ကိုယ့်ချစ်သူကိုတော့ ယုံပါတယ်။ ကိုယ့်အပေါ် တကယ်လည်းချစ်ပြီး နောက်ကွယ်မှာ ခြေရှုပ်မယ့်လူမျိုးလည်း မဟုတ်ဘူးလေ။ ဒါပေမဲ့ တစ်ခါတစ်လေကျတော့လည်း ဘောင်တွေစည်းတွေကို ကျော်လွန်ပြီး အကဲစမ်းချင်ကြတဲ့ မိန်းကလေးတွေနဲ့ ကြုံရတတ်တယ်။ စနိုက်ကြော်ရန်က ကာကွယ်ဖို့အတွက် ကိုယ့်ဘက်က ဒါလေးတွေ လုပ်ထားရအောင်။
အွန်လိုင်းပေါ်မှာ သည်းသည်းလှုပ် ချစ်ပြနေရမယ်လို့ မဆိုလိုပါဘူး။ Relationship status ကိုတော့ ချိတ်ထားလိုက်ပါ။ နှစ်ယောက်တွဲပုံကို profile နဲ့ cover မှာ မထားချင်ဘူးဆိုလည်း သူနဲ့ကိုယ်က သိပ်ချစ်ကြတယ်ဆိုတာလောက်တော့ လူသိအောင် နည်းနည်းလောက် လုပ်ထားရမယ်။
နှစ်ယောက်အတူ ခရီးသွားမှ ပုံတွေတင်တာမျိုးလည်း မလုပ်နဲ့။ ပုံတင်မယ်ဆို ညနေဘက်ရုံးဆင်းချိန် တွေ့ဖြစ်တာမျိုးလည်း တင်ထားသင့်တယ်။ ကိုယ်တို့နှစ်ယောက်က အမြဲတမ်း အဆက်အသွယ်ရှိနေတယ်ဆိုတာ စနိုက်ကြော်ချင်သူလေးကို သိအောင်ပြထားရတာမျိုး။
ပွဲတွေသွားတဲ့အခါ သူ့ကိုပစ်ထားပြီး ကိုယ်က လျှောက်သွားတာမျိုးလည်း မဖြစ်သင့်ဘူး။ သူကလည်း ပျင်းနေရင် တခြားလူကို စကားပြောချင်ပြောနေမှာ။ သူစိမ်းတစ်ယောက်က ကိုယ်တွေချစ်သူနှစ်ယောက်ကြား ဝင်လာအောင် အခွင့်မပေးပါနဲ့။ အထူးသဖြင့်တော့ ကိုယ့်ချစ်သူကို အီစီကလီလုပ်နေသူမျိုးဆိုရင် ပိုသတိထား။
သူငယ်ချင်းတွေကြားထဲမှာ ကိုယ့်ချစ်သူရဲ့ပါးကို ရွှတ်ခနဲ နမ်းရဲလား။ ကိုယ်သူ့ကို အရမ်းချစ်တယ်ဆိုတာ ချစ်သူကလည်း သိသွားမယ်၊ တခြားလူကလည်း ရှေ့တိုးဖို့ နည်းနည်းရွံ့သွားမယ်။
ကိုယ့်ချစ်သူရဲ့ ဖုန်းထဲမှာ ကိုယ့်ပုံကို wall paper ထားခိုင်းပါ။ ကိုယ့်တစ်ယောက်တည်းပုံ မဟုတ်တောင် နှစ်ယောက်ပုံတော့ ထားထားပေါ့။ ဒါက နည်းနည်းတော့ ကလေးဆန်ရာ ရောက်ပေမဲ့ သူကလည်း တကယ်ချစ်ရင် ပြောင်းပေးမှာပဲ။ ဖုန်းမှာတောင် နှစ်ယောက်ပုံတင်ထားတာဆိုတော့ တော်ရုံနဲ့လည်း တခြားလူက မကပ်တော့ဘူး။
လျှို့ဝှက်ချက်တစ်ခုကို ပြောရရင်တော့ ချစ်သူရဲ့ အကျႌတစ်ထည်လောက် တောင်းထားပြီး ဝတ်ပါ။ ဝတ်တဲ့ပုံကိုလည်း ထုံးစံအတိုင်း အွန်လိုင်းပေါ်မှာ ရိုက်ပြီးတင်။ ကိုယ်နဲ့သူ့ကြားက ဆက်ဆံရေးက နက်ရှိုင်းတယ်ဆိုတာ သိအောင်ပြထားရတဲ့ သဘောပဲ။ နောက်တစ်ခုကတော့ ကိုယ့်ချစ်သူရဲ့အကျႌကို ဝတ်ထားရတဲ့အခါ ကိုယ့်စိတ်ကလည်း ကျေနပ်လုံခြုံမှုကို ရနေတာမျိုးနော်။
ဒါကတော့ နောက်ဆုံးအဆင့်ပါ။ အရမ်းကို ဖျတ်ဖျတ်လူး အသည်းအသန်တွေ ဝင်လုံးနေတဲ့ မိန်းကလေးကို ကြည့်ပစ်လိုက်ပါ။ သေသေချာချာ စိုက်ကြည့်ပြီး နင်ဘယ်ခြေလှမ်း လှမ်းနေတယ်ဆိုတာ ငါသိတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ပစ်လိုက်ပါ။
Share