ဆေးထိုးမှု၊ လက်ကိုဖောက်ပြီးသွေးစစ်မှုတွေဟာ နာကျင်စေပြီးတော့ စိတ်ပျက်စရာကောင်းပါတယ်။

ဆီးချိုသမားတွေအတွက် သိပ္ပံပညာရှင်တွေဟာ ခန္တာကိုယ်အတွင်းက အင်ဆူလင်ထုတ်လုပ်မှုနှုန်းကို တိုးပွါးစေမဲ့ နာကျင်မှုကင်း အရေပြားကပ်ခွာဆေးတစ်မျိုးကို ဖန်တီးခဲ့ပါတယ်။ သန်းပေါင်းများစွာသောဆီးချိုဝေဒနာရှင်တွေအတွက် ဆေးထိုးမှု၊ လက်ကိုဖောက်ပြီးသွေးစစ်မှုတွေဟာ နာကျင်စေပြီးတော့ စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေဟာ  အပတ်စဉ်သုံးစွဲပေးရုံနဲ့ ခန္တာကိုယ်အတွင်း အင်ဆူလင်ထုတ်လုပ်မှုနဲ့ သွေးထဲ သကြားပါဝင်မှုပမာဏကို ထိန်းချုပ်နိုင်မဲ့ နည်းလမ်းကို ရှာဖွေခဲ့ကြပါတယ်။

 

ဆေးကို သဘာဝပစ္စည်းတွေ ဖြစ်တဲ့ အညိုရောင်ရေညှိကနေ ထုတ်ထားပြီး တခြားဆေးဘက်ဝင် ပစ္စည်းတွေနဲ့ပါ ရောစပ်ထားပါတယ်။ နောက်ပါဝင်တဲ့ အာနိသင်ကတော့ အခြေအနေပေါ်မူတည်ပြီးတော့ ကိုယ်တွင်းမှာရှိတဲ့ ဂလူးကိုစ့်လယ်ဗယ်အထိုင်ကြတဲ့အခါ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေကို အနှေးဖြစ်စေ အမြန်ဖြစ်စေ ထုတ်ပေးနိုင်ပါတယ်။ ဆေးဝါးကို ကြွက်တွေအပေါ်မှာ စမ်းသပ်ထားပြီးတော့ အောင်မြင်မှုရရှိထားတယ်လို့ အမေရိကန်သုတေသီတွေက ပြောခဲ့ပါတယ်။

 

ကပ်ခွာရဲ့အလုပ်လုပ်ပုံ

ဆီးချိုသမား အများစုဟာ အင်ဆူလင်ဟော်မုန်းဆေးတွေကို ထိုးသွင်းခြင်းဖြင့် ကုသမှုခံယူကြပါတယ်။ ဒါပေမဲ့ သုတေသီတွေရဲ့ မှတ်ချက်မှာတော့ အင်ဆူလင်ထိုးသွင်းတဲ့နည်းနဲ့ ကုသခြင်းဟာ ဆီးချိုဖြစ်ရပ် တစ်ဝက်လောက်မှာ ကောင်းကောင်းမထိန်းချုပ်နိုင်ဘူးလို့ဆိုတယ်။ ကပ်ခွာကို အရေပြားပေါ်မှာ ကပ်ထားပြီးပြီဆိုရင် ကပ်ခွာမှာပါတဲ့ဒြပ်ပေါင်းတွေက အစားစားပြီးတာနဲ့ တပြိုင်နက်တည်း ခန္ဓာကိုယ်ကနေ အင်ဆူလင်ဟော်မုန်းတွေ ပိုမိုထွက်ရှိလာအောင် လှုံ့ဆော်ပေးမှာဖြစ်ပါတယ်။

Source : Mail Online

Share

Loading Next Article...
က္က