ဆောင်းတွင်းမနက်ခင်း စောစောမှာ ရေနွေးကြမ်းတစ်ခွက်ကို ဘေးမှာချ၊ ကန်စွန်းဥပြုတ် ပူပူလေးကို နှမ်းဆီလေးနဲ့ တို့စားရတဲ့ အရသာကို သဘောတွေ့ကြမှာပါ။

ဆောင်းတွင်းမနက်ခင်း စောစောမှာ ရေနွေးကြမ်းတစ်ခွက်ကို ဘေးမှာချ၊ ကန်စွန်းဥပြုတ် ပူပူလေးကို နှမ်းဆီလေးနဲ့ တို့စားရတဲ့ အရသာကို သဘောတွေ့ကြမှာပါ။ တကယ်တော့ ကန်စွန်းဥဟာ သဘာဝအလျောက် ချိုမြိန်တဲ့ သစ်ဥသစ်ဖုတစ်မျိုးဖြစ်ပြီး ပြုတ်စား၊ ဖုတ်ထားလို့ရသလို ဟင်းချက်စားလို့လည်း ရပါတယ်။ အောက်ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေဖို့အတွက် ကန်စွန်းဥများများ စားပေးသင့်ပါတယ်။

၁။ အစာကြေစေတယ်

sweetpotato01.jpg 

ကန်စွန်းဥမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ အာလူးထက်ပိုမိုမြင့်မားပြီး အရသာလည်း ပိုကောင်းပါတယ်။ အဲဒီအမှျှင်ဓာတ်ကိုမှ မဂ္ဂနီစီယမ်လို သတ္ထုဓာတ်တစ်မျိုးနဲ့ ပေါင်းစပ်လိုက်ချိန်မှာတော့ သဘာဝ အစာကြေဆေးတစ်မျိုး ဖြစ်သွားပါတော့တယ်။ ကစီဓာတ်ပါဝင်မှုကြောင့် ကန်စွန်းဥတွေကိုစားရင် လွယ်ကူစွာ အစာကြေစေနိုင်ပါတယ်။ ဒါ့အပြင် ကန်စွန်းဥစားခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းကိုလည်း သက်သာစေနိုင်ပါတယ်။

၂။ ဝိတ်တက်စေတယ်

ကန်စွန်းဥထဲမှာ ကစီဓာတ်၊ ကျန်းမာစေတဲ့ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ ပရိုတိန်းတို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ဝိတ်တင်နေသူတွေအတွက် ခန္ဓာကိုယ်စွမ်းအင်နဲ့ အလေးချိန်တိုးစေနိုင်တဲ့ အာဟာရဓာတ်တွေကို ရရှိစေနိုင်ပါတယ်။ ပိန်လွန်းလို့ အရိုးလို့ အခေါ်ခံနေရသူတွေနဲ့ LCD ဘဝရောက်နေလို့ ရွယ်တူမိန်းကလေးတွေကြားမှာ အားငယ်နေရသူတွေ ကန်စွန်းဥစားပေးမယ်ဆိုရင် အာဟာရ ပြည့်ဝစေရုံသာမက ဝိတ်လည်းတက်စေနိုင်လို့ ပုံမှန်စားပေးသင့်ပါတယ်။

၃။ ကိုယ်ခံအားကောင်းစေတယ်

Zimbabwe-food-boiled-Mbambaira-610x300.jpg 

ကန်စွန်းဥထဲမှာပါဝင်တဲ့ အဓိက antioxidant တစ်မျိုးဖြစ်တဲ့ beta-carotene ဟာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို အားကောင်းစေတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဒါ့အပြင် ဗိုက်တာမင်၊ သံဓာတ်၊ ဖော့စ်ဖရတ်စ် စတာတွေလည်း ကြွယ်ဝတဲ့အတွက် ကန်စွန်းဥစားခြင်းဟာ ခန္ဓာကိုယ်ထဲကို တော်ရုံ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး ဝင်မတိုးနိုင်လောက်အောင် အားကောင်းစေနိုင်ပါလိမ့်မယ်။

၄။ ပန်းနာရင်ကြပ် သက်သာစေတယ်

ဆောင်းတွင်းမှာ ကန်စွန်းဥပြုတ်ပူပူလေးကို နှမ်းဆီလေးနဲ့ တို့စားခြင်းက ရင်ကိုနွေးစေသလို ပန်းနာရင်ကြပ်သမားတွေ အတွက်လည်း ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကန်စွန်းဥဟာ နှာခေါင်း၊ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ဝန်းကျင်မှာ ပိတ်ဆို့ခြင်းကို ရှင်းလင်းပေးနိုင်လို့ပါပဲ။ တစ်နည်းအားဖြင့် ပန်းနာရင်ကြပ်သမားတွေအတွက် သတင်းကောင်းပါပဲ။

၅။ အဆစ်အမြစ်ရောင်ရောဂါကို သက်သာစေတယ်

o-SLICED-SWEET-POTATO-facebook.jpg 

Beta-carotene (ဘီတာကာရိုတင်းန်)၊ မဂ္ဂနီစီယမ်၊ ဇင့်နဲ့ ဗိုက်တာမင်ဘီတို့ဟာ ကန်စွန်းဥကို အဆစ်အမြစ်ရောင်ရောဂါ ဝေဒနာရှင်တို့အတွက် အားကိုးရာဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ဆောင်းတွင်းဘက် ခြေဆစ်၊ လက်ဆစ်တွေကိုက်ခဲရင် ကန်စွန်းဥပြုတ် ပူပူလေးစားပေးခြင်းဖြင့် ဝေဒနာလျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါမှမဟုတ် ကန်စွန်းဥပြုတ်ရည်ကို အရိုးအဆစ်အမြစ်တွေနားမှာ လိမ်းပေးခြင်းကလည်း ဝေဒနာလျော့ပါး သက်သာစေမယ့် နည်းလမ်းပါ။

၆။ ဆီးချိုထိန်းချုပ်ပေးတယ်

တချို့တွေက ကန်စွန်းဥရဲ့အချိုဓာတ်ကြောင့် ဆီးချိုတက်စေမယ်လို့ထင်ကြပါတယ်။ တကယ်တမ်းကျတော့ ပြောင်းပြန်ပါပဲ။ ကန်စွန်းဥဟာ သွေးတွင်းအချိုဓာတ်တွေကို ထိန်းညှိပေးရာမှာ အသုံးဝင်ပြီး အင်ဆူလင်လုပ်ဆောင်မှုတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ထမင်းအစား ကန်စွန်းဥစားပေးရင်တောင် ဆီးချိုသမားတွေအတွက် ဆီးချိုကျစေနိုင်ပြီး ကျန်းမာရေးကောင်းစေနိုင်မှာပါ။

၇။ ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးတယ်

20161020-roasted-sweet-potato-variations-brown-butter-rosemary-vicky-wasik-6.jpg

ကန်စွန်းဥထဲက အမျှင်ဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်ခြင်း မဖြစ်ရလေအောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး ကန်စွန်းဥဟာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်မျှတနေအောင်၊ ရေဓာတ်ပြည့်ဝနေအောင်၊ ဆဲလ်တွေ အကျိုးရှိရှိ အလုပ်လုပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

Source: OrganicFacts

Share

Loading Next Article...
က္က