Amika George ဆိုတဲ့ အသက် ၁၈ နှစ်အရွယ် ကောင်မလေးဟာ ဓမ္မတာလာချိန်မှာ လစဉ်သုံးပစ္စည်း မတတ်နိုင်တဲ့ မိန်းကလေးတွေအတွက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့တုန်းက လန်ဒန်မြို့လယ်ခေါင်မှာ တစ်ယောက်တည်း ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ကျောင်းကနေ အစားအစာအခမဲ့ရဖို့ (free school meals) နဲ့ လစဉ်သုံးပစ္စည်းတွေ အခမဲ့ရနိုင်ဖို့အတွက် ဆောင်းဆိုခဲ့ပါတယ်။
" အဲ့တာက ကျွန်မကျောင်းမသွားခင် မနက်ပိုင်း သတင်းကြည့်နေရင်းနဲ့ စတင်လာခဲ့တာ။ အသက် ၁၀ နှစ်နဲ့ ၁၁ နှစ်ဝန်းကျင် ကောင်မလေးတွေ လတိုင်း ကျောင်းမှာ တစ်ပတ်လောက်ပျောက်နေတဲ့အကြောင်း။ ဘာလို့လဲဆိုတော့ သူတို့တွေက လစဉ်သုံးပစ္စည်းဖိုး မတတ်နိုင်ကြဘူး။ အဲ့တာကို period poverty (ဓမ္မတာချိန်မွဲတေမှု)လို့ သူတို့က ခေါ်ဝေါ်တယ်။ မိန်းကလေးတွေက အိမ်သာသုံးစက္ကူ၊ ခြေအိတ် ဒါမှမဟုတ် သတင်းစာစက္ကူတွေကို သုံးနေတာတွေ့ရတယ်။ သူတို့ရဲ့ကျန်းမာရေးဘေးဥပါဒ်ဖြစ်စေတဲ့ ဆိုးရွားတဲ့လုပ်ရပ်ကြီးပါပဲ။ အဲ့တာက ကျွန်မက ရှော့ရသွားစေတယ်၊ ပြီးတော့ တစ်ခုခုတော့ လုပ်ရမယ်လို့ တွေးမိစေတယ်" လို့ Amika George က ပြောပါတယ်။
အဲ့ဒီနောက်မှာတော့ Amika George ဟာ ကျောင်းတွေမှာ မိန်းကလေးတွေအားလုံးကို လစဉ်သုံးပစ္စည်းတွေ အခမဲ့ထောက်ပံ့ပေးဖို့နဲ့ အစားအစာအခမဲ့ရနိုင်ရေးအတွက် စိတ်ကူးရလာခဲ့တယ်။ Change.org မှာ #FreePeriods petition ကို ပြုလုပ်ခဲ့တယ်။
သူမရဲ့လှုပ်ရှားမှု စတင်လိုက်တာနဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အများကြီး ပါဝင်လာကြတယ်။ " အဲ့တာ ကျွန်မအခုဖြစ်နေတာပဲ" ဒါမှမဟုတ် " ကျွန်မငယ်တုန်းကလည်း အဲ့လိုဖြစ်ခဲ့တာ" ဆိုပြီး ပြောကြတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ Amika George နဲ့အတူ လူတွေဟာ လန်ဒန်မြို့က လွှတ်တော်ရင်ပြင်နားမှာ စုရုံးတောင်းဆိုခဲ့ကြပါတယ်။ ဓမ္မတာချိန်မွဲတေမှုကို တိုက်ဖျက်ရေးအတွက် ဦးဆောင်လှုံ့ဆော်ခဲ့တဲ့ Amika George ကိုလည်း လူတွေက ချီးကျူးခဲ့ကြပါတယ်။ ဆယ်လီတွေကလည်း သူမနဲ့အတူ ပူးပေါင်းပါဝင်လာကြပြီး သူမကို အားပေးထောက်ခံကြပါတယ်။
Source : Stylist