အထီးကျန်တာနဲ့ တစ်ယောက်တည်းနေတတ်ခြင်းရဲ့ ကွဲပြားခြားနားမှုကို ကောင်းကောင်းကြီး သိနားလည်သွားပါတယ်။

အရင်တုန်းကတော့ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်ပိုပြီး ချစ်ခဲ့ဖူးပါတယ်။ သိပ်ချစ်ရတဲ့လူနဲ့ ဝေးသွားတဲ့နောက်မှာ နောက်ထပ် ချစ်သူဆိုတာလည်း မလိုချင်တော့ဘူး။  ချစ်သူရည်းစားမထားဘဲ တစ်ယောက်တည်း နေတတ်လာတယ်။ အဲ့ဒီလိုမျိုး နေတာကြာလာတော့ ဘဝကို ပိုပြီးအဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေရသလိုပါပဲ။ ကောင်းမွန်တဲ့အရာတွေကိုလည်း ကိုယ်တိုင် သင်ယူတတ်မြောက်လာခဲ့ရတယ်လေ။

၁။ တစ်ယောက်တည်းဖြစ်ရမှာ မကြောက်တော့ဘူး

107.jpg 

တိတ်ဆိတ်ခြင်းတွေက ကိုယ့်ကို ပျင်းရိသွားအောင် မလုပ်နိုင်တော့ဘူး။ တစ်ယောက်ယောက် အနားမှာရှိမနေလို့လည်း ကြေကွဲမနေတော့ဘူး။ အထီးကျန်တာကို ကောင်းကောင်းနားလည်ပြီးနောက် တစ်ယောက်တည်းနေရတာလည်း ပျော်သွားတယ်။ အထီးကျန်တာနဲ့ တစ်ကိုယ်တော်ရှင်သန်နိုင်တာရဲ့ မတူညီတဲ့ သဘောတရားကို နားလည်လာပါတယ်။ ရည်းစားမရှိလို့ သူငယ်ချင်းတွေက စနောက်လည်း ဘာမှထွေထူးပြီး ခံစားမနေတော့ဘူး။

၂။ အကူညီတောင်းဖို့ ခဲယဉ်းလာတယ်

တစ်ယောက်တည်းပဲနေတယ်၊ ကိုယ်တစ်ယောက်တည်း လုပ်နိုင်တယ်လို့ ယုံကြည်လာတယ်။ အဲ့တာကြောင့်မို့လို့လည်း တစ်ခုခုဆို သူများကို အားကိုးမနေတော့ဘူး။ မဖြစ်မနေ အချိန်မှာသာ အကူအညီတောင်းတာ၊ အတော်များများကိုတော့ တစ်ယောက်တည်း ရအောင်လုပ်တတ်လာပြီ။

၃။ စားသောက်ဆိုင်တွေမှာ တစ်ယောက်တည်းစားတယ်

IMG_20170802_115543.jpg 

ဟော့ပေါ့ဆိုတာ အဖွဲ့လိုက်စားမှ စားကောင်းတာမျိုးဆိုလည်း ကိုယ်ကတော့ တစ်ယောက်တည်းသွားစားလိုက်တာပဲ။ ဘယ်ဆိုင် ဘယ်လောက်ကောင်းကောင်း ကိုယ်စားချင်တာရှိရင် တစ်ယောက်တည်းသွားတယ်။ အဖော်ညှိမနေတော့ဘူး။

၄။ ပြဿနာတွေကို ကိုင်တွယ်တတ်လာတယ်

ကိုယ့်မှာ ပြဿနာတစ်ခုခု ဖြစ်လာပြီဆို တစ်ယောက်ယောက်ကို ဆွဲမသွင်းတော့ဘူး။ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းတယ်။ ကိုယ်ဟာ အရင်ကထက် ပိုပြီးတော်လာတယ် ကောင်းလာတယ်ဆိုတာကို သိတဲ့လူက တစ်ယောက်ပဲရှိတယ်ဆိုရင် အဲ့ဒီတစ်ယောက်က ကိုယ်ကိုယ်တိုင်ပါပဲ။

၅။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်လာတယ်

98.jpg 

အားနာပြီး လိုက်လျောတာမျိုးတွေ မလုပ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့အတွက် ကိုယ့်အတွက်ပဲ ဦးစားပေးတယ်။ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာက သူများကို ထိခိုက်စေတာမျိုးကိုခေါ်တာ။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတာကတော့ ဘယ်သူ့ကိုမှ မထိခိုက်စေဘူး၊ ကိုယ့်ကိုလည်း မထိခိုက်စေဘူး။ ဘယ်အရာက ကိုယ့်ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်မလဲ ဆိုတာကို သိလာတော့ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားတတ်လာပါတယ်။

Share

က္က