လူတစ်ယောက်ချင်းစီမှာ အလှတရားကို သတ်မှတ်ရှုမြင်ပုံချင်း တူညီမှာမဟုတ်ပါဘူး။

အလှတရားဆိုတာ ကြည့်သူရဲ့မျက်လုံးထဲမှာပဲရှိတယ် ဆိုတာအမှန်ပါ။ လူတစ်ယောက်ချင်းစီမှာ အလှတရားကို သတ်မှတ်ရှုမြင်ပုံချင်း တူညီမှာမဟုတ်ပါဘူး။ တချို့က အသားဖြူ၊ အရပ်မြင့်ပြီး နှုတ်ခမ်းလေးတွေရဲနေမှ လှတယ်လို့ ထင်ကြသလို တချို့ကတော့ အသားမဲတဲ့သူတွေကိုမှ လှတယ်လို့ထင်ကြပါတယ်။

ဒါပေမယ့် ကလေးတော်တော်များများကတော့ လူကြီးတွေရဲ့ မျက်စိထဲမှာ ချစ်ဖို့ကောင်းနေမှာပါပဲ။ ဒါကလည်း ကလေးတွေရဲ့ ငယ်ဂုဏ်နဲ့ အပြစ်ကင်းစင်မှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အခုလောလောဆယ် ကမ္ဘာပေါ်မှာ ရုပ်အချောဆုံးလို့ သတ်မှတ်ခံထားရပြီး ရုပ်ချောမှုကြောင့် ကမ္ဘာကျော်ခဲ့တဲ့ မိန်းမငယ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Anastasia Knyazeva (ရုရှ)

Screenshot-2018-1-3 13 Children Who Became World Famous Thanks to Their Beauty.png 

မကြာသေးခင်ကမှ ဗြိတိသျှမီဒီယာတစ်ခုက အသက် (၆) နှစ်အရွယ် Perm မြို့သူ ကလေးမလေးကို ကမ္ဘာ့အလှဆုံး မိန်းကလေးလို့  ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။ Anastasia ရဲ့မိခင်ဖြစ်သူကတော့ Anastasia မွေးကင်းစအရွယ်ကတည်းက သူမရဲ့ထူးခြားတဲ့ ရုပ်ရည်သွင်ပြင်ကို လူတွေသတိထားမိကြတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် သူမရဲ့မျက်လုံးလေးတွေဟာ အပြာရောင်တောက်ပနေပြီး ဆွဲဆောင်မှုအပြည့် ရှိပါတယ်။

ဒီမိန်းမငယ်လေးဟာ ကမ္ဘာကျော်ဖက်ရှင် brand တွေရဲ့ ကလေးဝတ် အဝတ်အထည်တွေအတွက် ဖက်ရှင်မော်ဒယ် လုပ်ပေးနေပြီး သူမရဲ့ဓာတ်ပုံတွေကိုလည်း မြို့ကြီး တော်တော်များများက Billboard တွေပေါ်မှာ တွေ့မြင်နိုင်ပါတယ်။ သူမရဲ့ Instagram မှာလည်း ဖော်လိုဝါ (၅) သိန်းကျော်ရှိနေပါပြီ။

၂။ Anna Pavaga (ရုရှ)

Screenshot-2018-1-3 13 Children Who Became World Famous Thanks to Their Beauty(1).png 

ရုရှနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့က နတ်သမီးလေးတစ်ပါးကတော့ Anna Pavaga ပါ။ သူမအရွယ် ကောင်မလေး တော်တော်များများလိုပါပဲ။  Anna ဟာလည်း ဘဲလေးအက ကပါတယ်။ သူမရဲ့အိပ်မက်က တစ်နေ့မှာ ပရော်ဖက်ရှင်နယ် ဘဲလေးအကမယ်ဖြစ်ရေးပါပဲတဲ့။

သူ့အသက် (၃) နှစ်အရွယ်ကတည်းက သူမဟာ ကလေးအဝတ်အစားတွေ၊ အရုပ်တွေနဲ့ အားကစားပစ္စည်းတွေကို ကြော်ငြာရိုက်ခဲ့ပါတယ်။ သူမဟာ သရုပ်ဆောင်လမ်းကြောင်းကို Marsel တီးဝိုင်းရဲ့ Nastroenie Osen သီချင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို Water Universe ရုပ်ရှင်ထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။

၃။ Lauren Lunde (တောင်ကိုရီးယား)

Screenshot-2018-1-3 13 Children Who Became World Famous Thanks to Their Beauty(2).png 

သဘာဝက ကပြားကလေးတွေကို သူမတူတဲ့အလှတရားနဲ့ ချီးမြှင့်တယ်လို့ပဲ ယူဆရတော့မလား မသိပါဘူး။ ကိုရီးယားလူမျိုး မိခင်နဲ့ ကနေဒါလူမျိုး ဖခင်တို့မှ ဖွားမြင်လာခဲ့တဲ့ Lauren ဟာ ဒီအချက်ကို ထင်ရှားစွာ သက်သေပြနေပါတယ်။ ဒီမိန်းမငယ် လေးကတော့ တောင်ကိုရီးယားရဲ့ နာမည်ကျော်ဖက်ရှင် brand တွေဖြစ်တဲ့ Aura Kids, MiniZaru နဲ့ MiniMe တို့နဲ့ အလုပ်အတူတူ လုပ်ခဲ့ပါတယ်။ လှတယ်ဆိုပြီး လျှော့တော့မတွက်ပါနဲ့။ ဒီမိန်းမငယ်လေးဟာ သူ့ရဲ့အားလပ်ချိန်မှာ တိုက်ကွမ်ဒိုဆော့ပါသတဲ့။

၄။  Jordyn Reinle (အမေရိကန်)

Screenshot-2018-1-3 13 Children Who Became World Famous Thanks to Their Beauty (2).png 

Jordyn လေးဟာ ဖက်ရှင်လောကထဲကိုဝင်ဖို့ ပထမခြေလှမ်းကို စလှမ်းနေဆဲပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူမဟာ နာမည်ကျော် အမေရိကန်ဖက်ရှင် brand ကြီးတွေဖြစ်တဲ့ Simplicity Patterms တို့၊ The Children's Place တို့၊ Kidpik တို့နဲ့လည်း အလုပ်တွဲလုပ်နေပါပြီ။

၅။ Laneya Grace (အမေရိကန်)

Screenshot-2018-1-3 13 Children Who Became World Famous Thanks to Their Beauty (3).png 

ကပြားကလေးတွေ လှပတယ်ဆိုတဲ့ နောက်ထပ်ဥပမာတစ်ခုကတော့ စပိန်၊ အမေရိကန်နဲ့ ဖိလစ်ပိုင်ကပြားမလေး Laneya က သက်သေပြနေပါတယ်။ သူမအသက် (၃) နှစ်အရွယ်မှာ သူမရဲ့အမေဟာ ဒုတိယမြောက်ရင်သွေးကို လိုချင်ခဲ့ပါတယ်။ ဒါကြောင့် နောက်ကလေးမွေးလာချိန်မှာ သူမကိုအချိန်မပေးနိုင်မှာစိုးလို့ဆိုပြီး မော်ဒယ်အေဂျင်စီတစ်ခုနဲ့ အပ်ခဲ့ပါတယ်။

အေဂျင်စီက ဓာတ်ပုံဆရာတွေဟာ ကင်မရာမကြောက်တဲ့ မျက်လုံးစိမ်းနဲ့မိန်းကလေးကို ဓာတ်ပုံရိုက်ပေးဖို့ စိတ်အားထက်သန် ခဲ့ကြပါတယ်။ Laneya ဟာ အခုအချိန်မှာ အသက် (၁၃) နှစ်ရှိပြီဖြစ်ပြီး Disney, Avicii တို့နဲ့လည်း လက်တွဲပြီး အလုပ်လုပ်ခဲ့ ဖူးပါတယ်။

Source: Brightside

Share

Loading Next Article...
က္က