အကျႌမဝတ်ခင် ရာသီဥတုကိုလည်း ကြည့်တတ်ရတယ်။

အမြဲတမ်း စမတ်ကျကျနဲ့ စတိုင်လ်မိမိမိန်းကလေးတွေကိုမြင်ရင် အားမကျဘူးလား။ သူတို့ဝတ်ထားစားထားတာတွေမှာ တန်ဖိုးကြီးတာလည်းမပါ၊ နောက်ဆုံးပေါ်ဖက်ရှင်တွေလည်း မပါဘဲနဲ့ ကြည့်လို့ကောင်းနေတာလေ။ အဲ့ဒီလို ဖက်ရှင်ကျနေဖို့ဆိုတာ အခြေအနေနဲ့ အချိန်အခါကို ထည့်သွင်းစဉ်းစားတတ်ဖို့ လိုသလို ဒီလိုအကျင့်လေးတွေလည်း ရှိဖို့လိုပါတယ်။

၁။ စုစည်းထိန်းသိမ်းမှု

141.jpg 

အဝတ်အစားတွေကို ဘယ်နားမှာ ဘယ်လိုထားမိမှန်းမသိ၊ ကြုံသလိုပစ်ထားတဲ့အကျင့်က ဘယ်တော့မှ ဖက်ရှင်မကျနိုင်ဘူး။ တွေ့ရာဆွဲဝတ်နေရတော့ စမတ်မကျဘူးလေ။ အဝတ်အစားတွေကို အမျိုးအစားလိုက်၊ အရောင်အလိုက် ကိုယ်ဝတ်ဆင်ရတဲ့ အနေအထားပေါ် မူတည်ပြီး စနစ်တကျ စုစည်းထားတတ်ပါစေ။

၂။ ရာသီတုဥကိုကြည့်ပြီးမှ အဝတ်အစားရွေးတယ်

အပြင်မှာ နေက ခြစ်ခြစ်တောက်ပူနေတာ။ ဒါကိုမသိဘဲနဲ့ လက်ရှည်နဲ့ ဂျင်းဘောင်းဘီအထူကြီးဝတ်မိတော့ ဂွမ်းတာပေါ့။ ဘာဝတ်ရမယ်ဆိုတာ မရွေးခင်မှာ ရာသီဥတုကို အရင်ဆုံးကြည့်ကြည့်ပါ။

၃။ အချိန်ပေးတယ်

147.jpg 

လှချင်တယ်ဆိုရင်တော့လည်း အချိန်ပေးရမှာပါပဲ ပျိုမေတို့ရေ။ ပြင်ဆင်ဖို့အတွက် အချိန်လေးပေးမှ ပိုလှလာမှာပါ။ အချိန်မရှိလို့ ဖို့ရို့ဖားလျားဝတ်ပြီး အပြင်ထွက်ရရင်တော့ ကိုယ့်အနေနဲ့ ဘယ်တော့မှ သပ်သပ်ရပ်ရပ်ရှိမှာမဟုတ်ဘူး။ မဒီအကြံပေးချင်တာကတော့ ညမအိပ်ခင်ကတည်းက မနက်အတွက် ကြိုပြင်ဆင်ထားတာ ပိုကောင်းတယ်။ မနက်ကျတော့ အချိန်ကုန်သက်သာတာပေါ့။

၄။ သန့်ရှင်းသပ်ရပ်မှု

ဝတ်ပြီးတဲ့ အဝတ်အစားတွေကို ချွတ်တာနဲ့ တစ်ခါတည်းလျှော်နိုင်ရင် အကောင်းဆုံးပါ။ တစ်ပတ်လုံး ဝတ်ထားသမျှကို ပိတ်ရက်ကျမှ ပေါင်းပြီးလျှော်ရင် အဝတ်အစားတွေမှာ အနံ့တွေစွဲနေတော့မှာပါ။ ချွတ်တာနဲ့ လျှော်ပြီး မီးပူလေးတိုက်၊ သပ်သပ်ရပ်ရပ်ဝတ်မှ ကျော့ရှင်းနေမှာ။

၅။ Plan B

117.jpg 

ဘာကိစ္စပဲဖြစ်ဖြစ် plan B ဆိုတာလေးကို ထည့်တွက်သင့်တယ်။ ကိုယ်တွက်ဆထားတဲ့အတိုင်း ဖြစ်မလာရင် ဒုတိယနည်းလမ်းကို ကြိုတွေးထားတာက ဆုံးရှုံးနစ်နာမှုနည်းတယ်လေ။ အဝတ်အစားဝတ်တာတောင်မှ ဒါမဝတ်ဖြစ်ရင် ဘာဝတ်ရမလဲဆိုတာပါ တစ်ခါတည်းကြိုတွေးထားပါ။ အထူးသဖြင့် ပွဲတက်ဖို့ရှိတယ်ဆိုရင်ပေါ့။

Share

Loading Next Article...
က္က