"အလှတရားဆိုတာ ကြည့်သူရဲ့မျက်လုံးထဲမှာပဲရှိတယ်" ဆိုတဲ့ စကားလည်းရှိပါတယ်။

"အလှတရားဆိုတာ ကြည့်သူရဲ့မျက်လုံးထဲမှာပဲရှိတယ်" ဆိုတဲ့ စကားလည်းရှိပါတယ်။ မြန်မာလိုဆိုရင် "ရှမ်းကြိုက် နွားချော" တယ်ပေါ့။ ဒါပေမယ့် ဘယ်လောက်ပဲ ကိုယ့်စိတ်မှာ သဘောကျမှ လှတယ်ထင်တယ်လို့ပြောပြော ကမ္ဘာပေါ်မှာ ငြင်းမရအောင် ဆွဲဆောင်မှုရှိတဲ့ လူမျိးတွေလည်း ရှိပါသေးတယ်။ အဲဒီလို ဆွဲဆောင်အားကောင်းတဲ့၊ ရုပ်ချောတဲ့သူတွေ နေတဲ့နိုင်ငံတွေကတော့...

၁။ ဗင်နီဇွဲလား

img60199395.jpg 

တောင်အမေရိကတိုက်ရဲ့ မြောက်ဘက်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ဗင်နီဇွဲလားနိုင်ငံသူလေးတွေဟာ ယေဘုယျအားဖြင့် ရုပ်ရည်ပြေပြစ် ချောမောကြပါတယ်။ ဒီနိုင်ငံက အမျိုးသမီးတွေဟာ ခန္ဓာကိုယ်တည်ဆောက်ပုံလည်း အချိုးအဆက်ကျနပြီး ဆွဲဆောင်အားကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် သူတို့မျက်နှာတွေက အမြဲလိုလို ပြုံးရွှင်နေတတ်ကြတော့ ဆွဲဆောင်မှုရှိနေတာ ဖြစ်ပါတယ်။

၂။ ဆွီဒင်

ငြိမ်းချမ်းမှုကို မြတ်နိုးပြီး ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံသာ ရုပ်ရည်ချောမောတဲ့ နိုင်ငံသားတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အရပ်မြင့်ပြီး အချိုးအစားကျနသလို ဖက်ရှင်ကျကျ ဝတ်စားတတ်တာကလည်း သူတို့ကို ကမ္ဘာ့အချောဆုံး လူမျိုးစာရင်းဝင်စေပါတယ်။ Ingrid Bergman, Greta Garbo နဲ့ Alicia Vikander လိုမျိုး နာမည်ကျော်ပုဂ္ဂိုလ်တွေကတော့ ဆွီဒင်နိုင်ငံသားတွေ ရုပ်ချောတယ်ဆိုတာကို သက်သေပြနေပါတယ်။

၃။ ဂရိ

jennifer-aniston-9185599-1-402.jpg 

ဂရိနိုင်ငံဟာ ကြွယ်ဝတဲ့ ယဉ်ကျေးမှုနဲ့ လှပတဲ့မြို့တွေကို ပိုင်ဆိုင်ပြီး ရုပ်ချောတဲ့ ဂရိသူလေးတွေလည်း ရှိတာကြောင့် နာမည်ကျော်ပါတယ်။ Jennifer Aniston တို့၊ Billy Zane တို့လို ဆယ်လီတွေက ဂရိလူမျိုးတွေ ရုပ်ချောတာကို ဖော်ပြနေတဲ့ သာဓကပါပဲ။

၄။ နော်ဝေး

နော်ဝေးနိုင်ငံဟာ အရင်တုန်းက ဗိုက်ကင်းလူမျိုးတွေရဲ့ နေရပ်လို့ထင်ရှားပါတယ်။ နိုင်ငံသားတွေက ဖက်ရှင်ကျကျဝတ်စားတတ်သလို အချိုးအဆက်ကျနတဲ့ ခန္ဓာကိုယ်အချိုးအစားကိုလည်း ပိုင်ဆိုင်ကြပါသေးတယ်။ ချစ်ခြင်းမေတ္တာတရားကို ရှာဖွေဖို့အတွက် အကောင်းဆုံးနေရာတစ်ခုဆိုလည်း မမှားပါဘူး။ နော်ဝေးသူလေးတွေဟာ နိုင်ငံတွင်းမှာ လူလေစားခြင်းကို ခံရသလို အလွန်လည်း ဆွဲဆောင်မှုရှိကြပါတယ်။

၅။ ဒိန်းမိတ်

114516822_40ab132e31_b.jpg 

အရပ် (၆) ပေကျော်တဲ့ ယောကျ်ားလေးတွေကိုမှ ရင်ခုန်တယ်ဆိုရင်တော့ ဒိန်းမတ်ကိုအလည်သွားသင့်ပါတယ်။ ဒိန်းမတ်နိုင်ငံသားတွေဟာ ယေဘုယျအားဖြင့် အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိခြင်းကြောင့် ထင်ရှားပါတယ်။ လှပတဲ့ရှုခင်းတွေ ရှိတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ဒိန်းမတ်က ကမ်းခြေတွေမှာ ဘီကီနီလေးတွေနဲ့ လှပတဲ့ခန္ဓာကိုယ်တွေကိုလည်း တွေ့မြင်နိုင်မှာပါ။ ၏

၆။ ဘရာဇီး

brazil21.jpg 

ဆွဲဆောင်မှုရှိတဲ့လူတွေအကြောင်း ပြောရင်ဘရာဇီးကို ချန်ထားလို့ဘယ်ရမလဲ။ ဘရာဇီးသူလေးတွေဟာ ပါတီပွဲတွေကို အရမ်းစိတ်ဝင်စာူးပြီး ကမ်းခြေပေါ်က ဘီကီနီအလှတရားတွေ၊ ပါတီပွဲမျိုးစုံက လှပတဲ့မျက်နှာလေးတွေက သင့်ကိုရူးအောင် ပြုစားပါလိမ့်မယ်။

၇။ နယ်သာလန်

နယ်သာလန်နိုင်ငံမှာတော့ သဘာဝတရားကြီးကို ကိုယ်စားပြုနေတဲ့ ကမ်းခြေတွေကြားမှာ ဆွဲဆောင်အားကောင်းတဲ့ အမျိုးသား၊ အမျိုးသမီးတွေ မွေးဖွားလာကြပါတယ်။ သဘာဝကျကျ အပြစ်ကင်းစင်မှုလေးတွေကလည်း သူတို့မျက်နှာပေါ်မှာ ပေါ်လွင်နေပါတယ်။

၈။ ရုရှား

c4137d6bb418e246b520b5ea0dfbd232.jpg

ရုရှားနိုင်ငံသူလေးတွေရဲ့ နှင်းတောကြားက မျက်နှာဖြူြုဖူလေးတွေ၊ မျက်လုံးပြာပြာလေးတွေကို စိုက်ကြည့်ဖူးမယ်ဆိုရင် ဒီစာရင်းထဲမှာ သူတို့ပါလာတာ မလွန်ဘူးဆိုတာကို သိနေကြမှာပါ။ ရုရှလူမျိုးတွေဟာ အလုပ်ကြိုးစားပြီး စိတ်အားထက်သန်တဲ့ လူမျိုးတွေဖြစ်တဲ့အတွက် သူတို့မျက်နှာလေးတွေကလည်း အေးနေပေမယ့် အမြဲလိုလို သွေးရောင်လွှမ်းနေတတ်ပါတယ်။

Source: womens24x7

Share

Loading Next Article...
က္က