အစားအသောက်ဆိုတာ ထူးထူးဆန်းဆန်း၊ရှုပ်ရှုပ်ထွေးထွေးတွေလုပ်မှ အရသာကောင်းတာမဟုတ်ပါဘူး။ တစ်ချို့ အရသာထူးခြားတဲ့ ဟင်းလျာတွေကို ရိုးရိုးရှင်းရှင်းနဲ့ ချက်ပြုတ်ဖန်တီးလို့ရနိုင်ပါတယ်။ သြစတြေးလျနာမည်ကျော် Food Blogger နဲ့ စားဖိုမှူး Billy Law ကတော့ ရိုးရိုးလေးနဲ့ကောင်းအောင်လုပ်ရတာကို ပိုပြီးနှစ်သက်သူပါ။ သူ့ရဲ့နာမည်ကျော် Menu တွေထဲမှာ အမဲနံရိုးသားနဲ့ အာလူးကင်လုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
အမဲနံရိုးသားကင် အတွက်
၁။ အမဲနံရိုးသား - အတုံးကြီး ၂ တုံး
၂။ ပဲစိမ်း - ၅၀၀ ဂရမ်
၃။ ဆား နဲ့ ငရုတ်ကောင်း
၄။ ဆီအနည်းငယ်
အာလူးကင်အတွက်
၁။ အာလူးအသေး - ၁ ကီလိုဂရမ်
၂။ ရှာလကာရည် - စားပွဲတင်ဇွန်း ၁ ဇွန်း
၃။ မုန့်ဖုတ်ဆော်ဒါမှုန့် - စားပွဲတင်ဇွန်း ၁ ဇွန်း
၄။ ဆား နဲ့ ငရုတ်ကောင်း
၅။ ဆီ - ၂ ဇွန်း
ပြုလုပ်ပုံ
၁။ အာလူးတွေကို အိုးထဲသို့ ဆား၊ ရှာလကာရည်၊ ဆော်ဒါမှုန့်တို့နဲ့အတူထည့်ပြီး ပြုတ်ပါ။ ခရင်းနဲ့ထိုးကြည့်ပါက အလွယ်တကူ ဝင်သွားတဲ့အထိ နူးသွားအောင်ပြုတ်ရပါမယ်။ ပြီးရင် အိုးထဲကဆယ်ပြီး ဓါးနဲ့ နှစ်ခြမ်းခြမ်းပါ။ အာလူးတွေက အရမ်းပူနေနိုင်တာကြောင့် ကိုင်တဲ့အခါ သတိထားပါ။ ပြီးရင် အာလူးခြမ်းတွေကို အကင်ဗန်းပေါ်မှာတင်ပြီး ဆား၊ငရုတ်ကောင်းဖြူးကာ ဆီအနည်းငယ်သုတ်ပေးပါ။ ပြီးရင် နှံ့သွားအောင် လက်နဲ့ပဲညင်ညင်သာသာနယ်ပေးပါ။ ပြီးရင်တော့ မီးဖိုပေါ်တင်ပြီး ရွှေညိုရောင်သမ်းကာ ကြွပ်သွားတဲ့အထိ ကင်ပေးပါ။
၂။ အမဲနံရိုးသားတွေကို ဆားနဲ့ငရုတ်ကောင်းတို့နှံ့အောင်ဖြူးပြီး ဆီအနည်းငယ်သုတ်ပါ။ ပြီးရင် မီးဖိုပေါ်တင်ပြီး ကိုယ့်အကြိုက်အနေအထား (မကျတ်၊ မကျတ်တကျတ်၊ အကျတ်) ရအောင်ကင်ပါ။ စိတ်ကြိုက်အခြေအနေရပြီဆိုရင် အကင်ဗန်းပေါ်တင်ပြီး အအေးခံထားပါ။
၃။ အမဲနံရိုးသားကင်ကို အအေးခံထားတဲ့အချိန်မှာ အိုးထဲထည့်ပြီး ပြုတ်ပါ။ ရေပွက်ပွက်ဆူထဲမှာ ၂ မိနစ်လောက်ပြုတ် ရင်ရပါပြီ။ ပြီးရင်ဆယ်ပြီး ပန်းကန်ပြားထဲထည့်ပါ။ ဆီ၊ဆား၊ ငရုတ်ကောင်းတွေဖြူးပေးပါ။ အဲဒီနောက် အာလူးကင်၊ အမဲနံရိုးသားကင်တို့ကိုပါ အတူထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
ဒီအမဲနံရိုးသားကင်နဲ့ အာလူးကင်ကို Jacob's Creek Double Barrel Shiraz ဝိုင်နဲ့တွဲဖက်သုံးဆောင်မယ်ဆိုရင်တော့ တကယ့်ကို လိုက်ဖက်ပြီးထူးကဲတဲ့အရသာကို ခံစားရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
