အမြဲတမ်း နှုတ်ခမ်းတွေကခြောက်သွေ့ပြီး အဖတ်တွေကွာနေတယ်။ နှုတ်ခမ်းခြောက်တော့ လျှာနဲ့သပ်မိ၊ အဲ့လိုနဲ့ ပိုပိုပြီး ဆိုးလာတာမျိုးလေ။ နှုတ်ခမ်းပေါ်က ခြောက်နေတဲ့အဖတ်လေးကို ခွာလိုက်မိတာ သွေးတွေထွက်လာတာမျိုးကလည်း ခဏခဏပဲ ဆိုတဲ့ မဒီလေးတို့အတွက် ဒါလေးကို ရေးပေးလိုက်တယ်နော်။ နှုတ်ခမ်းသားတွေ ခြောက်သွေ့နေရင် ဘယ်လိုလုပ်ကြမလဲပေါ့။
သကြားအညိုဟာ အရေပြားပေါ်က ခြောက်သွေ့နေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ အကောင်းဆုံးအရာပါ။ သကြားညိုကို ပျားရည်လေးနဲ့ရောပြီး နှုတ်ခမ်းကို ဖွဖွလေးပွတ်ပေးပါ။ ၅ မိနစ်လောက် ပွတ်ပေးပြီးမှ ရေနွေးလေးနဲ့ ဆေးပေးလိုက်လို့ရတယ်။
နှုတ်ခမ်းပေါ်က ခြောက်ကပ်ပြီး လန်နေတဲ့ အဖတ်တွေ ရှိနေလို့ ပိုပိုပြီး ဆိုးနေရတာလေ။ သွားတိုက်တံလေးနဲ့ ရေချိုးတိုင်း နှုတ်ခမ်းလေးကို ခပ်ဖွဖွ ပွတ်တိုက်ပေးကြည့်ရင် အဖတ်တွေ မလန်တော့ဘူး။ ပြီးရင်တော့ နှုတ်ခမ်းလိမ်းတဲ့ အဆီတစ်မျိုးမျိုး လိမ်းထားလိုက်ရင် သိသာတယ်။
ပျားရည်နဲ့ သံလွင်ဆီကို ရောပြီးလိမ်းပေးရင်လည်း နှုတ်ခမ်းသားလေးတွေ အိပြီးစိုလာတယ်။ နှုတ်ခမ်းမခြောက်တော့ဘူး။ အိပ်ရာမဝင်ခင်မှာ ပျားရည် ထမင်းစားဇွန်း ၁ ဇွန်းကို သံလွင်ဆီ လက်ဖက်စားဇွန်း ၁ ဇွန်းနဲ့ ရောပြီး နှုတ်ခမ်းတွေပေါ်ကို ခပ်ထူထူလေး လိမ်းပေးပါ။ ဒီနှစ်မျိုးလုံးမှာ နှုတ်ခမ်းသားကို နူးညံ့စိုပြေစေနိုင်တဲ့ အာနိသင်တွေ ရှိတယ်လေ။
Source : She Finds