ဘယ်အရာမဆို လက်လွှတ်စပယ် ထင်လိုက်တာတော့ မကောင်းဘူး။

Louanne Ward ဟာ ဆယ်စုနှစ်များစွာတိုင်အောင် အမျိုးသမီးတွေနဲ့ အမျိုးသားတွေရဲ့ အချစ်ရေးရာကိစ္စတွေမှာ အကြံပေးပုဂ္ဂိုလ်အဖြစ်နဲ့ လုပ်ကိုင်နေသူပါ။ ဝါ့ဒ်ရဲ့ အကြံပေးချက်တွေဟာ အချစ်ကိုရှာဖွေနေသူတွေအတွက် တကယ်ပဲ အသုံးဝင်ခဲ့ပါတယ်။ သူမကြောင့် အချစ်ရေးပြေလည်သွားသူတွေ အများကြီးပါပဲ။ ချစ်မှုရေးရာနဲ့ပတ်သက်လို့ ၂၀၁၈ ခုနှစ်မှာ အဆင်ပြေချင်ရင်တော့ ဒီယုံတမ်းစကားတွေကို မယုံဖို့ ဝါ့ဒ်က ပြောပါတယ်။

၁။ တစ်ခါဖောက်ပြန်ဖူးရင် နောက်လည်းဖောက်ပြန်မှာပဲ

8.jpg 

ဒီကိစ္စကြီးက တော်တော်တော့ ဆိုးတယ်။ တစ်ကြိမ်ဖောက်ပြန်ဖူးသူဟာ နောက်လည်း ထပ်ဖောက်ပြန်မှာပဲဆိုတဲ့ သံသယစိတ်ကြီးက သူနဲ့ကိုယ့်ကြားမှာ ဘယ်တော့မှ ယုံကြည်မှုတည်ဆောက်လို့ မရတော့ဘူး။ အဲ့ဒီအတွက် သက်သေအထောက်အထားလည်း တိတိကျကျ ပြလို့မရဘူးလေ။

၂။ ယောက်ျားလေးကအရင်စ

28.jpg 

ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားပြီဆိုရင် သူကအရင်စပြီးလှုပ်ရှားရမယ်ပေါ့။ အဲ့တာ မှားတယ်။ တစ်ခါတစ်လေမှာ ယောက်ျားတွေဟာ မိန်းကလေးဘက်က သူတို့ကို စိတ်ဝင်စားမှုရှိမရှိဆိုတာကို စောင့်နေတတ်ကြတယ်။ နောက်တစ်ကြိမ်ထပ်တွေ့ဖို့ကို စပြီးပြောရဲတဲ့ မိန်းကလေးမျိုးကိုလည်း ယောက်ျားတွေက ကြွေတယ်။ ဒါပေမဲ့ ဒါဟာ မိန်းကလေးဘက်ကပဲ အားလုံး အရင်စနေရမယ်လို့ မဆိုလိုပါဘူး။ မိန်းကလေးတွေအနေနဲ့ ယောက်ျားတွေဘက်ချည်း အရင်စဖို့ မမျှော်လင့်ဖို့ပါပဲ။

၃။ မိန်းကလေးတွေက အသက်ကြီးတဲ့ယောက်ျားကိုချစ်ရင် ငွေမက်လို့

48.jpg 

လူတိုင်းလိုလို ထင်ကြတယ် ငယ်ငယ်ချောချော မိန်းကလေးတစ်ယောက်က သူ့ထက်အသက်ကြီးတဲ့လူကိုတွဲရင် ငွေမက်လို့ ဆိုတာချည်းပဲ။ ကိုယ်မမြင်နိုင်တဲ့ သူတို့နှစ်ယောက်ကြားက ရင်းနှီးမှုဟာ သူတို့ပဲသိတဲ့ကိစ္စပါ။ သူများကိုလည်း မဝေဖန်သင့်ဘူး။ ကိုယ်တိုင်လည်း တကယ့်အချစ်ကို တွေ့လာရင် အသက်နဲ့ငွေကြေးကို လျစ်လျူရှုမိမှာပါပဲ။

Share

Loading Next Article...
က္က