ကိုယ့်ရဲ့ ပင်ကိုယ်နှုတ်ခမ်းလေးက ဘယ်လိုပုံစံမျိုးလေးလဲ။ ထူထူလေးလား၊ နှုတ်ခမ်းပါးလေးလား။ နှုတ်ခမ်းရဲ့ ပုံစံအလိုက် စိတ်နေစိတ်ထားကို ခန့်မှန်းလို့ ရပါသတဲ့။ ကိုယ့်နှုတ်ခမ်းက ဘယ်လိုပုံစံလဲဆိုတာ ကြည့်ပြီးရင် ကိုယ့်စိတ်က ဘယ်လိုမျိုးလဲဆိုတာ ဖတ်ကြည့်ပါဦး။
၁။ မထူမပါး အနေတော်လေး
အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်း အရွယ်အစားမကွာဘူး၊ ပုံစံချင်းလည်း မကွာဘူး။ အထူအပါးကလည်း အနေတော်ပဲဆိုရင် ကိုယ့်စိတ်ကလည်း ဆတ်ဆတ်ထိမခံ ငိုလွယ်၊ ဒေါသဖြစ်လွယ်တဲ့ စိတ်မျိုး မဟုတ်ဘူး။ သူများပြောတာကို သေသေချာချာ နားထောင်ပေးတတ်တယ်။ ပြီးတော့မှ သင့်လျော်တဲ့အကြံကို ပေးတတ်တယ်။
၂။ နှုတ်ခမ်းပါး
အပေါ်နှုတ်ခမ်းရော အောက်နှုတ်ခမ်းပါ ပါးပါးလျလျလေး ရှိသူမျိုးလား။ ဒီလိုလူတွေက တစ်ယောက်တည်းနေရတာ သဘောကျတယ်တဲ့။ တစ်ယောက်တည်းနေရတာကို သဘောကျတာဆိုတော့ သူတို့ကိုယ်သူတို့ အထီးကျန်တယ်လို့လည်း မခံစားရဘူး။ ပြီးတော့ ငွေရေးကြေးရေး စီမံခန့်ခွဲရတာတွေလည်း စိတ်မပါဘူး။
၃။ ထူတဲ့နှုတ်ခမ်း
Filler တွေ ထိုးထားရင်တော့လည်း မပြောတတ်ဘူး။ သဘာဝအတိုင်း အပေါ်ရောအောက်ပါ နှုတ်ခမ်းနှစ်ခုလုံး ထူထူဖောင်းဖောင်းလေး ဖြစ်နေရင်တော့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်သူတွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပျော်အောင်လည်း ထားတတ်တယ်။ အလှအပမက်မောတယ်။
၄။ လေးကိုင်းသဏ္ဍန်နှုတ်ခမ်းလေး
ခုံးခုံးကွေးကွေးလေးနဲ့ ချစ်စရာ နှုတ်ခမ်းလေးပေါ့။ စကားကြွယ်တယ် စကားတတ်ကြတယ်။ လူချစ်လူခင်လည်း များတယ်။
၅။ အထူအပါး/ အပါး အထူ
အပေါ်နှုတ်ခမ်းက အောက်နှုတ်ခမ်းထက် ပိုထူတဲ့ပုံစံမျိုးပါ။ စိတ်ဓာတ်ခိုင်မာ ပြတ်သားတယ်။ ဆုံးဖြတ်ချက်ချပြီးရင် မပြင်တော့ဘူး။
အပေါ်နှုတ်ခမ်းက အောက်နှုတ်ခမ်းထက် ပိုပါးနေခဲ့မယ် ဆိုရင်တော့ တက်ကြွဖျတ်လက်သူပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းရှိတယ်။ အပေါင်းအသင်းများတဲ့လူမျိုး ဖြစ်ပါတယ်။
၆။ တင်းတင်းစေ့တဲ့နှုတ်ခမ်း
နှုတ်ခမ်းနှုတ်ခု စေ့ထားလိုက်ရင် အလယ်က ကန့်လန့်ဖြတ်မျဉ်းက ဖြောင့်တန်းနေတဲ့ ပုံစံမျိုး။ ဒီလိုနှုတ်ခမ်းပိုင်ရှင်တွေက ဆန်းဆန်းတင့်သမားတွေ။ ပြီးတော့ လူတစ်ယောက်ပြဿနာရှိနေပြီဆိုရင် အလိုလိုခံစားသိရှိနိုင်တယ်။ လူတွေကို ကူညီတတ်တယ်။
Source : Style Craze