၂၀၁၇ ခုနှစ်ကတော့ ကုန်ဆုံးသွားပါပြီ။ ဒီနှစ်ထဲမှာ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ၊ တက်ကြွလှုပ်ရှားမှုတွေ ပိုမိုဖြစ်ထွန်းလာခဲ့တယ်။ အမျိုးသမီးတွေကြားထဲမှာ အဖြစ်များတဲ့ body shaming ကိုလည်း ကမ္ဘာကျော်အနုပညာရှင်တွေကပဲ ဒီနှစ်ထဲမှာ ဦးဆောင်ဆန့်ကျင်ခဲ့ကြတယ်။ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့အတွက် အကောင်းမြင်လာစေမယ့် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။
၁။ ဗိုက်ခေါက်လေးနဲ့ လေဒီဂါဂါ
Super Bowl မှာ ဖျော်ဖြေသွားတဲ့ လေဒီဂါဂါရဲ့ ပုံကို မှတ်မိသေးရဲ့လားမသိဘူး။ လေဒီဂါဂါဟာ ဗိုက်ခေါက်လေးကို ပေါ်လွင်အောင် အကျႌအတိုလေးဝတ်ပြီး သီချင်းဆိုသွားတယ်။ Super Bowl halftime show ဆိုတာ တကယ့်ကို လူစိတ်ဝင်စားတဲ့ပွဲပါ။ သူမရဲ့ခန္ဓာကိုယ်အပေါ် ယုံကြည်မှုရှိကြောင်း ပြသသွားသလို မိမိခန္ဓာကိုယ်ကို လက်ခံလာအောင် ဂါဂါက ဦးဆောင်လှုပ်ရှားပြခဲ့တယ်။ " ကျွန်မရဲ့ခန္ဓာကိုယ်က လူတွေပြောနေကြတဲ့အဓိကအကြောင်းအရာတစ်ခုဖြစ်နေတယ်လို့ ကျွန်မကြားတယ်၊ ဒါကြောင့် ကျွန်မ ပြောချင်တာက ကျွန်မခန္ဓာကိုယ်အတွက် ကျွန်မဂုဏ်ယူတယ်၊ ရှင်လည်း ရှင့်ခန္ဓာကိုယ်အတွက်ဂုဏ်ယူသင့်တယ်"
၂။ Met Gala ပွဲရောက် အက်ရှလေဂရေဟမ်
သိကြတဲ့အတိုင်းပဲ Met Gala ဆိုတာ ဂီတ၊ ရုပ်ရှင်နဲ့ ဖက်ရှင်နယ်ထဲက ဒိတ်ဒိတ်ကြဲတွေပဲ တက်ကြတဲ့ပွဲ။ အဲ့ဒီပွဲကို အကိတ်မော်ဒယ် အက်ရှလေဂရေဟမ် တက်ခဲ့တယ်။ မော်ဒယ်ဆိုရင် ပိန်ပိန်ပါးပါးနဲ့ အရပ်ရှည်ရှည်လေးတွေလို့ မြင်ယောင်ကြချိန်မှာ အက်ရှ်လေကတော့ သတ်မှတ်ချက်တွေကို ဖောက်ထွက်ပြီး ကျော်ကြားလာတဲ့ အကိတ်မော်ဒယ်တစ်ဦးပါ။ ခန္ဓာကိုယ်အပေါ် အကောင်းမြင်တတ်လာဖို့ ရွေ့လျားသင့်သလို သူမအနေနဲ့ ဒီရွေ့လျားမှုမှာပါဝင်လိုက်တယ်လို့ ဆိုတယ်။
၃။ မိခင်တစ်ယောက်ရဲ့ဘဝနဲ့ ခရစ္စစီတိုင်ဂျန်
ထိပ်တန်းမော်ဒယ်တစ်ဦးဖြစ်တဲ့ ခရစ္စစီတိုင်ဂျန်ဟာ သူမရဲ့ မီးဖွားမှုနဲ့အတူ လူတိုင်းမှာရှိတတ်တဲ့ အားနည်းချက်တွေကို ထုတ်ပြခဲ့တယ်။ သူမရဲ့ ပြစ်ချက်တွေကိုပါ ပြသခဲ့တယ်လေ။ မိခင်ဘဝ၊ ဟော်မုန်းကြောင့်ထွက်တဲ့ဝက်ခြံတွေ၊ အကြောပြတ်ရာတွေကို ပရိသတ်သိအောင် တွစ်တာကနေ ပြောခဲ့သေးတယ်။ ပြီးတော့ ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို လက်ခံတတ်လာအောင်လည်း ပြောခဲ့တယ်။
၄။ ခန္ဓာကိုယ်အမွေးအမှင်တွေ
မိန်းကလေးတွေဟာ ခန္ဓာကိုယ်က အမွေးအမှင်တွေကို ကိုယ်တိုင်ပဲ လက်မခံကြဘူး။ အမွေးအမှင်တွေရှိနေရင်လည်း ကဲ့ရဲ့ကြသေးတယ်။ ဒီနှစ်ထဲမှာတော့ ခန္ဓာကိုယ်က အမွေးအမှင်တွေဟာ ချို့ယွင်းချက်မဟုတ်ကြောင်း အမျိုးသမီးတွေကိုယ်တိုင်ပဲ ပါဝင်ပြသခဲ့ကြပါတယ်။
၅။ မသန်စွမ်းပေမဲ့ အလှမယ်ဖြစ်လာသူ
Down ရောဂါရှင် မိန်းကလေးတစ်ယောက် အမေရိက အလှမယ်ဖြစ်လာတဲ့သတင်းကလည်း ကမ္ဘာကျော်သွားတယ်။ မင်နီဆိုးတားပြည်နယ် အလှမယ်ပြိုင်ပွဲဝင် Mikayla Holmgreen ဟာ Down ရောဂါရနေပေမဲ့ အလှမယ်ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ပြီး ဆုနှစ်ခု ဆွတ်ခူးခဲ့ပါတယ်။
Source : Shape