပါဝင်လာကြပါပြီ။

ဖက်ရှင်နယ်ပယ်ထဲမှာ တိရစ္ဆာန်သားမွေးပစ္စည်းတွေ အသုံးပြုပြီး ထုတ်လုပ်ရောင်းချနေခြင်းကို ကန့်ကွက်တဲ့ အမှတ်တံဆိပ်တွေ ပိုပိုများလာကြပါတယ်။ အဲ့ဒီအမှတ်တံဆိပ်တွေထဲမှာ နောက်ထပ် ပါဝင်လာတဲ့ နာမည်ကြီးအမှတ်တံဆိပ်ကတော့ Michael Kors ဖြစ်ပါတယ်။ အမေရိကန် ဖက်ရှင်အမှတ်တံဆိပ် MK ဟာ ယင်းတို့ရဲ့ထုတ်ကုန်တွေမှာ တိရစ္ဆာန်သားမွေးတွေကို ဆက်လက်အသုံးပြုတော့မှာမဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။

 

MK ရဲ့ သားမွေးအသုံးပြုမှုရပ်ဆိုင်းခြင်း ပေါ်လစီဟာ ၂၀၁၈ ခုနှစ်ကပြီး သက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာတော့ သားမွေးထည်ထုတ်လုပ်ခြင်းဟာ ထုတ်လုပ်မှုအဆင့်တိုင်းမှာ လုံးဝဖယ်ရှားသွားတော့မှာပါ။ MK ကုမ္မဏီတစ်ခုတည်းသာမက ယင်းရဲ့ လက်အောက်ခံကုမ္ပဏီခွဲဖြစ်တဲ့ Jimmy Choo ကလည်း သားမွေးထည်တွေ ထုတ်လုပ်မှု ရပ်ဆိုင်းသွားမယ်လို့ သိရပါတယ်။ Kors ဟာ ဇူလိုင်လတုန်းက Jimmy Choo ကို ဝယ်ယူခဲ့တာပါ။

 

" ချည်ထည်ထုတ်လုပ်ခြင်းမှာ နည်းပညာတိုးတက်လာတာကြောင့်မို့လို့ တိရစ္ဆာန်မဟုတ်တဲ့ သားမွေးထည်တွေကို ထုတ်လုပ်ဖန်တီးလာနိုင်နေပါပြီ။ အဲ့ဒီနည်းပညာတွေကိုတော့ လာမယ့် ဖေဖော်ဝါရီမှာ ပြုလုပ်မယ့် ကျွန်တော်တို့ရဲ့ ရှိုးပွဲတွေကို ထုတ်ဖော်ပြသသွားမှာပါ" လို့ Michael Kors ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

တိရစ္ဆာန်တွေရဲ့သားမွေးကို အသုံးပြုထုတ်လုပ်တဲ့ပစ္စည်းတွေ ရပ်ဆိုင်းဖို့ကို အမှတ်တံဆိပ်ပေါင်းများစွာက လက်ခံပါဝင်လာကြပါပြီ။ အောက်တိုဘာလတုန်းကလည်း Gucci က ကြေညာခဲ့ပါသေးတယ်။ သားမွေးထည်တွေနဲ့ နာမည်ကျော်တဲ့ Stella McCartney အပါအဝင် Ralph Lauren ၊ Calvin Klein ၊ Armani ၊ Tommy Hilfiger တို့လည်း ပါဝင်ပါတယ်။

Source : Bazaar

Share

Loading Next Article...
က္က