အမျိုးသမီးတွေကို အဓိကအန္တရာယ်အပေးနိုင်ဆုံး ရောဂါတွေအကြောင်းတွေးမိရင် ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာကိုပဲ အရင်တွေးမိကြမယ်ထင်ပါတယ်။

အမျိုးသမီးတွေကို အဓိကအန္တရာယ်အပေးနိုင်ဆုံး ရောဂါတွေအကြောင်းတွေးမိရင် ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာကိုပဲ အရင်တွေးမိကြမယ်ထင်ပါတယ်။

ရင်သားကင်ဆာက ကမ္ဘာတဝှမ်းလုံးက အမျိုးသမီးတွေကို အန္တရာယ် ပေးနေတာမှန်ပေမယ့် ရင်သားကင်ဆာလောက် လူပြောမများပေမဲ့ အမျိုးသမီးတွေကို အန္တရာယ်ပေးနေတဲ့ နောက်ထပ် ရောဂါတစ်မျိုးလည်း ရှိပါသေးတယ်။ အဲဒါကတော့ fibromyalgia လို့ခေါ်တဲ့ နာတာရှည် အဆစ်အမြစ်နဲ့ကြွက်သား နာကျင်ကိုက်ခဲမှုရောဂါတစ်မျိုးပါ။

 

အမေရိကန်နိုင်ငံက အမျိုးသားကျန်းမာရေးသိပ္ပွံကတော့ fibromyalgia ကို ကြွက်သား၊ အဆစ်အမြစ်နဲ့ အရိုးအဆစ်တွေကို နာကျင်ကိုက်ခဲ ညောင်းညာစေပြီး မောပန်းနွမ်းနယ်စေတဲ့ နာတာရှည်ရောဂါတစ်မျိုးလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ရောဂါ လက္ခဏာတွေကတော့ မောပန်းနွမ်းနယ်ခြင်း၊ အိပ်လို့မပျော်ခြင်း၊ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်မကြည်ခြင်း တို့ပဲဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အဆစ်အမြစ်ရောင်ရောဂါတို့၊ ကြွက်သားအရွတ်ရောင် ရောဂါတို့နဲ့  နည်းနည်းဆင်ပါတယ်။ Fibromyalgia ရဲ့လက္ခဏာကတော့ နည်းနည်းပိုပြင်းထန်ပါတယ်။

အမေရိကန်နိုင်ငံက National Fibromyalgia Association ဆိုတဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေး အသိပညာပေးမှုတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းရဲ့ အဆိုအရဆိုရင် အမေရိကန်နိုင်ငံက အမျိုးသမီး (၁၀) သန်းခန့်ဟာ ဒီရောဂါကို ခံစားနေရပြီး ကမ္ဘာတဝှမ်းက လူဦးရေစုစုပေါင်းရဲ့ (၆) ရာခိုင်နှုန်းခန့်မှာလည်း ဒီရောဂါရှိနေနိုင်ပါတယ်တဲ့။

၂၀၁၄ ခုနှစ်တုန်းက အမေရိကန် ရောဂါထိန်းချုပ်ရေး ဗဟိုရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်အမျိုးသမီးဦးရေ (၂၃၆၉၆၈) ဦးခန့် ရင်သားကင်ဆာရောဂါ ဖြစ်နေတယ်ဆိုတဲ့ ကိန်းဂဏန်းနဲ့ယှဉ်ကြည့်ရင် ကွာခြားမှုကို တွေ့မြင်နိုင်ပါတယ်။

 

Fibromyalgia (နာတာရှည် အဆစ်အမြစ်ရောင်ရောဂါ) ကို ဘယ်လိုအကြောင်းတရားတွေက ဖြစ်စေတာလဲဆိုတာကို ဘယ်သူမှအတိအကျ မသိသေးပေမယ့် အာရုံကြောစနစ်မှာ လုပ်ဆောင်မှုတစ်ခုခု ချို့ယွင်းတာနဲ့ ဆက်စပ်နေနိုင်တယ်လို့ သုတေသီတွေက ယူဆထားကြပါတယ်။

တချို့သုတေသီတွေကတော့ လူတွေရဲ့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကြောင့် နှစ်စဉ် ရောဂါဖြစ်ပွားသူဦးရေ ပိုမိုများပြားလာရတယ်လို့လည်း ယုံကြည်နေကြပါတယ်။

နာတာရှည် အဆစ်အမြစ်ရောင်ရောဂါနဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ်ရေးသားထုတ်ဝေခဲ့တဲ့ Dr. Teitelbaum ကတော့ ခုလိုဆိုပါတယ်။ "နာတာရှည် အဆစ်အမြစ်ရောင်ရောဂါက လူသားခန္ဓာကိုယ်ထဲမှာ စွမ်းအင်ကပ်ဆိုက်မှုကို ဆိုးရွားပြင်းထန်စွာ ဖော်ပြနေတဲ့ပုံစံတစ်မျိုး ဖြစ်ပါတယ်။

ခန္ဓာကိုယ်က ထုတ်လုပ်နိုင်တဲ့စွမ်းရည်ထက်ပိုပြီး အလုပ်လုပ်ရတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ လုပ်ဆောင်ပုံမှားယွင်းမှုလေးတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် အရင်တုန်းက ပုံမှန်လုပ်နေကျ အလုပ်လေးတွေက နာကျင်ကိုက်ခဲသလို ခံစားလာရတာ ဖြစ်ပါတယ်။

ဥပမာ ပစ္စည်းတစ်ခုကို ကောက်ကိုင်လိုက်ချိန်မှာ လက်ဆစ်တွေကိုက်လာတာမျိုး၊ ဒီတိုင်းထိုင်နေရင်းကို ခြေဆစ်၊ လက်ဆစ်တွေ ရောင်ရမ်းနာကျင်လာတာမျိုးတို့ပေါ့" လို့လည်း သူကဆိုပါတယ်။

 

ဒီရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တဲ့ ဆေးဝါးရယ်လို့ မပေါ်သေးပေမယ့် ဆေးပညာလောကက ဆရာဝန်တွေနဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင် အများအပြားကတော့ အကိုက်အခဲ ပျောက်ဆေးတချို့၊ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ စားသောက်နေထိုင်ပုံ၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်းတို့က နာတာရှည်အဆစ်အမြစ်ရောင် ရောဂါနဲ့နွယ်တဲ့ လက္ခဏာတွေနဲ့ နာကျင်ကိုက်ခဲမှုတွေကို ဖယ်ရှားပစ်နိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။

လေ့လာမှုတွေအရလည်း ကိုယ်ကာယလေ့ကျင့်ခန်းက ဒီရောဂါဝေဒနာရှင်တွေကို အထောက်အကူပြုစေနိုင်ပါတယ်တဲ့။ ဒါကြောင့် မနက်ထပြေးတာတို့၊ ယောဂဆော့တာတို့ကို များများလုပ်ပေးသင့်ပါတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က