အိန္ဒိယအစားအစာတစ်မျိုးဖြစ်တဲ့ တိုရှည်ကို မိသားစုအတွက်ဖြစ်စေ၊ ကိုယ်တိုင်စားဖို့အတွက်ဖြစ်စေ လုပ်စားချင်တယ်ဆိုရင်တော့ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အားလပ်ရက်မှာ အိမ်မှာတစ်ခုခု လုပ်စားရတာကို နှစ်သက်ပါသလား။ ဒါဆိုရင် လုပ်ရလည်းလွယ်ကူ၊ စားလို့လည်းကောင်း၊ ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့လည်း ရင်းနှီးပြီးသားဖြစ်တဲ့ အိန္ဒိယ အစားအစာတစ်မျိုးကို မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ တိုရှည်လို့ခေါ်တဲ့ အိန္ဒိယအစားအစာပါပဲ။ ပြုလုပ်နည်းလေးကို အောက်မှာဆက်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

poori-masala-recipe20.jpg 

ပါဝင်ပစ္စည်းတွေကတော့ တိုရှည်လုပ်ဖို့အတွက် ဆန်မှုန့် (၂) ခွက်၊ မတ်ပဲ (၃/၄) ခွက်၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ရေနဲ့ဆီတို့ကိုလိုအပ်ပြီး တိုရှည်နဲ့တို့စားဖို့ အာလူးဟင်းရည်အတွက်ကတော့ အရွယ်တော်အာလူး (၄) လုံးရယ်၊ ကြက်သွန်နီ အကြီးတစ်လုံးရယ်၊ ဂျင်း တစ်လက်မခွဲတစ်တောင့်ရယ်၊ ငရုပ်သီးစိမ်း (၃) တောင့်ရယ်၊ နနွင်းမှုန့်လက်တစ်ကော်စာရယ်၊ ဆားနည်းနည်းရယ်၊ နံနံပင်ရယ်၊ ဆီ (၂) ဇွန်းရယ်၊ မုန်ညင်းစေ့ (၁/၄) ဇွန်းရယ်၊ ဇီရာစေ့(၁/၄) ဇွန်းရယ်၊ သီဟိုဋ္ဌ်စေ့ရယ်၊ ကုလားပဲ (၁) ဇွန်း၊ မတ်ပဲ (၁) ဇွန်း၊ ငရုပ်သီးခြောက် (၂) တောင့်၊ ဟင်းမွှေးရွက်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း (တိုရှည်)

Masala-Dosa.jpg

မတ်ပဲကိုရေထဲမှာ (၃) နာရီလောက်ကြာအောင် အရင်စိမ်ထားလိုက်ပါ။ (၃) နာရီကျော်ပြီဆိုတော့မှ မတ်ပဲစေ့လေးတွေကို ရေထပ်ထည့်ပြီး ပျစ်နှစ်တဲ့အနှစ်တစ်မျိုးရအောင် ကြိတ်ပေးလိုက်ပါ။ ပြီးရင် မတ်ပဲအနှစ်ကိုဖယ်ထုတ်ပြီး ဆန်မှုန့်ကို ပြန်ကြိတ်ပေးလိုက်ပါ။ ရလာတဲ့ဆန်မှုန့်ရယ်၊ မတ်ပဲမှုန့်ရယ်၊ ဆားရယ်ကို ရောနယ်ပြီး မုန့်နှစ်တစ်မျိုးရအောင်နယ်ပါ။ အခြေအနေပေါ် မူတည်ပြီး ရေထပ်ထည့်သင့်ရင် ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ မုန့်နှစ်အချဉ်ပေါက်အောင် ဒီတိုင်းပဲတစ်ညသိပ်ထားပေးလိုက်ပါ။

နောက်နေ့မနက်ကျရင် ဒယ်ပြားတစ်ခုထဲမှာ ဆီနည်းနည်းစွတ်ပြီး မီးအပူပေးလိုက်ပါ။ ပြီးရင် မုန့်နှစ်တစ်ကော်စာလောက်ထည့်ပြီး ပါးလွှာကြွပ်ရွတဲ့ တိုရှည်မုန့်ချပ်လေးတွေရအောင် သံယောက်မတစ်ချပ်နဲ့ ဖိပေး၊ ဖြန့်ပေးလိုက်ပါ။ အနားသားတွေ ကြွပ်ရွလာပြီဆိုရင် (၃-၄ မိနှစ်လောက် ကြာပြီဆိုရင်) ပြောင်းပြန်လှန်ပြီး (၂) မိနစ်လောက် ဆက်ထားပေးလိုက်ပါ။

ပြုလုပ်နည်း (အာလူးဟင်း)

Masala-Dosa1.jpg

မီးဖိုပေါ်မှာ အိုးတစ်လုံးတင်ပြီး အာလူးတုံးလေးတွေလှီးဖြတ်ပြီး ရေ (၂) ခွက်ရယ်၊ ဆားရည်နဲ့အတူ ပျော့ပြောင်းလာသည်အထိ ပြုတ်ပေးလိုက်ပါ။ ပြီးရင်တော့ အာလူးပြုတ်ကို ပန်းကန်လုံးတစ်လုံးထဲမှာ ဇွန်းအကြီးတစ်ချောင်းရဲ့ အပြားဘက်နဲ့ဖိချေပြီး ဘေးမှာဖယ်ထားပေးလိုက်ပါ။ တခြားဒယ်အိုးပြားတစ်လုံးထဲမှာတော့ မုန်ညင်းစေ့ရယ်၊ ဇီရာစေ့ရယ်ကိုထည့်ပြီး ဆီပူထိုးပေးလိုက်ပါ။

ပြီးရင် အဲဒီထဲကို ငရုပ်သီးခြောက်ရယ်၊ ကုလားပဲရယ်၊ မတ်ပဲရယ်ကိုထည့်ပြီး ကြော်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာရင် ပါဝင်ပစ္စည်းအားလုံး နီညိုရောင်သမ်းသွားပါလိမ့်မယ်။ ဒါဆိုရင် သီဟိုဋ္ဌ်စေ့တွေကိုပါထည့်ပြီး အညိုရောင်သမ်းသည်အထိ ကြော်ပေးလိုက်ပါ။ ဒယ်အိုးထဲကို ဟင်းမွှေးရွက်၊ နနွင်းမှုန့်၊ ဂျင်းထောင်းထားတာနဲ့ ငရုပ်သီးစိမ်း ပါးပါးလှီးထားတာတို့ကိုထည့်ပြီး မိနစ်ဝက်ခန့် ရောမွှေပေးလိုက်ပါ။

အဲဒီဒယ်အိုးပြားထဲကို ကြက်သွန်နီလေးတွေထည့်ပြီး ကြွပ်ရွလာသည်အထိ ကြော်ပေးလိုက်ပါဦး။ နောက်ဆုံးမှာတော့ ခုနကအာလူးပြုတ်ထားတာကို ထည့်နိုင်ပါပြီ။ ဆားနဲ့ရေကို လိုသလောက်ထပ်ထည့်ပြီး (၁၀) မိနစ်ခန့် ချက်လိုက်ရင်တော့ ရပါပြီ။ ကျက်ပြီဆိုရင် အပေါ်ကနံနံပင်လေးအုပ်ပြီး ခုနကကြော်ထားတဲ့ တိုရှည်မုန့်လေးတွေနဲ့ တို့စားနိုင်ပါပြီနော်။ ချတ္တနီအနှစ်တို့၊ ကုလားပဲဟင်းတို့ကိုလည်း ထည့်သွင်းနိုင်ပါတယ်။

Source: Stylecraze

Share

Loading Next Article...
က္က