စကော့တစ်ရှ်တွေ ဘယ်လောက်ဉာဏ်ကောင်းလဲဆိုတာ သူတို့တီထွင်ခဲ့တဲ့ပစ္စည်းတွေ ကမ္ဘာကြီးကို ဘယ်လိုအကျိုးပြုခဲ့တယ် ဆိုတာကိုကြည့်ပြီး သိနိုင်ပါတယ်။

စကော့တလန်နိုင်ငံဟာ United Kingdom (UK) ရဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး UK ရဲ့မြောက်ဘက်အရပ်မှာ တည်ရှိပါတယ်။ နှင်းတဖွဲဖွဲနဲ့ အေးမြတဲ့ ဒေသဖြစ်ပြီး စကော့တစ်ရှ်လူမျိုးတွေဟာ တီထွင်ဉာဏ် အလွန်ကောင်းတယ်လို့ နာမည်ကြီးပါတယ်။ စကော့တစ်ရှ်တွေ ဘယ်လောက်ဉာဏ်ကောင်းလဲဆိုတာ သူတို့တီထွင်ခဲ့တဲ့ပစ္စည်းတွေ ကမ္ဘာကြီးကို ဘယ်လိုအကျိုးပြုခဲ့တယ် ဆိုတာကိုကြည့်ပြီး သိနိုင်ပါတယ်။ အဲဒါတွေကတော့...

၁။ တီဗီ

john_logie_baird_and_television_receiver-e1489938838720.jpg 

ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာ ဆယ်စုနှစ်နဲ့ချီပြီ မပါမဖြစ် အရေးပါခဲ့တဲ့ အရာတစ်ခုကတော့ တယ်လီဗေးရှင်း (တီဗီ) ပါပဲ။ တီဗီကို တီထွင်ခဲ့သူကတော့ စကော့တစ်ရှ်လူမျိုး အင်ဂျင်နီယာ John Logie Baird ဖြစ်ပြီး သူ့ကို "The Father of Television" (တီဗီတို့ရဲ့ဖခင်ကြီး) လို့ လူသိများကြပါတယ်။ သူဟာ ၁၉၂၅ ခုနှစ်တုန်းက ရုပ်လုံးပေါ်တဲ့ တီဗီတစ်လုံးကို ပထမဦးဆုံး သရုပ်ဖော်ပြသ ခဲ့ပါတယ်။ည

၂။ ရေခဲသေတ္တာ

public-domainpixabay1-1024x683.jpg 

အလုပ်ကပြန်လာလို့ ရေခဲသေတ္တာထဲက ရေသန့်ဘူးကို မောမောနဲ့ထုတ်မော့ပြီး အမောပြေသွားချိန်မှာ ရေခဲသေတ္တာတီထွင်တဲ့သူကို ကျေးဇူးတင်ခဲ့ဖူးပါသလား။ ဒါဆိုရင်တော့ စကော့တစ်ရှ်လူမျိုး ပရော်ဖက်ဆာ William Cullen ကို ကျေးဇူးတင်လိုက်ပါ။ သူဟာ ၁၇၅၅ ခုနှစ်မှာ ကမ္ဘာ့ပထမဦးဆုံး ရေခဲသေတ္တာကို ဒီဇိုင်းဆွဲပေးခဲ့ပါတယ်။ စကော့တလန်လို အေးချမ်းတဲ့ဒေသက လူတွေဟာ ဒီလိုမျိုး စက်ပစ္စည်းမျိုးကို ထုတ်လုပ်ခဲ့တယ်ဆိုတာကတော့ မယုံနိုင်စရာပါပဲ။

၃။ ပင်နီစလင်

766x415_Amoxicilin_vs_Penicillin.jpg 

ဆေးပညာလောကမှာ အံ့ဖွယ်တွေ့ရှိမှုတွေဆိုတာ အမြဲပေါ်ပေါက်နေတာပါ။ ဒါပေမဲ့ ဒါတွေဟာ စကော့တလန်နိုင်ငံသား သိပ္ပံပညာရှင် Alexander Fleming ပဋိဇီဝပစ္စည်း ပင်နီစလင်ဆေးကို ရှာဖွေ တွေ့ရှိခဲ့လို့ နောက်ပိုင်း ဆေးပညာလမ်းသစ်တွေ ပေါ်ပေါက်လာတာလို့ ဆိုရမလားပါပဲ။ ၁၉၂၈ ခုနှစ် ဝန်းကျင်က လူတွေအတွက်တော့ Fleming ရဲ့ ပင်နီစလင်ဟာ အသက်ကယ်ဆေး ဖြစ်ခဲ့ပါတယ်။

၄။ ပေါင်မုန့်မီးကင်စက်

alessi-toaster-product-photos-5.jpg 

ပေါင်မုန့်ကို ဒီတိုင်းစားရတဲ့ အရသာနဲ့ ပေါင်မုန့်မီးကင်ပြီးမှ မြေပဲထောပတ်လေး၊ ယိုလေးသုတ်စားရတဲ့ အရသာ ဘာမှမဆိုင်ကြောင်း သိကြပြီးဖြစ်မှာပါ။ ပေါင်မုန့်မီးကင်စက်ဟာ ကမ္ဘာပေါ်က လူတော်တော်များများ ရုံးချိန်အမီ မနက်စာပြင်ဆင်နိုင်အောင်နဲ့ ကလေးကျောင်းအမီ နေ့လည်စာဘူး ထည့်ပေးနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒီစက်ပစ္စည်းလေးကိုတော့ ၁၈၉၃ ခုနှစ်မှာ စကော့တစ်ရှ်လူမျိုး သိပ္ပံပညာရှင် Alan MacMasters က တီထွင်ခဲ့ပါတယ်။

၅။ ခေတ်သစ်ဘူမိဗေဒ

4341346700_36599f3ba0_b1.jpg 

ကိုယ်နေထိုင်တဲ့ ကမ္ဘာမြေကြီးကို လေ့လာတာထက် ပိုစိတ်ဝင်စားစရာကောင်းတာ ဘာရှိပါဦးမလဲ။ ခေတ်သစ်ဘူမိဗေဒရဲ့ ဖခင်ကြီးဖြစ်တဲ့ James Hutton ဟာ ကျောက်တုံးတွေနဲ့ ကမ္ဘာမြေမျက်နှာပြင်ကို လေ့လာခဲ့ပြီး ကမ္ဘာသူ၊ ကမ္ဘာသားတွေကို ကမ္ဘာကြီးအကြောင်း ပိုမိုစိတ်ဝင်စားလာအောင် ဆွဲဆောင်ခဲ့ပါတယ်။ သူဟာလည်း စကော့တလန်လူမျိုးပါပဲ။

၆။ တယ်လီဖုန်း

13.jpg 

ယနေ့ခေတ်ကြီးထဲမှာ လူတိုင်းနီးပါး ဖုန်းကိုင်နိုင်ကြပြီး ယခင်ခေတ်ကထက်ဆိုရင် ဆက်သွယ်ရေးတွေ ပိုမိုလွယ်ကူ အဆင်ပြေလာကြပါတယ်။ ဒီလိုမျိုး ကျွန်တော်တို့လက်ထဲက စမတ်ဖုန်းတွေဟာ စကော့တစ်ရှ်လူမျိုး တီထွင်သူကြီး Alexander Graham Bell ဟာ မရှိခဲ့ရင် မဖြစ်နိုင်ပါဘူး။ သူဟာ ၁၈၇၀ ပြည့်နှစ်တွေတုန်းက ကမ္ဘာ့ပထမဆုံး တယ်လီဖုန်းကို တီထွင်ခဲ့ပြီး ကျွန်တော်တို့အားလုံး လက်ရှိရောက်နေတဲ့ တိုးတက်မှုတွေအတွက် လမ်းစဖော်ပေးခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Source: theculturetrip


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က