ဂျုံပေါင်မုန့်ဟာ အမျှင်ဓာတ်ကြွယ်ဝခြင်းကြောင့် အစာအိမ်အူလမ်းကြောင်းကို ရှင်းလင်းစေပြီး ကာဘိုဟိုက်ဒရိတ် လိုအပ်နေသူတွေ အတွက်တော့ အကောင်းဆုံးရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

ပေါင်မုန့်ဟာ အနောက်နိုင်ငံတွေအတွက်တော့ အဓိကအစားအစာတစ်မျိုးပါ။ ကျွန်တော်တို့တွေ ထမင်းကို အဓိကအစားအစာ အဖြစ် စားသုံးကြသလိုပဲ အနောက်တိုင်းသားတွေဟာ ဂျုံပေါင်မုန့်ကို အဓိကအစားအစာအဖြစ် တခြားဟင်းလျာတွေနဲ့ တွဲဖက်စားသုံးကြတာ ရာစုနှစ်ပေါင်းများစွာကြာပါပြီ။

ဂျုံပေါင်မုန့်ဟာ အမျှင်ဓာတ်ကြွယ်ဝခြင်းကြောင့် အစာအိမ်အူလမ်းကြောင်းကို ရှင်းလင်းစေပြီး ကာဘိုဟိုက်ဒရိတ် လိုအပ်နေသူတွေ အတွက်တော့ အကောင်းဆုံးရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

 

အရပ်ရှည်ချင်လို့ပဲဖြစ်ဖြစ်၊ အာဟာရပြည့်ဝချင်လို့ပဲဖြစ်ဖြစ် ပေါင်မုန့်များများစားပေးဖို့ ဆရာဝန်က တိုုက်တွန်းလာတဲ့အခါ နို့ပေါင်မုန့်တွေစားတာထက်၊ မြေပဲထောပတ်တို့၊ ယိုတို့နဲ့ သုတ်စားတာထက် (၁၀၀) ရာခိုင်နှုန်း ဂျုံနဲ့ပြုလုပ်ထားတဲ့ ဂျုံပေါင်မုန့် တူနာဆင်းဒဝစ်ချ်လေးကို မြည်းစမ်းကြည့်သင့်ပါတယ်။ ပေါင်မုန့်ရဲ့  ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင် တူနာငါးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ရရှိနိုင်လို့ပါပဲ။

ပါဝင်ပစ္စည်းများ

sandwichingredients-590x386.jpg 

တူနာငါးဆင်းဒဝစ်ချ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဂျုံပေါင်မုန့်ကြမ်း (၄) ချပ်၊ ကျက်အောင်ပြုတ်ထားတဲ့ ကြက်ဥပြုတ် (၁) လုံး၊ တူနာငါးသေတ္တာဘူး (၈.၈) အောင်စ၊ အစေ့မပါတဲ့ သခွားသီး ခွက်ဝက်ခန့်၊ ကြက်သွန်နီ (၁/၄) ခွက်ခန့်၊ ဆားအနည်းငယ်၊ မရိုးနိစ် (၁/၄) ခွက်ခန့်၊ ဆလတ်ရွက် (၄) ရွက်၊ မုန်လာဥပဲပင်ပေါက် ခွက်ဝက်ခန့်၊ ငရုပ်ကောင်းမှုန့် (၁/၄) ဇွန်းခန့်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး သခွားသီးနဲ့ ကြက်သွန်နီကို ပန်းကန်လုံးတစ်လုံးထဲမှာ ဆားနဲ့ရောနယ်ပြီး ငါးမိနစ်ခန့် ထားပေးလိုက်ပါ။ ငါးမိနစ်လောက် ကြာရင်တော့ သခွားသီးနဲ့ ကြက်သွန်နီအရောကို အဝတ်ပါးတစ်ထုပ်ထဲမှာ ထုပ်ပြီး အရည်ညှစ်ထုတ် ပေးလိုက်ပါ။ ပြီးသွားရင်တော့ ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ထားပေးလိုက်ပေါ့။

တူနာငါးသေတ္တာဘူးထဲက ဆီတွေကိုဖယ်ထုတ်ပြီး တူနာငါးတုံးလေးတွေကို ဇကာတစ်လုံးထဲ ထည့်လိုက်ပါ။ ပြီးတော့ ဆီတွေ ကင်းစင်သွားအောင် ရေနွေးနဲ့ ပါးပါးလေးဆေးပြီးမှ ရေခြောက်အောင် ထားပေးလိုက်ပါ။ ပြီးသွားရင်တော့ ခုနက သခွားသီးနဲ့ ကြက်သွန်နီထည့်ထားတဲ့ ပန်းကန်လုံးထဲကို ထည့်ပေးလိုက်ပါ။

 

အဲဒီပန်းကန်လုံးထဲမှာပဲ ကြက်ဥပြုတ်ရယ်၊ ဆားရယ်၊ မရိုးနိစ်ရယ်၊ ငရုပ်ကောင်းမှုန့်ရယ်ကို ရောထည့်ပြီး မွှေပေးလိုက်ပါ။ အဲဒီမှာ ကြက်ဥကို အပိုင်းသေးသေးလေးတွေဖြစ်သွားအောင် သေချာခလောက်ပေးရမှာပါ။ ပါဝင်ပစ္စည်းအားလုံး သမသွားပြီဆိုရင်တော့ ပန်းကန်လုံးကို ဘေးခဏဖယ်ထားလိုက်ပါ။

ပေါင်မုန့်ထဲမှာထည့်မယ့် ဋ္ဌာပနာပြီးပြီဆိုရင်တော့ ပေါင်မုန့်ကို ပြင်ဆင်ချိန်ရောက်ပါပြီ။ ပေါင်မုန့်မီးကင်စက်ထဲမှာပဲဖြစ်ဖြစ်၊ ညှပ်နဲ့ညှပ်ပြီး မီးသွေးမီးဖိုပေါ်မှာ မီးကင်တာပဲဖြစ်ဖြစ် ဂျုံပေါင်မုန့်ရဲ့ မျက်နှာစာနှစ်ဖက်စလုံး အညိုရောင်ဖျော့ဖျော့သမ်းပြီး ကြွပ်ရွသွားအောင် ပြင်ဆင်ပေးလိုက်ပါ။ ပြီးပြီဆိုရင်တော့ ပေါင်မုန့်နှစ်ချပ်ကို စားပွဲပေါ်တင်ထားလိုက်ပါ။ ရေစင်အောင် ဆေးပြီးမှ ခြောက်သွေ့အောင်လုပ်ထားတဲ့ ဆလတ်ရွက်ကိုလည်း ပေါင်မုန့်တစ်ချပ်ချင်းစီပေါ်မှာ တင်ပေးလိုက်ပါ။

 

ခုနက တူနာငါးအနှစ်ကိုလည်း ပေါင်မုန့်တစ်ချပ်ချင်းစီမှာ အညီအမျှလိုက်ထည့်ပေးလိုက်ပါ။ မုန်လာဥပဲပင်ပေါက်ရယ် နောက်ထပ်ပေါင်မုန့် တစ်ချပ်ရယ်ကို အပေါ်ကအုပ်ပေးလိုက်ပြီဆိုရင်တော့ ဆင်းဒဝစ်ချ်လုပ်လို့ပြီးပါပြီ။ အလည်ကနေ ထက်ခြမ်းခြမ်းပြီး ပန်းကန်ပြားထဲမှာထည့်ပြီး သုံးဆောင်နိုင်ပါပြီ။ ကော်ဖီမွှေးမွှေးလေးတစ်ခွက်နဲ့ ပေါင်းစပ်လိုက်ရင်တော့ ပြီးပြည့်စုံတဲ့ အမေရိကန်စတိုင်လ် တူနာဆင်းဒဝစ်ချ်လေးကို ရရှိပါပြီနော်။

Source: Maangchi

Share

Loading Next Article...
က္က