ကမ္ဘာ့မျက်နှာပြင်ရဲ့ (၃) ပုံ (၂) ပုံကို ဖုံးအုပ်ထားတဲ့ ပင်လယ်သမုဒ္ဒရာထဲက ထူးဆန်းတဲ့သက်ရှိတွေဆိုရင် ပိုဆိုးပါတယ်။

ကျွန်တော်တို့ကမ္ဘာကြီးဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့သက်ရှိ အားလုံးရဲ့ မူလဘူတဟာ ပင်လယ်သမုဒ္ဒရာထဲမှာ ဆဲလ်တစ်လုံးတည်းပါတဲ့ ပရိုတိုဇိုးဝါးဆိုတဲ့ အကောင်လေးတွေကမှတဆင့် အဆင့်ဆင့် ဆင့်ကဲပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့လူသားတွေဟာ ကုန်းမြေပေါ်က လျှို့ဝှက်ဆန်းကြယ်မှုတွေကိုတောင်မှ ကုန်စင်အောင် မရှာဖွေနိုင်ကြသေးပါဘူး။ ကမ္ဘာ့မျက်နှာပြင်ရဲ့ (၃) ပုံ (၂) ပုံကို ဖုံးအုပ်ထားတဲ့ ပင်လယ်သမုဒ္ဒရာထဲက ထူးဆန်းတဲ့သက်ရှိတွေဆိုရင် ပိုဆိုးပါတယ်။ ယနေ့ဖော်ပြပေးမှာကတော့ ပင်လယ်သမုဒ္ဒရာထဲက ထူးထူးခြားခြား ရေနေသတ္တဝါတွေပဲ ဖြစ်ပါတယ်။

၁။ Anglerfish (ငါးဘီလူး)

timothy-klanderud-klanderud-anglerfish-modo-render-02.jpg 

ဒီအသားစားငါးဘီလူးကြီးတွေဟာ ပင်လယ်ရေမျက်နှာပြင်အောက် ပေ (၅၀၀၀) အနက်မှာ နေထိုင်ကျက်စားလေ့ရှိတဲ့အတွက် ယေဘုယျအားဖြင့် စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ ရေငုပ်သမားတွေနဲ့ ငါးအသေးလေးတွေအတွက်တော့ ဒီငါးဘီလူးဟာ ငါးမန်းထက်ပိုပြီး ကြောက်ဖို့ကောင်းမှာပါ။ အလျား (၁၁) လက်မမှ လက်မ (၄၀) ခန့်ပဲ ရှိပေမယ့် အလေးချိန်ကတော့ (၉၉) ပေါင်ခန့်ရှိနိုင်ပါတယ်။ ရှေ့မှာ ဓာတ်မီးလိုမျိုး မီးစုန်းပါရှိပြီး သားကောင်တွေကို အဲဒီမီးနဲ့ ဖြားယောင်းတတ်ပါတယ်။

၂။ ဆင်ငါးမန်း (Elephant Shark)

Screenshot-2018-1-2 20 Deepwater Creatures That Look Like They Are From a Fantasy Book(1).png 

ဆင်ငါးမန်းလို့လည်းခေါ် တစ္ဆေငါးမန်းလို့လည်းခေါ်တဲ့ ငါးမန်းဟာ ချားစ်ဒါဝင်ရဲ့ Evolution theory အရဆိုရင် ဆင့်ကဲပြောင်းလဲမှု အနှေးကွေးဆုံး သတ္တဝါမျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း (၄၀၀) တုန်းက ကမ္ဘာဦးရေနေ သတ္တဝါကြီးတွေအတိုင်းပဲ သူတို့ရဲ့မျိုးရိုးဗီဒဆဲလ်နဲ့ ပုံသဏ္ဍာန်တို့က ပြောင်းလဲခြင်း မရှိသေးလို့ပါပဲ။ သူတို့ဟာ ပင်လယ်ရေ မျက်နှာပြင်အောက် ပေ (၆၀၀) ခန့်အနက်မှာ နေထိုင်တတ်ကြပြီး အရှည်အားဖြင့် (၅) ပေခန့်ရှိပါတယ်။

၃။ Blackmouth catshark

Screenshot-2018-1-2 20 Deepwater Creatures That Look Like They Are From a Fantasy Book.png 

ဒီငါးလေးတွေကတော့ ပင်လယ်ရေမျက်နှာပြင်အောက် ပေ (၅၀၀၀) အကွာမှာနေထိုင်ကြတဲ့ ငါးမန်းနွယ်ဝင် ငါးမန်း အသေးစားလေးတွေ ဖြစ်ပါတယ်။ လူ့ကိုအန္တရာယ်မပြုတတ်ကြပေမယ့် လူတွေကတော့ သူတို့ကို ဖမ်းဆီးသတ်ဖြတ် စားသောက်တတ်ကြပါတယ်။

၄။ ဗင်ပိုင်းယားပြည်ကြီးငါး

Screenshot-2018-1-2 20 Deepwater Creatures That Look Like They Are From a Fantasy Book (2).png 

ဗင်ပိုင်းယား (သွေးစုပ်ဖုတ်ကောင်) တွေ ထာဝရအသက် ရှိကြသလိုပဲ ဗင်ပိုင်းယား ပြည်ကြီးငါးမှာလည်း နာမည်နဲ့ကိုက်ညီတဲ့ စွမ်းရည်တွေရှိပါတယ်။ ဒီပြည်ကြီးငါးရဲ့ လက်တံကိုဖြတ်တောက်လိုက်ရင် လွယ်ကူစွာ လက်တံပြန်ပေါက်လာနိုင်ပါတယ်။

၅။ Frilled Shark

Screenshot-2018-1-2 20 Deepwater Creatures That Look Like They Are From a Fantasy Book (3).png 

ငါးမန်းတွေဟာ ပင်လယ်ရေနက်မှာ ကျက်စားတတ်တဲ့ သတ္တဝါတွေဖြစ်တဲ့အတွက် ဒီတစ်ခုကလည်း ခြွင်းချက်ထဲမှာ မပါပါဘူး။ Frilled Shark ကို ပင်လယ်ရေမျက်နှာပြင်အောက် ပေ (၅၀၀၀) အကွာမှာ တွေ့ရှိရတတ်ပြီး ခန္ဓာကိုယ်အရွယ်အစားက (၆) ပေ (၆) လက်မခန့်ရှိပါတယ်။

၆။ Gulper Eel

Screenshot-2018-1-2 20 Deepwater Creatures That Look Like They Are From a Fantasy Book (4).png 

အရိုးကင်းမဲ့ပြီး သေးငယ်ပေမယ့် ဒီငါးရှဉ့်ဟာ သူ့အရွယ်အစားထက် ပိုမိုကြီးမားတဲ့ သားကောင်တွေကို ဝါးမျိုစားသောက် နိုင်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင်အောက် ပေ (၁၀၀၀) ခန့်မှာ နေထိုင်ကျက်စားလို့ တွေ့ရခက်ခဲပေမယ့် မျက်နှာချင်းဆိုင် ရင်ဆိုင်တိုးရရင်လည်း သင့်အတွက် လွယ်မယ်မထင်ပါဘူး။

ဆက်လက်ဖော်ပြပါမည်။

Source: brightside

Share

Loading Next Article...
က္က