နှစ်တစ်နှစ် ကုန်ဆုံးသွားတိုင်း နှစ်သစ်မှာ ဘာလုပ်မယ်ဆိုတာကို ကြံစည်ကြတယ်။ နှစ်ဟောင်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုလည်း ပြန်သုံးသပ်ကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကို ပြန်တွက်ကြည့်လိုက်မယ်ဆိုရင် ၂၀၁၇ ဟာ အမျိုးသမီးတွေရဲ့နှစ်လို့တောင် ပြောလို့ရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ ကမ္ဘာအရပ်ရပ်က အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေဟာ ပိုပြီးကြီးကျယ် ပျံ့နှံ့လာတာကိုလည်း တွေ့ရတယ်။
၁။ အမျိုးသမီးတွေစုရုံးချီတက်ပွဲ
၂၀၁၇ ဇန်နဝါရီ ၁ ရက်နေ့မာ အမျိုးသမီးပေါင်း ၃.၃ သန်းကျော်ဟာ အမေရိကရဲ့ မြို့ပေါင်း ၅၀၀ ကျော်မှာ စုရုံးချီတက်ခဲ့ကြတယ်။ ဝါရှင်တန်ဒီစီ တစ်နေရာတည်းမှာတင် အမျိုးသမီးပေါင်း ၅၀၀,၀၀၀ မှ တစ်သန်းကြား ရှိလိမ့်မယ်လို့ ခန့်မှန်းရတယ်။ အမျိုးသမီးတွေအခွင့်အရေးအတွက် စုပေါင်းချီတက် ခဲ့ကြတာပါ။
၂။ Wonder Woman
အမျိုးသမီး စူပါဟီးရိုးအကြောင်းကို အမျိုးသမီးဒါရိုက်တာက ရိုက်ကူးတဲ့ Wonder Woman ရုပ်ရှင်ဟာ ဒီနှစ်မှာ လူကြိုက်အများဆုံး ဖြစ်လာခဲ့တယ်။ ဒါရိုက်တာ ပတ်တီ ဂျက်ကင်းစ်ရော သရုပ်ဆောင် ဂယ်လ် ဂါဒေါ့တ်ပါ တရှိန်ထိုး နာမည်ကြီးလာခဲ့ပါတယ်။ ရုပ်ရှင်ကားကနေ ဝင်ငွေ ဒေါ်လာ ၈၂၁ သန်း ရခဲ့တယ်။
၃။ #Metoo
အောက်တိုဘာလအတွင်းမှာတော့ #metoo လှုပ်ရှားမှု ပေါ်ထွက်လာပါတယ်။ လူမှုကွန်ရက်ပေါ်မှာ အတော်ကို ပျံ့နှံ့သွားခဲ့ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ဆန့်ကျင်ခဲ့ကြတာပါ။ ဒီလှုပ်ရှားမှုဟာ ထုတ်လုပ်သူ ဟာဗေး ဝင်စတိန်းန်ရဲ့လုပ်ရပ်အပေါ် အမျိုးသမီးသရုပ်ဆောင်တွေက ထုတ်ဖော်ပြောကြားခဲ့ကြရာနေ စတင်ခဲ့တယ်။ #metoo ဆိုတဲ့ စကားလုံးဟာ လူမှုကွန်ရက်ပေါ်မှာ အကြိမ်ပေါင်း ၃ သန်းကျော် တွေ့မြင်ခဲ့ရပါတယ်။
၄။ အမျိုးသမီးဝါဒ
အမေရိကရဲ့ လူသုံးအများဆုံး အွန်လိုင်းအဘိဓ္ဓာန်ဝက်ဘ်ဆိုက်ဖြစ်တဲ့ Merriam-Webster မှာ တစ်နှစ်အတွင်း ရှာဖွေမှုအများဆုံးက feminism (အမျိုးသမီးဝါဒ) ဖြစ်ပါသတဲ့။ အရင်နှစ်ထက်စာရင် ဒီစကားလုံးကို ရှာဖွေမှုဟာ ၇၀ % မြင့်တက်လာခဲ့တယ်လို့ ဆိုတယ်။ အမျိုးသမီးတွေဟာ နယ်ပယ်အသီးသီးမှာ ပိုမိုအောင်မြင်ကျော်ကြားလာနေကြပါတယ်။
Source : Yahoo